Tuesday, May 14, 2013

ဝက်ဘ်ဆိုက်မှတစ်ဆင့် မိုဘိုင်းဖုန်းသို့ တိုက်ရိုက်ငွေဖြည့်သွင်းနိုင်မည့် စနစ် ဆောင်ရွက်

ဝက်ဘ်ဆိုက်မှတစ်ဆင့် မိုဘိုင်းဖုန်းသို့တိုက်ရိုက်ငွေဖြည့်သွင်းနိုင်မည့် ဝန်ဆောင်မှုတစ်ခုကို စတင် လိုက်ကြောင်းသိရသည်။ www.topup.com.mm မှတစ်ဆင့် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး GSM, WCDMA, CDMA 800 MHz, CDMA 450 MHz မိုဘိုင်းဖုန်း Network များအား ငွေဖြည့်သွင်းနိုင်မည် ဖြစ်ကြောင်း
သိရသည်။ သို့သော်လည်း လက်ရှိချထားပေးခဲ့သော ၁၅၀၀ တန် MEC Tel CDMA 800 MHz Mobile Network ကိုမူရရှိဦးမည် မဟုတ်ကြောင်းသိရသည်။ အဆိုပါဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီး မိမိဖြည့်သွင်း လိုသော Top Up Card အမျိုးအစားကို ရွေးချယ်ရမည် ဖြစ်သည်။ ၄င်းနောက် ဖုန်းနံပါတ်ကို ဖြည့်ရ မည်ဖြစ်ပြီး သေချာမှုရှိစေရန် ဖုန်းနံပါတ်ကို ထပ်မံရိုက်ထည့် ပေးရမည်ဖြစ်သည်။ အဆိုပါ ဆောင်ရွက် ချက်များ ပြီးစီးပါက Top Up Now နေရာတွင် Click လုပ်ကာ ငွေဖြည့်သွင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။ မိုဘိုင်းဖုန်း ငွေဖြည့်ကတ်အမျိုးအစား ရွေးချယ်ပြီးနောက် ဖုန်းနံပါတ်ထည့်သွင်းရာတွင် Country Code +95 ထည့်သွင်းရန် မလိုအပ်ကြောင်း၊ ဖုန်းနံပါတ်များအကြားတွင် Space ထည့်ရေးရန်မလိုကြောင်း၊ 09 အပါအဝင် ဖုန်းနံပါတ်အားအပြည့်အစုံ ထည့်သွင်းပေးရန်လိုအပ်ကြောင်း သိရသည်။ Top Up Now ကို နှိပ်ပြီးနောက် ငွေပေးချေမှု ပြုလုပ်ရမည့် အဆင့်သို့ ရောက်ရှိသွားကာ မိမိရွေးချယ်သော ငွေဖြည့် ကတ် အမျိုးအစားနှင့် ဖုန်းနံပါတ်အား သေချာစွာထပ်မံစစ်ဆေးသင့်ကြောင်းသိရသည်။ ၄င်းနောက် Online Payment စနစ်အတွင်းသို့ ဝင်ရောက်၍ ငွေပေးချေမှု ပြုလုပ်နိုင်ရန် အဆင့်ဆင့် ဆောင်ရွက်ရ မည်ဖြစ်သည်။ ငွေပေးချေရန် စီစဉ်ပြီးပါက Pay Now ကိုနှိပ်၍ ငွေပေးချေခြင်းကို အတည်ပြုရမည် ဖြစ် သည်။ ၄င်းလုပ်ငန်းများ ပြီးစီးပါက မိမိ၏မိုဘိုင်းဖုန်းသို့ ဖြည့်သွင်းလိုက်သော ငွေပမာဏ ရောက်ရှိ လာမည် ဖြစ်သည်။ “သိပ်မကြာခင် MECTel CDMA Network ကို ရရှိအောင် ဆောင်ရွက်သွားမှာပါ။ သူ့ရဲ့ အားသာချက်က အွန်လိုင်းဝန်ဆောင်မှု ဖြစ်တဲ့အတွက် ၂၄ နာရီရရှိမှာ ဖြစ်တယ်” ဟု အဆိုပါ ဝန်ဆောင် မှုနှင့် ပတ်သက်၍ တာဝန်ရှိသူက ပြောသည်။ တစ်ခါတစ်ရံ မိုဘိုင်းဖုန်းလိုင်းများ လိုင်းကျပ် ၍သော် လည်းကောင်း၊ ဖုန်းဆက်သွယ်မှု ဧရိယာပြင်ပ ရောက်ရှိနေ၍သော် လည်းကောင်း၊ အကြောင်း အမျိုး မျိုးကြောင့် မိုဘိုင်းဖုန်းသို့ www.topup.com.mm မှ တိုက်ရိုက်ငွေဖြည့်သွင်း၍ မရခြင်း များ ဖြစ်ပေါ်နိုင်ကြောင်း၊ ၄င်းအခါမျိုးတွင် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော သို့မဟုတ် Email သို့ ရောက်ရှိလာသော Topup Card အချက်အလက်ကို ကိုယ်တိုင်အသုံးပြု ၍ ငွေဖြည့်သွင်း ရမည် ဖြစ်ကြောင်း သိရသည်။ ၄င်းဝန်ဆောင်မှု အသုံးပြုရန်အတွက် MyanPay Online ငွေပေးချေမှုစနစ် ရှိရမည်ဖြစ်ပြီး ၄င်းစနစ်မှတစ်ဆင့် ကျသင့်ငွေကို ပေးချေရမည်ဟု ၂၀၁၃ ခုနှစ် မေလ ၁၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
From...ခေတ်လူငယ်

No comments:

Post a Comment