အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေး ဖခင်ကြီး မဟတ္တမဂန္ဓီ၏ သွေးနမူနာများပါရှိသော အဏုကြည့် မှန်ချပ်နှစ် ချပ်ကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ယနေ့တွင် လေလံတင် ရောင်းချခဲ့ကြောင်းနှင့် စတာလင်ပေါင် ၁ဝဝဝဝ မှ ၁၅ဝဝဝ အကြားရှိ ဈေးနှုန်းဖြင့် ရောင်းချမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
အဆိုပါမှန်နှစ်ချပ်ကို မဟတ္တမဂန္ဓီက မွမ်ဘိုင်းမြို့အနီးတွင် အူအတက်ခွဲစိတ် ဖြတ်တောက်ခံယူခဲ့သည့် ၁၉၂၄ ခုနှစ် အတွင်းက ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းအချိန် က ၎င်းသည် အတူနေ မိသားစုများ ထံသို့ သွေးလှူဒါန်း ခဲ့သည် ဟု ယူဆ ရသည်။
ယင်းအသုံးဆောင် ပစ္စည်းသည် ဂန္ဓီ၏ တပည့်များက ကြည်ညိုမြတ်နိုးသော ပစ္စည်းများ ဖြစ်ကြောင်းနှင့် မှန်ချပ်နှစ်ချပ်၊ ဂန္ဓီ၏ ကြိုးသိုင်းဖိနပ်၊ ခြုံစောင်နှင့် အိပ်ရာခင်း အပါအဝင် Mullock's လေလံတင် ကုမ္ပဏီက ရယူ စုဆောင်းထားသော ပစ္စည်းများဖြစ်ကြောင်း ကုမ္ပဏီမှ သမိုင်းဆိုင်ရာ အထောက်အထား ပညာရှင် ရီချက်ဒ် ဝက်စ်ဝုဒ် ဘရိုကီစ်က ပြောကြားသည်။
၁၉၄၈ ခုနှစ်က ဂန္ဓီလုပ်ကြံ သတ်ဖြတ် ခံရသည့် မြေမှရရှိသည့် သွေးစွန်းနေသော ဓားသွားနှင့် မြေနမူနာ များကို ပြီးခဲ့သည့်နှစ်က Mullock's ကုမ္ပဏီက စတာလင်ပေါင် ၁၅၂ဝဝ ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment