Thursday, May 23, 2013

လူဦးရေစာရင်းကောက်ခံရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရန် နောက်ကွယ်ကကြိုးကိုင်ခံသူများဖြစ်သည့် ဘင်္ဂလီ ၇ အား ရုံးတင်စစ်ဆေး၊ တရားခံရှေ့နေ ဦးလှမျိုးမြင့် ကအမှုလိုက်ပေးလျက်ရှိ

Photo: လူဦးရေစာရင်းကောက်ခံရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရန် နောက်ကွယ်ကကြိုးကိုင်ခံသူများဖြစ်သည့် ဘင်္ဂလီ ၇ အား ရုံးတင်စစ်ဆေး၊ တရားခံရှေ့နေ ဦးလှမျိုးမြင့် ကအမှုလိုက်ပေးလျက်ရှိ

ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂလီများအား ပြည်ထောင်စုအဆင့်အနေဖြင့် ဆွဲ၊တင်၊စစ် လူဦးရေစာရင်းကောက်ယူရာ တွင်ရန်ရှာတိုက်ခိုက်မှုများဖြစ်အောင် နောက်ကွယ်က ကြိုးကိုင်ခဲ့သူများ ဖြစ်သည့်ဘင်္ဂလီ ၇ ဦးအား မေလ ၂၃ ရက် နေ့တွင်ရုံးတင်စစ်ဆေးခဲ့ရာ တရားခံဘက်မှ ဦးလှမျိုးမြင့်က အမှုလိုက်ပေးလျက်ရှိကြောင်းသိရသည်။

စာရင်းကောက်ခြင်းအား ငြင်းဆန်ခြင်း၊ ရန်ရှာတိုက်ခြင်းများ၊ ဟန်းဖုန်းအားလုယူခြင်းများကြောင့် ယခုအခါတွင် ၇ ဦး ကိုဖမ်းဆီးရရှိထားသော်လည်းကျန် တရားခံ ၂၄ ဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။

ဖမ်းဆီးရမိတရားခံများမှာ -
(၁) မာမောက်ဟာရှိန်း၊ အသက် ၂၅ နှစ်၊ (ဘ)ဟာဘီဟူးဆောင်း၊ သက္ကယ်ပြင်ကျေးရွာ
(၂) ရှောဘီရာမန်(ခ)ကျော်ခင်၊၄၀ နှစ်၊ (ဘ) ရော်ရှိတာမောက်၊ သက္ကယ်ပြင်ကျေးရွာ
(၃) ဆာလေအာမတ်(ခ)စံလင်း၊၅၃ နှစ်၊ (ဘ)ဇော်လာအာမတ်၊ သက္ကယ်ပြင်ကျေးရွာ
(၄) မာမောက်ချော်ဘီ(ခ)ကျော်မြင့်၊ ၅၈ နှစ်၊ (ဘ)ဆုလ်တန်အာမတ်၊ သက္ကယ်ပြင်ကျေးရွာ
(၅) အာလီအာမတ်(ခ)ကျော်သာ၊ ၆၁ နှစ်၊ (ဘ)အဒူဂေါ်ဖူးလ်၊ သက္ကယ်ပြင်ကျေးရွာ
(၆) ဆီဆု(ခ) လှမြင့်၊ ၂၈ နှစ်၊ (ဘ) ကျော်မြင့်၊ သက္ကယ်ပြင်ကျေးရွာ
(၇) မဆော်လေဇာ၊ ၃၅ နှစ်၊ (ဘ) နုရ်မာလာကိန်း၊ သက္ကယ်ပြင်ကျေးရွာ
တို့ဖြစ်ပြီး 

ရန်ကုန်မြို့မှ ရှေနေ ဦး လှမျိုးမြင့်က ယင်းအမှုအား လိုက်ပါဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ ဖမ်းဆီးရရှိထားသော တရားခံများအား စစ်တွေမြို့အမှတ်(၁)ရဲစခန်းမှ (ပ) ၉၉/၂၀၁၃ အရ ပြစ်မှုပုဒ်မ ၁၄၈/ ၃၃၂/၃၉၅/၅၀၆/၃၃၃/၁၁၄ တို့ဖြင့်တရားစွဲဆိုထားပြီး အမှုစစ်အဖြစ်မင်းဂံရဲစခန်းမှ ဒုရဲအုပ် အေးကျော်က အမှုစစ် အဖြစ်ဆောင်ရွက်ကာ တရားလိုမှာ လ၀ကဦးစီးမှူး ဦးရန်အောင်မြင့်ဖြစ်ကြောင်းလည်းသိရှိရပါသည်။

အဆိုပါတရားခံများကြောင့် စစ်သားတစ်ဦး သွားကျိုး၊မျက်နှာပြင်ပျက်စီးကာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး အရပ်သားတစ်ဦး ခေါင်းကွဲဒဏ်ရာရှိကာ စစ်ဆေးရေးအဖွဲ့များထွက်ပြေးလာခဲ့ရကြောင်းသိရသည်။ မေလ ၂၆ ရက် နေ့က စစ်ဆေးခဲ့ရာမှ နေပြီး ယနေ့တိုင် ယင်းသို့ စာရင်းကောက်ခံခြင်းကို အကန့်အသတ်မဲ့ရပ်နားထားရကြောင်း လည်းသိရသည်။

သောင်းကျန်းသူများအဖြစ် သတ်မှတ်ထားသော ကုလားများကို ရှေ့နေ ဦးလှမျိုးမြင့်က လိုက်ပေးခြင်းသည် ဘာ ကြောင့်လဲဆိုသည်ကိုသိရှိထားရန် လိုအပ်နေပြီဖြစ်သည်။ သူသည်ဗမာတစ်ဦးဖြစ်ပြီး ကုလားများလွတ်မြောက် ရေးအတွက်အစွမ်းကုန်ကြိုးစားလျက်ရှိကြောင်းသိရသည်။

Posted From RSV

No comments:

Post a Comment