ယခုရာသီတွင် မန်ယူအတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၂၆ဂိုး
သွင်းယူပေးနိုင်ခဲ့သော တိုက်စစ်မှူး ဗန်ပါစီ မှာ ၀က်စ်ဘရွန်းနှင့်
ပွဲစဉ်အပြီးတွင် ပရီးမီးယားလိဂ် ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရွှေဖိနပ်ဆု
ရရှိ သွားခဲ့ သည်။ ဗန်ပါစီမှာ ယမန်နှစ်
ရာသီကလည်း အာဆင်နယ်နှင့်အတူ ပရီးမီးယားလိဂ်
ဂိုးသွင်း ဘုရင်ဖြစ် ခဲ့ပြီးနှစ်နှစ်ဆက် ရွှေဖိနပ်ဆုရရှိခဲခြင်းဖြစ်သည်။
ဖူလ်ဟမ်ကို ၃-၂ဂိုးဖြင့် အနိုင်ရခဲ့သောပွဲတွင် မန်ယူကစားသမားဘ၀ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့သည့် ဗန်ပါစီ မှာ ဟက်ထရစ် နှစ်ကြိမ်ရရှိခဲ့ပြီးခေါင်းတိုက်ဂိုး ၁ဂိုး၊ ညာခြေဖြင့် ၈ဂိုး၊ ဘယ်ခြေဖြင့် ၁၇ဂိုး သွင်းယူနိုင် ခဲ့ကာ ဗီလာနှင့်ပွဲတွင် မမကျကန်ချက်ဖြင့် သွင်းယူခဲ့သည့်ဂိုးမှာ မန်ယူ၏ တစ်နှစ်တာ အကောင်းဆုံးဂိုး အဖြစ်ရွေးချယ်ခံခဲ့ရသည်။ ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင် ဖြစ်ခဲ့ခြင်းကြောင့် ဗန်ပါစီအနေဖြင့် ၎င်းနှစ်သက်ရာ ပရဟိတလုပ်ငန်းကို လှူဒါန်းရန် ပါင် ၃၀၀၀၀ ဆုကြေးရရှိခဲ့ကြောင်း သိရသည်။
From ...YoYarLay

No comments:
Post a Comment