Friday, May 3, 2013

ဟိုပုံးမြို့နယ်၌ လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် ခြောက်လုံးပျက်စီး နွားတစ်ကောင် သေ

ဟိုပုံးမြို့နယ်၌ လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် ခြောက်လုံးပျက်စီး နွားတစ်ကောင် သေ

ရှမ်းပြည်နယ် (တောင်ပိုင်း) ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဟိုပုံးမြို့နယ် ထန်းဘုရားကျေးရွာ၌  ဧပြီ ၃ဝ ရက်ညနေ ၄ နာရီမိနစ် ၅ဝ က လေပြင်းတိုက်ခတ်ခဲ့ရာ လူနေအိမ်၊ နွားခြံအချို့နှင့် သစ်ပင်၊ သစ် ကိုင်းများ ကျိုးပဲ့ ပျက်စီးသွားကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုမှာ တစ်နာရီလျှင် မိုင် ၆ဝ မှ ၆၅ မိုင်ခန့် ဖြစ်ပြီးမိနစ် ၃ဝ ခန့် ကြာတိုက်ခတ် သွားခဲ့ကြောင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် နှစ်ထပ် အုတ်တိုက်နှစ်လုံး၊ တစ်ထပ်သွပ်မိုး အုတ်ကာနေ အိမ် သုံးလုံး၊ နှစ်ထပ် သွပ်မိုးပျဉ်ထောင် နေအိမ်တစ်လုံးတို့ ထိခိုက်ပျက်စီး သွားခဲ့သည်။ ယင်းနေအိမ် အပျက် အစီး အပိုင်းအစများ ထိခိုက်မှုကြောင့် နွားတစ်ကောင် သေဆုံးသွားကြောင်း၊ လေပြင်း တိုက်ခတ်မှုနှင့် အတူ ကွမ်းသီးလုံးခန့် မိုးသီးများပါ ကျဆင်းလာခဲ့ကြောင်း သတင်းရရှိသည်။

From...မြ၀တီ

No comments:

Post a Comment