Thursday, May 2, 2013

ပြန်ကြားရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဠ် ၏ သတင်းထုတ်ပြန်ချက်

ယနေ့ ညနေ ခြောက်နာရီလေးဆယ့်ငါးမိနစ်ခန့်မှာ မန္တလေးမြို့ ၃၅ လမ်း၊ ၇၄/ ရ၅ လမ်းကြားမှာ ရှိတဲ့ အစ္စလမ်ဘာသာဝင်အိမ်များရှေ့မှာ ဆိုင်ကယ်သုံးစီးဖြတ်မောင်းပြီး ဘုန်းကြီးတွေ မီးရှို့ဖို့ လာနေပြီ၊ ထွက်ကြ လို့ အော်ဟစ်သွားတဲ့အတွက် ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ပါတယ်။
၎င်းနေရာကို လုံခြုံရေးတပ်ဖွဲ့များချက်ခြင်းသွားရောက်ပြီး သတင်းမှန်ကန်မှုမရှိတဲ့အကြောင်း၊ လုံခြုံ စိတ်ချရမှုရှိကြောင်းရှင်းလင်းပြောကြားခဲ့တဲ့အတွက် အေးအေးဆေးဆေးဖြစ်သွားခဲ့ကြောင်း သိရပါတယ် ။  အဲဒီလို ထိတ်လန့်အောင်လှုံ့ဆော်သွားသူများကိုဖမ်းဆီးနိုင်ဖို့ စုံစမ်းစစ်ဆေးနေပါတယ်။

ဖားကန့်မှာလည်း ရေမဆေးကျောက်ရှာသူအချို့က ဆိုင်ကယ်များပေါ်ကနေ ဈေးဆိုင်အချို့ကို ခဲနဲ့ ပစ်ပေါက်တိုက်ခိုက်ခဲ့တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့များက လိုက်လံဖမ်းဆီးခဲ့ရာမှာ နှစ်ဦး ဖမ်းဆီး ရမိခဲ့ပါ တယ်။

မိမိတို့ရပ်ကွက်များအတွင်း ပြည်သူလူထုထိတ်လန့်အောင် လှုံ့ဆော်သူများ၊ လုယက်ဖျက်ဆီးသူ များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းတားဆီးဖော်ထုတ်ကြဖို့၊ ကောလာဟလများ၊ သတင်းမှားများကို ယုံကြည်ပြီး တုန့်ပြန်ဆောင်ရွက်ခြင်းမပြုဖို့လိုအပ်ပါတယ်။

From : Ye Htut Facebook

No comments:

Post a Comment