စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၌ မနေ့ ညနေ ၃ နာရီ ၁၅ မိနစ်မှ ၃ နာရီ
၄၅ မိနစ်အထိ တစ်နာရီမိုင် ၆ဝ နှုန်းဖြင့် လေပြင်းတိုက်ခတ်ခဲ့ကြောင်း
သိရသည်။ အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် မုံရွာမြို့၊ ကျောက္ကာလမ်းနှင့် ဗိုလ်ချုပ်လမ်း တစ်လျှောက်ရှိသစ်ပင်ကြီးများ လဲကျကျိုးပဲ့ခဲ့ရာ
ဂျစ်ကား တစ်စီးပျက်စီးပြီး လူ နေအိမ်နှင့် အဆောက်အအုံအချို့ အမိုးလန်ပျက်စီးခဲ့သည်။
ထို့အပြင်
လမ်းမီးတိုင်များလဲကျခဲ့၍ ဓာတ်အားလိုင်းများ ခေတ္တ ပြတ်တောက်ခဲ့ကြောင်းနှင့် လူများ ထိခိုက်မှုမရှိကြောင်းသိရသည်။ နယ်မြေခံ တပ်မတော်သားများက လေပြင်းတိုက်ခတ်မှု ဖြစ်ပွားရာ နေ ရာသို့သွားရောက်၍
အပျက်အစီးများရှင်းလင်းခြင်းနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်း များ
ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
From...Myawady News

No comments:
Post a Comment