Wednesday, May 1, 2013

နိုင်ငံနှင့် လူမျိုးအကျိုး ထူးချွန်စွာ ထမ်းဆောင်ခဲ့သည့် နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ် ၁၂ ဦးအား နိုင်ငံ့စွမ်းဆောင်ရည် ဆုများ ချီးမြှင့်

နိုင်ငံနှင့် လူမျိုးအကျိုး ထူးချွန်စွာ ထမ်းဆောင်ခဲ့သည့် နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ် ၁၂ ဦးအား နိုင်ငံ့စွမ်းဆောင်ရည် ဆုများ ချီးမြှင့်
   Wednesday, May01 , 2013 


နိုင်ငံတော် သမ္မတ၏ နယ်ပယ်အသီးသီးရှိ ပုဂ္ဂိုလ်များအား နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို ဧပြီ ၃၀ ရက်က နေပြည်တော် MICC ခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါဆုသည် နယ်ပယ်သီးသီးရှိ မိမိတို့ကျရာ ကဏ္ဍအလိုက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား ချီးမြှင့်ခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတက အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ထို့ပြင် နယ်ပယ်အသီးသီးရှိ တာဝန်ရှိ ပုဂ္ဂိုလ်များ အနေဖြင့် မတော်လောဘစိတ်၊ အချောင်ရလိုစိတ်များကို လျှော့ချကြပြီး ပြည်သူ့စွမ်းအားဖြင့် နိုင်ငံတော် တည်ဆောက်ကြရမည်ဖြစ်ကြောင်း သမ္မတက ထည့်သွင်းပြောကြားသည်။

နိုင်ငံတော် သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်များကို ချီးမြှင့်ခဲ့ရာ သီတဂူဆရာတော် ဒေါက်တာဉာဏိဿရ၊ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၊ မန္တလေးတိုင်း အောင်မြေသာဇံမြို့နယ်ရှိ ဖောင်တော်ဦးဘုန်းတော်ကြီးသင် ပညာရေး တွဲဖက်အထက်တန်းကျောင်း၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့နှင့် မေရီချက်ပ်မင်း နားမကြားသော ကလေးများ ကျောင်းတို့မှ ရရှိခဲ့သည်။

နိုင်ငံတော်သမ္မတ ချီးမြှင့်သည့် စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး လူပုဂ္ဂိုလ်ဆုကို ပဲခူးတိုင်းဒေသကြီးမှ ဦးသိန်းမြင့်၊ စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆုကို ပင်လယ်ကိုးသွယ် ကုမ္ပဏီလီမိတက်ပိုင်ရှင် ဦးအောင်သန်းဦး၊ မွေးမြူထုတ်လုပ်မှု အကောင်းဆုံး လူပုဂ္ဂိုလ်ဆုကို ရှမ်းပြည်နယ်မှ ဦးကျမော့၊ မွေးမြူထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆုကို ဦးခင်မောင်ဝင်း၊ ရေထွက်ပစ္စည်း မွေးမြူထုတ်လုပ် အကောင်းဆုံး လုပ်ငန်းရှင်ဆုကို ဦးလှသန်း၊ အများပြည်သူ ဘေးအန္တရာယ် ကျရောက်မှုအား သက်စွန့်ကြိုးပမ်း ကယ်တင်စွမ်းဆောင်မှုဆုကို ရဲကျော်စွာအောင်လှ၊ အားကစားစွမ်းဆောင်ရည်ဆုကို မအောင်ငှိမ်း (မြားပစ်)၊ အကောင်းဆုံး  ပို့ကုန်လုပ်ငန်းရှင်ဆုကို Golden Dalta ကုမ္ပဏီ လီမိတက်မှ ဦးချစ်ခိုင်၊ တန်ဖိုးမြှင့်ထုတ်ကုန် အကောင်းဆုံး ထုတ်လုပ်ရောင်းချနိုင်သည့် စီးပွားရေး လုပ်ငန်းရှင်ဆုကို National Wood Industry Ltd မှ ဦးကျော်ဝင်း၊ နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာတာဝန် အများဆုံး သယ်ပိုးထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်ဆုကို ကမ္ဘောဇဘဏ် လီမိတက်မှ ဦးအောင်ကိုဝင်း၊ ထုတ်လုပ်ရောင်းချမှု အကောင်းဆုံး အသေးစား စီးပွားရေး လုပ်ငန်းရှင်ဆုကို သဇင်နွယ်မိသားစု ရောင်းဝယ်ရေး ကုမ္ပဏီမှ ဒေါ်သန်းသန်းဆွေ၊ ထုတ်လုပ်ရောင်းချမှု အကောင်းဆုံး အလတ်စား စီးပွားရေး လုပ်ငန်းရှင်ဆုကို ပဲခူးတိုင်းဒေသကြီးမှ သံရည်ကျို လုပ်ငန်းပိုင်ရှင် ဦးအေးဝင်းတို့ အသီးသီး ရရှိခဲ့ကြသည်။

နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာတာဝန် အများဆုံး သယ်ပိုးထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်ဆုအတွက် အခွန်ငွေ ၄၇၅၅ သန်း ပေးဆောင်ခဲ့သည့် ACE ကုမ္ပဏီမှ ဦးဇော်မိုးဝင်း၊ အခွန်ငွေ ၂၆၇၇ သန်းကျော် ပေးဆောင်ခဲ့သည့် Max Myanmar ကုမ္ပဏီမှ ဦးဇော်ဇော်တို့ကိုလည်း နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်များ ပေးအပ်ခဲ့ပြီး အခွန်ငွေ  ၆၀၁၅ သန်းကျော် ပေးဆောင်ခဲ့သည့် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက နိုင်ငံ့စွမ်းဆောင်ရည်ဆုကို ရရှိခဲ့သည်။

အခွန်အများဆုံး ထမ်းဆောင်ခဲ့သည့် ဦးအောင်ကိုဝင်းအား နိုင်ငံတော် သမ္မတမှ ဆုချီးမြှင့်နေစဉ်

Eleven Media Group



နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို Like လုပ်ထားပါ။
အခွန်အများဆုံး ထမ်းဆောင်ခဲ့သည့် ဦးအောင်ကိုဝင်းအား နိုင်ငံတော် သမ္မတမှ ဆုချီးမြှင့်နေစဉ်

နိုင်ငံတော် သမ္မတ၏ နယ်ပယ်အသီးသီးရှိ ပုဂ္ဂိုလ်များအား နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ခြင်း အခမ်း အနားကို ဧပြီ ၃၀ ရက်က နေပြည်တော် MICC ခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါဆုသည် နယ်ပယ် သီးသီးရှိ မိမိတို့ကျရာ ကဏ္ဍအလိုက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား ချီးမြှင့်ခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတက အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ထို့ပြင် နယ်ပယ်အသီးသီးရှိ တာဝန်ရှိ ပုဂ္ဂိုလ်များ အနေဖြင့် မတော်လောဘစိတ်၊ အချောင်ရလို စိတ်များကို လျှော့ချကြပြီး ပြည်သူ့စွမ်းအားဖြင့် နိုင်ငံတော် တည်ဆောက်ကြရမည်ဖြစ်ကြောင်း သမ္မတက ထည့်သွင်းပြောကြားသည်။

နိုင်ငံတော် သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်များကို ချီးမြှင့်ခဲ့ရာ သီတဂူ ဆရာတော် ဒေါက်တာ ဉာဏိဿရ၊ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၊ မန္တလေးတိုင်း အောင်မြေသာဇံမြို့ နယ်ရှိ ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေး တွဲဖက်အထက်တန်းကျောင်း၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့နှင့် မေရီချက်ပ်မင်း နားမကြားသော ကလေးများ ကျောင်းတို့မှ ရရှိခဲ့သည်။

