Sunday, May 19, 2013

တရုတ် လေကြောင်းလိုင်းများတွင် ဗုံးလန့်မှုများ ဖြစ်ပေါ်ခဲ့

Photo: တရုတ် လေကြောင်းလိုင်းများတွင် ဗုံးလန့်မှုများ ဖြစ်ပေါ်ခဲ့
Sunday, May 19, 2013

တရုတ်နိုင်ငံတွင်းရှိ လေကြောင်းလိုင်း ၃လိုင်းမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဗုံးလန့်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဗုံးလန့်မှုဖြစ်ပွားခဲ့တဲ့
လေကြောင်းလိုင်းတွေကတော့ China Eastern လေကြောင်းလိုင်း၊ Juneyao လေကြောင်းလိုင်းနဲ့ Shenzhen လေကြောင်းလိုင်း တို့ဖြစ်ပါ
တယ်။ ဗုံးလန့်မှုဖြစ်ပွားခဲ့တဲ့ Juneyao လေကြောင်းလိုင်းမှ လေယာဉ်
တစ်စင်းဟာ ရှန်ဟိုင်းမြို့မှ ထွက်ခွာပျံသန်းလာစဉ် ဗုံးလှန့်ခြိမ်းခြောက်တဲ့ ဖုန်းခေါ်ဆိုမှု တစ်ခုကိုလက်ခံခဲ့ရတဲ့အတွက် လေယာဉ်ကို လေဆိပ်သို့
ပြန်လည် ဆင်းသက်စေကာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

သက်ဆိုင်ရာက လေယာဉ်ကို ရှာဖွေစစ်ဆေးခဲ့ပေမယ့်လည်း အသက်
အန္တရာယ် ဖြစ်စေနိုင်တဲ့ အရာကို ရှာဖွေမတွေ့ရှိခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။ အဲဒီနောက် လေဆိပ် အာဏာပိုင်တွေက ခရီးသည်တွေနဲ့ ခရီးဆောင်အိတ်တွေကို ရှာဖွေစစ်ဆေးခဲ့ပြီးနောက် ခရီးသည်တွေကို အခြားလေယာဉ်တစ်စင်းနဲ့ အစားထိုးပျံသန်း ပြေးဆွဲပေးခဲ့ပါတယ်။ အလားတူပဲ China Eastern လေကြောင်းလိုင်းမှ လေယာဉ်တွေနဲ့ Shenzhen လေကြောင်းလိုင်းမှ လေယာဉ်တွေလည်း ဗုံးလှန့်ခြိမ်းခြောက်
မှုတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်တွေကို စစ်ဆေးရာမှာ ပုံမှန်မဟုတ်တဲ့ အနေအထားမျိုးကို မတွေ့ရှိရတဲ့အတွက် ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ တရုတ်လေကြောင်းဆိုင်ရာ ဥပဒေအရ လေယာဉ်ပျံသန်းမှုကို ထိခိုက်စေတဲ့ အခုလို လုပ်ကြံသတင်းဖြန်
့မှုအတွက် အနည်းဆုံး ထောင်ဒဏ် ၅နှစ်မှ အများဆုံး ထောင်ဒဏ် ၁၅နှစ်အထိ ပြစ်မှုအနည်းအများပေါ် မူတည်ပြီး အပြစ်ပေး နိုင်ပါတယ်။ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကလည်း လေယာဉ်ပျံသန်းစဉ် ဗုံးလှန့်မှု ၁၀ကြိမ်ထက် မနည်း ဖြစ်ပေါ်ခဲ့တဲ့အတွက် လေကြောင်းလိုင်းနဲ့ လေဆိပ်တွေ
အတွက် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

Mrtv-4
တရုတ်နိုင်ငံတွင်းရှိ လေကြောင်းလိုင်း ၃လိုင်းမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဗုံးလန့်မှုတွေ ဆက်တိုက်ဖြစ်ပွား ခဲ့တယ်လို့သိရပါတယ်။ ဗုံးလန့်မှုဖြစ်ပွားခဲ့တဲ့ လေကြောင်းလိုင်းတွေကတော့ China
Eastern လေကြောင်း လိုင်း၊ Juneyao လေကြောင်းလိုင်းနဲ့ Shenzhen လေကြောင်းလိုင်း တို့ဖြစ် ပါတယ်။ ဗုံးလန့်မှုဖြစ်ပွားခဲ့တဲ့ Juneyao လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းဟာ ရှန်ဟိုင်းမြို့မှ ထွက်ခွာပျံသန်းလာစဉ် ဗုံးလှန့်ခြိမ်းခြောက်တဲ့ ဖုန်းခေါ်ဆိုမှု တစ်ခုကိုလက်ခံခဲ့ရတဲ့ အတွက် လေယာဉ် ကို လေဆိပ်သို့ ပြန်လည် ဆင်းသက်စေကာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

သက်ဆိုင်ရာက လေယာဉ်ကို ရှာဖွေစစ်ဆေးခဲ့ပေမယ့်လည်း အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ အရာကို ရှာဖွေမတွေ့ရှိခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။ အဲဒီနောက် လေဆိပ် အာဏာပိုင်တွေက ခရီးသည်တွေနဲ့ ခရီးဆောင်အိတ်တွေကို ရှာဖွေစစ်ဆေးခဲ့ပြီးနောက် ခရီးသည်တွေကို အခြားလေယာဉ်တစ်စင်းနဲ့ အစားထိုးပျံသန်း ပြေးဆွဲပေးခဲ့ပါတယ်။ အလားတူပဲ China Eastern လေကြောင်းလိုင်း မှ လေယာဉ်တွေနဲ့ Shenzhen လေကြောင်းလိုင်းမှ လေယာဉ်တွေလည်း ဗုံးလှန့်ခြိမ်းခြောက် မှုတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်တွေကို စစ်ဆေးရာမှာ ပုံမှန်မဟုတ်တဲ့ အနေအထားမျိုးကို မတွေ့ရှိရတဲ့အတွက် ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ တရုတ်လေကြောင်း ဆိုင်ရာ ဥပဒေအရ လေယာဉ်ပျံသန်းမှုကို ထိခိုက်စေတဲ့ အခုလို လုပ်ကြံသတင်းဖြန့်မှုအတွက် အနည်းဆုံး ထောင်ဒဏ် ၅နှစ်မှ အများဆုံး ထောင်ဒဏ် ၁၅နှစ်အထိ ပြစ်မှုအနည်းအများပေါ် မူတည်ပြီး အပြစ်ပေး နိုင်ပါတယ်။ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကလည်း လေယာဉ်ပျံသန်းစဉ် ဗုံးလှန့်မှု ၁၀ကြိမ်ထက် မနည်း ဖြစ်ပေါ်ခဲ့တဲ့အတွက် လေကြောင်းလိုင်းနဲ့ လေဆိပ်တွေအတွက် ဆုံးရှုံးနစ်နာ မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

Mrtv-4

No comments:

Post a Comment