Tuesday, May 14, 2013

ဆိုင်ကလုန်းမုန်တိုင်း မဟာစင် ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကမ်းခြေများသို့ မေ ၁၆ ရက် ညပိုင်းတွင် ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထား

ဆိုင်ကလုန်းမုန်တိုင်း မဟာစင် ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကမ်းခြေများသို့ မေ ၁၆ ရက် ညပိုင်းတွင် ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထား

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် ရခိုင်ကမ်းရိုးတန်း ဒေသနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကမ်းခြေ ဒေသများကို မေ ၁၆ ရက် ညပိုင်းတွင် ဖြတ်ကျော်ဝင်ရောက် နိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မေ ၁၃ ရက် ညပိုင်းက ထုတ်ပြန်ခဲ့သည်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ၎င်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း၏ အနောက်တောင်ဘက် မိုင် ၄၃၀ ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၅၆၀ ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၆၀၀ ခန့်၊ အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက် မိုင် ၃၆၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကာ ဆိုင်ကလုန်း၏ ဗဟိုချက်အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၆၀ အထိ ရှိနိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မေ ၁၃ ရက် ညပိုင်းက ထုတ်ပြန်သည်။

အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် မေ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ပိုမိုအားကောင်း လာနိုင်သည်ဟုလည်း နိုင်ငံတကာ မိုးလေ၀သနှင့် ရာသီဥတု၊ သဘာဝဘေးဆိုင်ရာ ခန့်မှန်းရေးဆိုင်ရာ ၀က်ဘ်ဆိုက်များက ဖော်ပြပြီး အဓိက သက်ရောက်ရာ ဒေသတွင် မြန်မာနိုင်ငံမှ ချင်းပြည်နယ် ပါဝင်သည်ဟုလည်း ခန့်မှန်းမှုများ ပေါ်ထွက်လာသည်။

ကမ္ဘာတစ်ဝန်း သဘာဝဘေးနှင့် ခန့်မှန်းချက်ဆိုင်ရာများ ထုတ်ပြန်ပေးနေသည့် Global Disaster Alert and Coordination System ၀က်ဘ်ဆိုက်တွင် မေ ၁၂ ရက်ညပိုင်းနှင့် မေ ၁၃ ရက် နံနက်ပိုင်းအထိ အဓိက သက်ရောက်နိုင်ခြေရှိသော ဒေသများကို ဖော်ပြမှုတွင် မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း၊ အိန္ဒိယနိုင်ငံမှ မီဇိုရမ်၊ မဏိပူရ်တို့ ပါဝင်နေသော်လည်း မေ ၁၃ ရက် ညပိုင်းဖော်ပြမှုတွင်မူ မြန်မာနိုင်ငံမှ ချင်းပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တကောင်း၊ အိန္ဒိယနိုင်ငံမှ မီဇိုရမ်နိုင်ငံတို့ကိုသာ ထုတ်ပြန်ဖော်ပြထားသည်။

မဟာစင်သည် အမြင့်ဆုံး လေတိုက်နှုန်း ၈၁ မိုင် ၀န်းကျင်ရှိ category 1 အဆင့်ဖြင့် ကမ်းရိုးတန်းသို့ ၀င်ရောက်ပါက သက်ရောက်နိုင်သော လူဦးရေမှာ ၆ ဒသမ ၇ သန်း ဖြစ်သည်ဟု ဆိုထားသည်။ ဆိုင်ကလုန်း၏ ပြင်းအားပေါ်မူတည်ကာ လူဦးရေ ၆ ဒသမ ၇ သန်းခန့် ထိခိုက်နိုင်သည်ဟု ဆိုရာ၌ လူဦးရေ ၁ ဒသမ ၅ သန်းခန့်မှာ ကမ်းရိုးတန်းဒေသ နေသူများဖြစ်သည့်အတွက် မုန်တိုင်းဒီရေဒဏ်ကို သက်ရောက်ခံစားရနိုင်သည်ဟုလည်း ခန့်မှန်းထားသည်။

ဆိုင်ကလုန်း မဟာစင်၏ ဦးတည်ရာ လမ်းကြောင်း ခန့်မှန်းမှုသည် စတင်ဖြစ်ပေါ်သည့်ရက်မှ ရက်အလိုက် ပြောင်းလဲမှု ရှိလာခဲ့ပြီး မေ ၁၂ ရက်တွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယဟု ဖော်ပြလာခဲ့သည်။

မြန်မာနိုင်ငံတွင်းမှ အဓိက သက်ရောက်မှု ကြုံတွေ့ရမည့် ဒေသများသည် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့ဖြစ်ပြီး သက်ရောက်မှုအချို့ ကြုံတွေ့ရမည့် ဒေသများတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး စသည်တို့ ပါဝင်နေသည်ဟု accuweather.com ခန့်မှန်းချက်တွင် ဆိုထားပါသည်။

