ရဲတပ်ဖွဲ့ဝင်များလာဘ်စားသည်ဟု ပြောဆိုသည့်စွပ်စွဲချက်ဖြင့်
တရားစွဲထားသောအမှုကို ပန်းတနော် မြို့နယ် တရားရုံးက မေလ၂ရက်နေ့တွင်
ဒဏ်ငွေနှစ်သောင်း သို့မဟုတ် ထောင်ဒဏ်သုံးလကျခံစေရန် အမိန့်ချမှတ် ခဲ့ရာ ဗိုလ်ကြီးဟောင်းဦးနေမျိုးဇင်က ငွေဒဏ်ကိုလက်မခံဘဲ ထောင်သုံးလသာကျခံရန် ဆုံးဖြတ်ခဲ့ ကြောင်း မြန်မာလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှ အတွင်းရေးမှူး ဦးကျော်က
အတည်ပြုပြောကြား သည်။ "နေ့ခင်း ၁ နာရီထဲက ထောင်ထဲ ရောက်သွားပါပြီ" ဟု ၄င်းက ဆိုသည်။
တရားစီရင်ရေးမဏ္ဍိုင်တွင် တရားဥပဒေ မစိုးမိုးသည်ကိုပြချင်၍ တရားရုံး၏ ငွေဒဏ်ကိုငြင်းပယ် လိုက်သည့် အတွက် မအူပင် အကျဉ်းထောင်သို့ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။
ပန်းတနော်မြို့နယ် အောက် ကဇင်းကျေးရွာတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က ပြုလုပ်သော လူထု တွေ့ဆုံပွဲ၌ ရဲများလာဘ်စားသည်ဟု ထည့်သွင်းပြောဆို ခဲ့ခြင်းကြောင့် ပန်းတနော်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

"တရားရုံးက ဒဏ်ငွေမဆောင်ရင်တော့ ထောင်ဒဏ်ချမှာပဲ။ ဒါဥပဒေပဲ" ဟု ရှေ့နေ ဦးကျော်ဟိုးက မှတ်ချက်ပေးသည်။
ဦးနေမျိုးဇင်သည် ဇန်နဝါရီလ ၁၃ ရက်နေ့က ပန်းတနော်မြို့နယ်တွင် ပြုလုပ်သည့် အခွင့်အရေးနှင့် ရပိုင်ခွင့် ဆုံးရှုံးနေသည့် ရေလုပ်သားနှင့် လယ်သမားများ၏ ဆန္ဒဖော်ထုတ်ပွဲတွင် ဦးဆောင်ခဲ့သည့် အပြင် ပန်းတနော်ဒေသခံ တစ်ထောင်ကျော် ပါဝင်သော ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌရာထူးမှ မပြောင်းရွှေ့ရေး တောင်းဆိုသည့် ဆန္ဒဖော်ထုတ်ပွဲ တွင်လည်း ဦးဆောင်ခဲ့သည်။
The Voice Weekly
No comments:
Post a Comment