Wednesday, May 15, 2013

မဟာစင်မုန်တိုင်းနှင့်ပတ်သက်သည့် ဦးထွန်းလွင်၏ ခန့်မှန်းချက် (မေ ၁၅ ရက်နေ ၅ နာရီ ၃၀ မိနစ်)

မဟာစင်မုန်တိုင်းနှင့်ပတ်သက်သည့် ဦးထွန်းလွင်၏ ခန့်မှန်းချက် (မေ ၁၅ ရက်နေ ၅ နာရီ ၃၀ မိနစ်)

မေ- ၁၅ ရက် ညနေပိုင်းမှာ TC 01B Mahasen ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်စဉ် လေတိုက်းနှုန်း ပမာဏ မူလခန့်မှန်းထားသည်ထက် လျော့နည်းနိုင်တာကို တွေ့လာရပါတယ်။

မေ ၁၆ ရက်၊  ညနေပိုင်း Mahasen Cyclonic Storm ဟာ မေ ၁၅ ရက် ၁၂း၃၀ နာရီမှာ လေတိုက်နှုန်း တစ်နာရီ (၉၅)မိုင်နှုန်းလောက်တိုက်မယ်လို့ ခန့်မှန်းခဲ့ပေမယ့် ဒီကနေ့  နေ့လည်ပိုင်းမှာ တစ်နာရီ (၅၅) မိုင်နှုန်းလောက်သာတိုက်ခတ်နေခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနီးမှ ဖြတ်ကျော်ကာဝင်ရောက်တဲ့အချိန် လေတိုက်နှုန်းကို 70 knots (85 mph) လောက်ရှိမယ်လို့ခန့်မှန်းထားခဲ့ပေမယ့် မေ ၁၅ ရက်၊  ညနေ(၃း၃၀) နာရီ အချိန် ခန့်မှန်းချက်ကတော့ မုန်တိုင်းဝင်ရောက်စဉ်မှာ လေတိုက်နှုန်း 55 knots (60 mph) ခန့်သာ ရှိနိုင်လိမ့်မယ်လို့ခန့်မှန်းရပါတယ်။

ဒါဟာ..Mahasen ဆိုင်ကလုန်းမုန်တိုင်းဟာ မှန်းထားသလောက် အားမပြင်းနိုင်ဘူးဆိုတဲ့ သဘောကို မေ ၁၅ ရက် တွက်ချက်မှုများအရ တွေ့ရှိရခြင်းပါဘဲ။ ဒေသခံများနဲ့  ကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ်ရေးဆောင်ရွက်နေကြတဲ့ သူတွေအားလုံးအတွက် စိတ်သက်သာရာရစရာ သတင်းကောင်းပါဘဲ။

ဒါပေမယ့် တစ်နာရီ (60 mph) ဆိုတဲ့ လေတိုက်နှုန်း ပမာဏဟာလည်း ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၁၂)ပေခန့်လောက်အထိနဲ့ လှိုင်းကြီးမှုကို ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး..ဒါဟာ လက်ရှိအနေအထား (မေ ၁၅ ရက် ညနေ ၃း၃၀ နာရီအချိန်) သာဖြစ်ပါတယ်။ မုန်တိုင်းတစ်ခုရဲ့အနေအထားဟာ အချိန်နဲ့အမျှ အပြောင်းအလဲတွေရှိနိုင်တာကြောင့် ဒီနောက်ပိုင်းအချိန်တွေမှာ ဖြစ်လာနိုင်တာတွေကိုတော့ အချိန်နဲ့တပြေးညီ ဆက်လက်ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

မုန်တိုင်းဟာ မနက်ဖန် မေ ၁၆ ရက် နေ့လည်ပိုင်းလောက်ကစပြီး မုန်တိုင်းရဲ့ ရှေ့အဖျား (advancing edge or bar) ဟာ အရင်ဆုံးစဖြတ်ပါ့မယ်။ ဖြတ်ကျော်စဉ်မှာ လေတိုက်နှုန်းဟာ တစ်နာရီ မိုင်(၄၀)လောက်နဲ့ စပါမယ်။ အဲဒီအချိန်မှာ မုန်တိုင်းရဲ့ဗဟိုချက်ဟာ ပင်လယ်ပြင်ထဲမှာ ကမ်းက မိုင်(၉၀)အကွာမှာဘဲ ရှိနေပါဦးမယ်။ ညနေပိုင်းလောက်မှာတော့ ဗဟိုချက်က ဖြတ်ပါလိမ့်မယ်။ အဲဒီအချိန်မျာတော့ လေဟာအပြင်းဆုံးဖြစ်လာပြီး တစ်နာရီ မိုင်(၆၀)နှုန်းလောက် တိုက်နိုင်တယ်လို့ တွက်ချက်ရရှိထားပါတယ်။

