Wednesday, May 22, 2013

အိပ်ပျော်နေစဉ် အသက်ရှူ ရပ်သည့် ရောဂါနှင့် နှလုံးပြဿနာ

အိပ်ပျော်နေစဉ် အသက်ရှူ ရပ်သည့် ရောဂါနှင့် နှလုံးပြဿနာ
အိပ်ပျော် နေစဉ် သွားတဲ့ ရောဂါ Obstructive Sleep Apnoea(OSA) ဟာ ကမ္ဘာ့ဒေသ အနှံ့ရှိ လူသန်းပေါင်း များစွာကို ထိခိုက်နေ စေပါတယ်။
အဖြစ်များတတ်တဲ့ ဤရောဂါဟာ အိပ်ပျော်နေစဉ် ကြားကာလမှာ အသက်ရှူတာ ရပ်ရပ်သွားတာ ဖြစ်တယ်။ အသက်ပြင်းပြင်း ရှူသွင်းခြင်းကြောင့် ဟောက်သံထွက်လာပြီး ဟောက်သံမှန်မှန် ထွက်ပေါ်လာစဉ် ကြား ထဲမှာ အသံပျောက်သွားကာ မကြားရတော့ပါ။ အသက်ရှူခြင်းကြောင့် ဟောက်သံဖြစ်ပေါ်စေ ပေမယ့် အသက်ရှူ ရပ်သွားတဲ့အခါ ဟောက်သံမကြားဘဲ ရပ်သွားပါတော့တယ်။ ဒီအခါတခေါခေါ ဟောက်သံ ဆက်တိုက်ထွက်လာပြီးကြားမှာ ဟောက်သံရပ်လိုက်၊ ပြန်ထွက်လိုက်အသံကို ကြားရခြင်း ဖြစ်တယ်။ OSA ကြောင့် ထိုသူမှာသွေးတိုး ရောဂါနှင့် နှလုံး ရောဂါဖြစ်ပွား နိုင်ပါတယ်။ သွေးရောဂါဆိုင်ရာ ဂျာနယ်ထဲမှာ ပုံနှိပ်ဖော်ပြချက်အရ ဤအခြေအနေက OSA ရောဂါ ခံစား နေရသူများမှာ သွေးကြောများ ပုံမမှန်ဖြစ်ပွား လာခြင်းကြောင့် နှလုံးထဲသို့ စီးဝင်တဲ့သွေးကြောတွေ ပိတ်ဆို့စေ နိုင်တယ်လို့ ရေးသားထားပါတယ်။ ဤသို့ ဖြစ်ပွား ခံစားနေပါက အဆက်မပြတ် လေဝင်လေထွက် ကောင်းစေတဲ့ လေဖိအား ကုထုံးဖြင့် ကုသ သင့်ကြောင်း သုတေသီများက တိုက်တွန်းလိုက်ပါတယ်။

BY HEALTH DIGEST

No comments:

Post a Comment