Tuesday, May 21, 2013

ဂျပန်ဝန်ကြီးချုပ် မေလ ၂၅ ရက်နေ့ မြန်မာနိုင်ငံလာမည်



Photo: ဂျပန်ဝန်ကြီးချုပ် မေလ ၂၅ ရက်နေ့ မြန်မာနိုင်ငံလာမည်
Tuesday, May 21, 2013

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် နှစ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ မေလ ၂၅ ရက်နေ့တွင် လာရောက်မည်ဖြစ်ပြီး သုံးရက်ကြာ နေထိုင်မည် ဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ဂျပန်-မြန်မာ နှစ်နိုင်ငံ စီးပွားရေးမြှင့် တင်ရန် အဓိကရည်ရွယ်၍ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်ပြီး ၄င်း၏ခရီးစဉ်တွင် ဂျပန်နိုင်ငံ ထိပ်တန်း စီးပွားရေး လုပ်ငန်းများမှ အမှုဆောင်အရာရှိ ၃၀ ခန့်လိုက်ပါလာမည် ဖြစ်ကာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝန်ကြီးချုပ်၏ ယခုခရီးစဉ်သည် နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးနှင့် သီးခြားရပ်တည် နေခဲ့သည့် မြန်မာနိုင်ငံ အပေါ် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးနေမှု များကို တုံ့ပြန်နိုင်ရန် အကူအညီပေး လိမ့်မည်ဟု မျှော်လင့်ကြောင်း ဂျပန်အစိုးရ အဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်ဟု ဂျပန်တိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ဆောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံရန်လည်း စီစဉ်ထားကြောင်း ယင်း သတင်းစာအရ သိရသည်။

သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု အားကောင်းစေရေး ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရန်၊ အခြေခံအဆောက်အဦများ ဆောက်လုပ်ပေးရန် စသည့် အကူအညီများ ဂျပန်နိုင်ငံက ပေးအပ်လိုကြောင်း တင်ပြ ဆွေးနွေးသွားမည်ဟု ယင်းသတင်းတွင် ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူနည်းစု များကို စာသင်ကျောင်းများ၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍ နည်းပညာ အထောက်အပံ့များ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး စသည်တို့အတွက် လိုအပ်သည့် အထောက်အပံ့များ ပေးအပ်ရန်လည်း စီစဉ်ထားကြောင်း ၄င်းသတင်း များအရ သိရသည်။

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ဝန်ကြီးချုပ်ရာထူးကို ဒုတိယအကြိမ် ဆက်ခံခဲ့သော ရှင်ဇိုအာဘေးသည် ၄င်းရာထူး ဆက်ခံပြီး တစ်ပတ်အကြာတွင် မြန်မာနိုင်ငံတွင် စစ်မှန်သောဒီမိုကရေစီ ဖော်ဆောင် နိုင်ရေးအတွက် ဂျပန် ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များကို စေလွှတ်၍ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးစေ ခဲ့သည်။

ဂျပန်နိုင်ငံသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယခင်ဝန်ကြီးချုပ် ယိုရှိဟီကိုနိုဒါ၏ ဖိတ်ခေါ်ချက်အရ ၂၀၁၂ ခုနှစ် ဧပြီလတွင် သွားရောက်လည်ပတ်ခဲ့ပြီး စတုတ္ထအကြိမ်မြောက် ကျင်းပသော ဂျပန်-မဲခေါင်ဒေသ ထိပ်သီးအစည်းအဝေးသို့ တက်ရောက် ခဲ့သည်။
လက်ရှိဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ဖိတ်ခေါ်ချက်အရ ယခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်ခဲ့သည်။

မြန်မာနိုင်ငံသို့ ၁၉၇၇ ခုနှစ်က ဝန်ကြီးချုပ် Takeo Fukuda ပထမဦးဆုံး လာရောက်ခဲ့ပြီးနောက် ယခုဝန်ကြီးချုပ် ရှင်ဇိုသည် နှစ်ပေါင်း ၃၆ နှစ်အကြာတွင် ပထမဦးဆုံး လာရောက်မည့် ဂျပန်နိုင်ငံ အကြီးအကဲဖြစ်သည်။

