Friday, May 10, 2013

အဆင့်မြင့်ပညာရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ကို အကူအညီတောင်း

Photo: အဆင့်မြင့်ပညာရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ကို အကူအညီတောင်း
Friday, May 10, 2013

ဗြိတိန်နိုင်ငံတွင် တက္ကသိုလ်ပညာရေး ဥပဒေကြမ်းနှင့် ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးအတွက် သွားရောက် လေ့လာနေသော မြန်မာကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ် နောက်ဆုံးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်တက္ကသိုလ်များကို မြန်မာ့ အဆင့်မြင့်ပညာရေး အတွက် အကူအညီ တောင်းခံခဲ့ကြောင်း ဗြိတိသျှ ကောင်စီက ထုတ်ပြန်ထားသည်။

ကိုးရက်တာ ခရီးစဉ်အပြီး မေလ ၉ ရက်နေ့တွင် လန်ဒန်တက္ကသိုလ်၌ စကော့တလန်နှင့် ဗြိတိန်နိုင်ငံတို့၏ ပညာရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့် မူဝါဒပိုင်း ဆိုင်ရာ ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းဗီဒီယိုဖိုင် ပေးပို့ပြီး ပြောကြားခဲ့ခြင်း ဖြစ်သည်။

"မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို လူအများကြီး ကျေကျေနပ်နပ်ကို လက်ခံတဲ့ နိုင်ငံတွေထဲက တစ်ခုအဖြစ် ပြန်မှတ်တမ်းတင်ဖို့ အကူအညီတွေ လိုပါတယ်" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ယင်းသို့ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံ အတွက်သာမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများ တွင် ပိုမိုကောင်းမွန်သော လူသားအဖွဲ့အစည်းများ ပေါ်ပေါက်လာရန် ဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

"တက္ကသိုလ်တွေရဲ့ အဆင့်အတန်းက ကျောင်းတက်ခဲ့လို့ နောက်ဆုံးရခဲ့တဲ့ ဘွဲ့ဓာတ်ပုံ တစ်ခုကလွဲရင် ကျန်တာ ဘာမှမရအောင် နိမ့်ကျနေတယ်" ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသည်။
"ကျောင်းသားဘဝတွေ အမြန်ဆုံး ဆောင်ရွက်ပေးပါ။ လူငယ်တွေတက္ကသိုလ် ဘဝနဲ့ ကင်းကွာနေတာ ဆယ်စုနှစ်ကာလ ထိအောင် ရှိနေပါတယ်။ သူတို့အတွက် အကောင်းဆုံး ပညာရေး အဆင့်အတန်း ကိုသာ ပေးချင်တယ်" ဟု ၄င်းက ဖြည့်စွက်ပြောဆိုသည်။

ပညာရေးစနစ် ပြုပြင်ရေးအတွက် လွတ်လပ်သော ပညာရေး အဖွဲ့အစည်းများ ဖြစ်ပေါ်ရန် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ပညာရေး စနစ်မြှင့်တင်ရန် ဖွံ့ဖြိုးရေးစီမံကိန်း ကာလများ ချမှတ်ရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ လေ့လာရေးအဖွဲ့ကို တိုက်တွန်းထားသည်။

မြန်မာနိုင်ငံမှ သွားရောက်သော ဗြိတိန်ခရီးစဉ်တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်ကျော်မြတ်တို့ ပါဝင်သည်။

The Voice Weekly
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
ဗြိတိန်နိုင်ငံတွင် တက္ကသိုလ်ပညာရေး ဥပဒေကြမ်းနှင့် ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးအတွက် သွားရောက် လေ့လာနေသော မြန်မာကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ် နောက်ဆုံးနေ့ တွင် ဒေါ်အောင်ဆန်း စုကြည်က ဗြိတိန်တက္ကသိုလ်များကို မြန်မာ့ အဆင့်မြင့်ပညာရေး အတွက် အကူအညီ တောင်းခံခဲ့ကြောင်း ဗြိတိသျှ ကောင်စီကထုတ်ပြန်ထားသည်။

ကိုးရက်တာ ခရီးစဉ်အပြီး မေလ ၉ ရက်နေ့တွင် လန်ဒန်တက္ကသိုလ်၌ စကော့တလန်နှင့် ဗြိတိန်နိုင်ငံတို့၏ ပညာရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့် မူဝါဒပိုင်း ဆိုင်ရာ ဆွေးနွေးပွဲ သို့ ဒေါ်အောင်ဆန်း စုကြည်၏ မိန့်ခွန်းဗီဒီယိုဖိုင် ပေးပို့ပြီး ပြောကြားခဲ့ခြင်း ဖြစ်သည်။

"မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို လူအများကြီး ကျေကျေနပ်နပ်ကို လက်ခံတဲ့ နိုင်ငံတွေထဲက တစ်ခု အဖြစ် ပြန်မှတ်တမ်းတင်ဖို့ အကူအညီတွေလိုပါတယ်" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ယင်းသို့ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံ အတွက်သာမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံများ တွင် ပိုမိုကောင်းမွန်သော လူသားအဖွဲ့အစည်းများ ပေါ်ပေါက်လာရန် ဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြော ကြားသည်။

"တက္ကသိုလ်တွေရဲ့ အဆင့်အတန်းက ကျောင်းတက်ခဲ့လို့ နောက်ဆုံးရခဲ့တဲ့ ဘွဲ့ဓာတ်ပုံတစ်ခုကလွဲရင် ကျန်တာဘာမှမရအောင် နိမ့်ကျနေတယ်" ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသည်။
"ကျောင်းသားဘဝတွေ အမြန်ဆုံး ဆောင်ရွက်ပေးပါ။ လူငယ်တွေတက္ကသိုလ် ဘဝနဲ့ ကင်းကွာနေတာ ဆယ်စုနှစ်ကာလထိအောင် ရှိနေပါတယ်။ သူတို့အတွက် အကောင်းဆုံးပညာရေး အဆင့်အတန်း ကိုသာ ပေးချင်တယ်" ဟု ၄င်းက ဖြည့်စွက်ပြောဆိုသည်။

ပညာရေးစနစ် ပြုပြင်ရေးအတွက် လွတ်လပ်သော ပညာရေးအဖွဲ့အစည်းများ ဖြစ်ပေါ်ရန် ပြုလုပ် ရမည်ဖြစ်ကြောင်း၊ ပညာရေးစနစ်မြှင့်တင်ရန် ဖွံ့ဖြိုးရေးစီမံကိန်းကာလများ ချမှတ်ရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ လေ့လာရေးအဖွဲ့ကို တိုက်တွန်းထားသည်။

မြန်မာနိုင်ငံမှ သွားရောက်သော ဗြိတိန်ခရီးစဉ်တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်ကျော်မြတ်တို့ ပါဝင်သည်။

The Voice Weekly

No comments:

Post a Comment