ယင်းဆိုင်ကလုန်း မုန်တိုင်းသည် မေ ၁၅ ရက်၌ category 1 အဆင့်ဖြင့် ကမ်းခြေသို့ ချဉ်းကပ်လာမည် ဖြစ်သည်ဟု wunder gournd. com တွင် ထုတ်ပြန်ထားသည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် ရခိုင် ကမ်းရိုး တန်းဒေသနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကမ်းခြေ ဒေသများကို မေ ၁၆ ရက် ညပိုင်း တွင် ဖြတ်ကျော် ၀င်ရောက် နိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မေ ၁၃ ရက် ညပိုင်းက ထုတ်ပြန်ခဲ့သည်။
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ၎င်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း ၏ အနောက်တောင်ဘက် မိုင် ၄၃၀ ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၅၆၀ ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၆၀၀ ခန့်၊ အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက် မိုင် ၃၆၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကာ ဆိုင်ကလုန်း၏ ဗဟိုချက် အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၆၀ အထိ ရှိနိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မေ ၁၃ ရက် ညပိုင်းက ထုတ်ပြန်သည်။

အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် မေ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ပိုမိုအားကောင်း လာနိုင်သည် ဟုလည်း နိုင်ငံတကာ မိုးလေ၀သနှင့် ရာသီဥတု၊ သဘာဝဘေးဆိုင်ရာ ခန့်မှန်းရေးဆိုင်ရာ ၀က်ဘ်ဆိုက် များက ဖော်ပြပြီး အဓိက သက်ရောက်ရာ ဒေသတွင် မြန်မာနိုင်ငံမှ ချင်းပြည်နယ် ပါဝင်သည်ဟုလည်း ခန့်မှန်းမှုများ ပေါ်ထွက်လာသည်။

ကမ္ဘာတစ်ဝန်း သဘာဝဘေးနှင့် ခန့်မှန်းချက်ဆိုင်ရာများ ထုတ်ပြန်ပေးနေသည့် Global Disaster Alert and Coordination System ၀က်ဘ်ဆိုက်တွင် မေ ၁၂ ရက်ညပိုင်းနှင့် မေ ၁၃ ရက် နံနက်ပိုင်းအထိ အဓိက သက်ရောက်နိုင်ခြေရှိသော ဒေသများကို ဖော်ပြမှုတွင် မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း၊ အိန္ဒိယနိုင်ငံမှ မီဇိုရမ်၊ မဏိပူရ်တို့ ပါဝင်နေသော်လည်း မေ ၁၃ ရက် ညပိုင်းဖော်ပြမှုတွင်မူ မြန်မာနိုင်ငံမှ ချင်းပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တကောင်း၊ အိန္ဒိယနိုင်ငံမှ မီဇိုရမ်နိုင်ငံတို့ကိုသာ ထုတ်ပြန်ဖော်ပြထားသည်။

မဟာစင်သည် အမြင့်ဆုံး လေတိုက်နှုန်း ၈၁ မိုင် ၀န်းကျင်ရှိ category 1 အဆင့်ဖြင့် ကမ်းရိုးတန်းသို့ ၀င်ရောက်ပါက သက်ရောက်နိုင်သော လူဦးရေမှာ ၆ ဒသမ ၇ သန်း ဖြစ်သည်ဟု ဆိုထားသည်။ ဆိုင်ကလုန်း၏ ပြင်းအားပေါ်မူတည်ကာ လူဦးရေ ၆ ဒသမ ၇ သန်းခန့် ထိခိုက်နိုင်သည်ဟု ဆိုရာ၌ လူဦးရေ ၁ ဒသမ ၅ သန်းခန့်မှာ ကမ်းရိုးတန်းဒေသ နေသူများဖြစ်သည့်အတွက် မုန်တိုင်းဒီရေဒဏ်ကို သက်ရောက်ခံစားရနိုင်သည်ဟုလည်း ခန့်မှန်းထားသည်။

ဆိုင်ကလုန်း မဟာစင်၏ ဦးတည်ရာ လမ်းကြောင်း ခန့်မှန်းမှုသည် စတင်ဖြစ်ပေါ်သည့်ရက်မှ ရက် အလိုက် ပြောင်းလဲမှု ရှိလာခဲ့ပြီး မေ ၁၂ ရက်တွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယဟု ဖော်ပြလာခဲ့သည်။

မြန်မာနိုင်ငံတွင်းမှ အဓိက သက်ရောက်မှု ကြုံတွေ့ရမည့် ဒေသများသည် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် တို့ဖြစ်ပြီး သက်ရောက်မှုအချို့ ကြုံတွေ့ရမည့် ဒေသများတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး စသည်တို့ ပါဝင်နေသည်ဟု accuweather.com ခန့်မှန်းချက်တွင် ဆိုထားပါသည်။

ယင်းဆိုင်ကလုန်း မုန်တိုင်းသည် မေ ၁၅ ရက်၌ category 1 အဆင့်ဖြင့် ကမ်းခြေသို့ ချဉ်းကပ်လာ မည် ဖြစ်သည်ဟု wunder gournd. com တွင် ထုတ်ပြန်ထားသည်။
From...Eleven

No comments:

Post a Comment