The Voice Weekly
ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် နှစ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ မေလ ၂၅ ရက်နေ့တွင် လာရောက်မည်ဖြစ်ပြီး သုံးရက်ကြာ နေထိုင်မည် ဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ဂျပန်-မြန်မာ နှစ်နိုင်ငံ စီးပွားရေးမြှင့် တင်ရန် အဓိကရည်ရွယ်၍ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်ပြီး ၄င်း၏ခရီးစဉ်တွင် ဂျပန်နိုင်ငံ ထိပ်တန်းစီးပွားရေး လုပ်ငန်း များမှ အမှုဆောင်အရာရှိ ၃၀ ခန့်လိုက်ပါလာမည် ဖြစ်ကာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ မှု မြှင့်တင် ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝန်ကြီးချုပ်၏ ယခုခရီးစဉ်သည် နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးနှင့် သီးခြားရပ်တည် နေခဲ့ သည့် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးနေမှု များကို တုံ့ပြန်နိုင်ရန် အကူအညီပေး လိမ့်မည် ဟု မျှော်လင့်ကြောင်း ဂျပန်အစိုးရ အဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်ဟု ဂျပန်တိုင်းမ် သတင်းစာ တွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ဆောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံရန်လည်း စီစဉ်ထားကြောင်း ယင်း သတင်းစာအရ သိရသည်။

သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု အားကောင်းစေရေး ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရန်၊ အခြေခံအဆောက်အဦများ ဆောက်လုပ်ပေးရန် စသည့် အကူအညီ များ ဂျပန်နိုင်ငံက ပေးအပ်လိုကြောင်း တင်ပြ ဆွေးနွေးသွားမည်ဟု ယင်းသတင်းတွင် ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူနည်းစု များကို စာသင်ကျောင်းများ၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍ နည်းပညာ အထောက်အပံ့များ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး စသည်တို့အတွက် လိုအပ်သည့် အထောက်အပံ့များ ပေးအပ်ရန်လည်း စီစဉ်ထားကြောင်း ၄င်းသတင်း များအရ သိရသည်။

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ဝန်ကြီးချုပ်ရာထူးကို ဒုတိယအကြိမ် ဆက်ခံခဲ့သော ရှင်ဇိုအာဘေးသည် ၄င်းရာထူး ဆက်ခံပြီး တစ်ပတ်အကြာတွင် မြန်မာနိုင်ငံတွင် စစ်မှန်သောဒီမို ကရေစီ ဖော်ဆောင် နိုင်ရေး အတွက် ဂျပန် ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ များကို စေလွှတ်၍ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးစေ ခဲ့သည်။

ဂျပန်နိုင်ငံသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယခင်ဝန်ကြီးချုပ် ယိုရှိဟီကိုနိုဒါ၏ ဖိတ်ခေါ်ချက်အရ ၂၀၁၂ ခုနှစ် ဧပြီလတွင် သွားရောက်လည်ပတ်ခဲ့ပြီး စတုတ္ထအကြိမ်မြောက် ကျင်းပသော ဂျပန်-မဲခေါင်ဒေသ ထိပ်သီးအစည်းအဝေးသို့ တက်ရောက် ခဲ့သည်။
လက်ရှိဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ဖိတ်ခေါ်ချက်အရ ယခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီး သွားရောက် ခဲ့သည်။

မြန်မာနိုင်ငံသို့ ၁၉၇၇ ခုနှစ်က ဝန်ကြီးချုပ် Takeo Fukuda ပထမဦးဆုံး လာရောက်ခဲ့ပြီးနောက် ယခုဝန်ကြီးချုပ် ရှင်ဇိုသည် နှစ်ပေါင်း ၃၆ နှစ်အကြာတွင် ပထမဦးဆုံး လာရောက်မည့် ဂျပန်နိုင်ငံ အကြီး အကဲဖြစ်သည်။

The Voice Weekly

No comments:

Post a Comment