နိုင်ငံတော်သမ္မတ ချီးမြှင့်သည့် စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး လူပုဂ္ဂိုလ်ဆုကို ပဲခူးတိုင်းဒေသကြီးမှ ဦးသိန်းမြင့်၊ စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆုကို ပင်လယ်ကိုးသွယ် ကုမ္ပဏီ လီမိတက်ပိုင်ရှင် ဦးအောင်သန်းဦး၊ မွေးမြူထုတ်လုပ်မှု အကောင်းဆုံး လူပုဂ္ဂိုလ်ဆုကို ရှမ်းပြည်နယ်မှ ဦးကျမော့၊ မွေးမြူထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆုကို ဦးခင်မောင်ဝင်း ၊ ရေထွက် ပစ္စည်း မွေးမြူထုတ်လုပ် အကောင်းဆုံး လုပ်ငန်းရှင်ဆုကို ဦးလှသန်း၊ အများပြည်သူ ဘေးအန္တရာယ် ကျရောက်မှုအား သက်စွန့်ကြိုးပမ်း ကယ်တင်စွမ်းဆောင်မှုဆုကို ရဲကျော်စွာအောင်လှ၊ အားကစား စွမ်းဆောင်ရည်ဆုကို မအောင်ငှိမ်း (မြားပစ်)၊ အကောင်းဆုံး ပို့ကုန်လုပ်ငန်းရှင်ဆုကို Golden Dalta ကုမ္ပဏီ လီမိတက်မှ ဦးချစ်ခိုင်၊ တန်ဖိုးမြှင့်ထုတ်ကုန် အကောင်းဆုံး ထုတ်လုပ်ရောင်းချနိုင်သည့် စီးပွားရေး လုပ်ငန်းရှင်ဆုကို National Wood Industry Ltd မှ ဦးကျော်ဝင်း၊ နိုင်ငံတော်အတွက် အခွန် ဘဏ္ဍာတာဝန် အများဆုံး သယ်ပိုးထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်ဆုကို ကမ္ဘောဇဘဏ် လီမိတက်မှ ဦးအောင်ကိုဝင်း၊ ထုတ်လုပ်ရောင်းချမှု အကောင်းဆုံး အသေးစား စီးပွားရေး လုပ်ငန်းရှင်ဆုကို သဇင်နွယ်မိသားစု ရောင်းဝယ်ရေး ကုမ္ပဏီမှ ဒေါ်သန်းသန်းဆွေ၊ ထုတ်လုပ်ရောင်းချမှု အကောင်းဆုံး အလတ်စား စီးပွားရေး လုပ်ငန်းရှင်ဆုကို ပဲခူးတိုင်းဒေသကြီးမှ သံရည်ကျို လုပ်ငန်းပိုင်ရှင် ဦးအေးဝင်းတို့ အသီးသီး ရရှိခဲ့ကြသည်။

နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာတာဝန် အများဆုံး သယ်ပိုးထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်ဆုအတွက် အခွန်ငွေ ၄၇၅၅ သန်း ပေးဆောင်ခဲ့သည့် ACE ကုမ္ပဏီမှ ဦးဇော်မိုးဝင်း၊ အခွန်ငွေ ၂၆၇၇ သန်းကျော် ပေးဆောင်ခဲ့သည့် Max Myanmar ကုမ္ပဏီမှ ဦးဇော်ဇော်တို့ကိုလည်း နိုင်ငံတော်သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်များ ပေးအပ်ခဲ့ပြီး အခွန်ငွေ ၆၀၁၅ သန်းကျော် ပေးဆောင်ခဲ့သည့် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက နိုင်ငံ့စွမ်းဆောင်ရည်ဆုကို ရရှိခဲ့သည်။

Eleven Media Group




No comments:

Post a Comment