မနက်ဖန်ညနေဆိုရင်..ဒီပွဲ အဖြေပေါ်ပါပြီ။

ဒေါက်တာထွန်းလွင် (MCCW)

မေ- ၁၅ ရက် ညနေပိုင်းမှာ TC 01B Mahasen ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ဖြတ်ကျော် စဉ် လေတိုက်းနှုန်း ပမာဏ မူလခန့်မှန်းထား သည်ထက် လျော့နည်းနိုင်တာကို တွေ့လာရပါတယ်။
မေ ၁၆ ရက်၊ ညနေပိုင်း Mahasen Cyclonic Storm ဟာ မေ ၁၅ ရက် ၁၂း၃၀ နာရီမှာ လေတိုက်နှုန်း တစ်နာရီ (၉၅)မိုင်နှုန်းလောက်တိုက်မယ်လို့ ခန့်မှန်းခဲ့ပေမယ့် ဒီကနေ့ နေ့လည်ပိုင်းမှာ တစ်နာရီ (၅၅) မိုင်နှုန်းလောက်သာတိုက်ခတ်နေခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနီးမှ ဖြတ်ကျော်ကာဝင်ရောက်တဲ့အချိန် လေတိုက်နှုန်းကို 70 knots (85 mph) လောက် ရှိမယ်လို့ခန့်မှန်းထားခဲ့ပေမယ့် မေ ၁၅ ရက်၊ ညနေ(၃း၃၀) နာရီ အချိန် ခန့်မှန်းချက်ကတော့ မုန်တိုင်း ၀င်ရောက်စဉ်မှာ လေတိုက်နှုန်း 55 knots (60 mph) ခန့်သာ ရှိနိုင်လိမ့်မယ်လို့ခန့်မှန်းရပါတယ်။


ဒါဟာ..Mahasen ဆိုင်ကလုန်းမုန်တိုင်းဟာ မှန်းထားသလောက် အားမပြင်းနိုင်ဘူးဆိုတဲ့ သဘောကို မေ ၁၅ ရက် တွက်ချက်မှုများအရ တွေ့ရှိရခြင်းပါဘဲ။ ဒေသခံများနဲ့ ကြိုတင်ကာကွယ်ရေး၊ ကယ် ဆယ်ရေးဆောင်ရွက်နေကြတဲ့ သူတွေအားလုံးအတွက် စိတ်သက်သာရာရစရာ သတင်းကောင်း ပါဘဲ။


ဒါပေမယ့် တစ်နာရီ (60 mph) ဆိုတဲ့ လေတိုက်နှုန်း ပမာဏဟာလည်း ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၁၂)ပေခန့်လောက်အထိနဲ့ လှိုင်းကြီးမှုကို ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး..ဒါဟာ လက်ရှိအနေအထား (မေ ၁၅ ရက် ညနေ ၃း၃၀ နာရီအချိန်) သာဖြစ်ပါတယ်။ မုန်တိုင်းတစ်ခုရဲ့အနေအထားဟာ အချိန်နဲ့အမျှ အပြောင်းအလဲတွေရှိနိုင်တာကြောင့် ဒီနောက်ပိုင်းအချိန်တွေမှာ ဖြစ်လာနိုင်တာတွေကိုတော့ အချိန်နဲ့ တပြေးညီ ဆက်လက်ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။


မုန်တိုင်းဟာ မနက်ဖန် မေ ၁၆ ရက် နေ့လည်ပိုင်းလောက်ကစပြီး မုန်တိုင်းရဲ့ ရှေ့အဖျား (advancing edge or bar) ဟာ အရင်ဆုံးစဖြတ်ပါ့မယ်။ ဖြတ်ကျော်စဉ်မှာ လေတိုက်နှုန်းဟာ တစ်နာရီ မိုင် (၄၀)လောက်နဲ့ စပါမယ်။ အဲဒီအချိန်မှာ မုန်တိုင်းရဲ့ဗဟိုချက်ဟာ ပင်လယ်ပြင်ထဲမှာ ကမ်းက မိုင်(၉၀)အကွာမှာဘဲ ရှိနေပါဦးမယ်။ ညနေပိုင်းလောက်မှာတော့ ဗဟိုချက်က ဖြတ်ပါလိမ့်မယ်။ အဲဒီ အချိန်မျာတော့ လေဟာအပြင်းဆုံးဖြစ်လာပြီး တစ်နာရီ မိုင်(၆၀)နှုန်းလောက် တိုက်နိုင်တယ်လို့ တွက်ချက်ရရှိထားပါတယ်။

မနက်ဖန်ညနေဆိုရင်..ဒီပွဲ အဖြေပေါ်ပါပြီ။

ဒေါက်တာထွန်းလွင် (MCCW)

No comments:

Post a Comment