Friday, May 3, 2013

Facebook သုံးသော အိန္ဒိယရေတပ် အရာရှိများ ထုတ်ပယ်ခံရ

Facebook သုံးသော အိန္ဒိယရေတပ် အရာရှိများ ထုတ်ပယ်ခံရ
Friday, May 03, 2013

အိန္ဒိယရေတပ်အရာရှိသုံး ဦးအား သက်ဆိုင်ရာက တာဝန်မှ ရပ်စဲလိုက် သည်။ ၎င်းတို့သည် Facebook စာမျက် နှာပေါ်၌ ၎င်း တို့၏သင်္ဘော ဘယ်နေရာမှာရှိ သည်၊ ဘယ်မှာ ဒေါက်တင်သည် ကို အသေးစိတ်ဖော်ပြခဲ့၍ ထုတ် ပယ်ခံ ရ သည်ဟု သက်ဆိုင်ရာမှ ကြာသပတေး နေ့က ပြောကြား လိုက်သည်။

အဆိုပါအရာရှိသုံးဦးမှာ သတင်းလုံခြုံမှုကို ချိုးဖောက်ခဲ့ကြ သည်ဟု ရေတပ်ကပြောကြားခဲ့ သည်။ အဆင့်မြင့် ဌာနတွင်း စုံစမ်း အတည် ပြုပြီးမှ အရေးယူခဲ့ခြင်း ဖြစ်ကြောင်း ရေတပ်ပြောရေးဆို ခွင့်ရပုဂ္ဂိုလ် က ပြောသည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့က အရာရှိသုံးဦးအား စည်း ကမ်း ဖောက်ဖျက်မှု အတွက် အရေးယူ ရန်တောင်းဆိုခဲ့သည်။ ၎င်းတို့၏ ထုတ်ပယ်ခံရမှုကို ဆက်လက် လုပ်ဆောင် လျက်ရှိ ပြီး ၎င်း တို့ ၏ အနာဂတ်ကို မသိရသေးပေ။

ဒေသခံသတင်းများက ဖော် ပြစဉ်မှာ အရာရှိများသည် ဌာန မှ အတိအကျတားမြစ်ထားသော် လည်း ၎င်းတို့၏ သင်္ဘောသွား လာမှု ကို အသေးစိတ်ဖော်ပြခဲ့ကြ သည်ဟုဆိုသည်။ သင်္ဘောရောက် လေရာဆိပ်ကမ်း များကို ဖော်ပြ ခဲ့ကြကြောင်း အင်္ဂလိပ်ဘာသာ ထုတ် ပိုင်အိုနီးယား သတင်းစာ က ဖော်ပြခဲ့ သည်။ ဤအရေးယူ မှုမှာ စည်းကမ်းထိန်းသိမ်းရေးအ တွက် ပထမဆုံးဖြစ်သည်။ ယခင် ကလည်း အသက်(၄၉)နှစ်ရှိလူ တစ်ဦးသည် ၎င်း၏မြေးဖြစ်သူ ကို Facebook မှတစ်ဆင့် စီး ပွားရေး သမား တစ်ဦးထံ ရောင်း စားခဲ့ သဖြင့် ဖမ်းဆီးခံခဲ့ရသည်။

yangonmedia group

အိန္ဒိယရေတပ်အရာရှိသုံး ဦးအား သက်ဆိုင်ရာကတာဝန်မှ ရပ်စဲလိုက်သည်။ ၎င်းတို့သည် Facebook စာမျက် နှာပေါ်၌ ၎င်းတို့၏သင်္ဘော ဘယ်နေရာမှာရှိသည်၊ ဘယ်မှာ ဒေါက်တင်သည်ကို အသေး စိတ်ဖော်ပြခဲ့၍ ထုတ်ပယ်ခံရသည်ဟု သက်ဆိုင်ရာမှ ကြာသပတေး နေ့က ပြောကြားလိုက် သည်။

အဆိုပါအရာရှိသုံးဦးမှာ သတင်းလုံခြုံမှုကိုချိုးဖောက်ခဲ့ကြသည်ဟု ရေတပ်ကပြောကြားခဲ့သည်။ အဆင့်မြင့်ဌာနတွင်း စုံစမ်းအတည် ပြုပြီးမှ အရေးယူခဲ့ခြင်း ဖြစ်ကြောင်း ရေတပ်ပြောရေးဆို ခွင့်ရပုဂ္ဂိုလ် က ပြောသည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့က အရာရှိသုံးဦးအား စည်းကမ်း ဖောက်ဖျက်မှုအတွက် အရေးယူ ရန်တောင်းဆိုခဲ့သည်။ ၎င်းတို့၏ ထုတ်ပယ်ခံရမှုကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့၏ အနာဂတ်ကို မသိရသေးပေ။
ဒေသခံသတင်းများက ဖော်ပြစဉ်မှာ အရာရှိများသည် ဌာနမှ အတိအကျတားမြစ်ထားသော် လည်း ၎င်းတို့၏ သင်္ဘောသွား လာမှု ကို အသေးစိတ်ဖော်ပြခဲ့ကြ သည်ဟုဆိုသည်။ သင်္ဘောရောက် လေရာ ဆိပ်ကမ်းများကို ဖော်ပြခဲ့ကြကြောင်း အင်္ဂလိပ်ဘာသာ ထုတ် ပိုင်အိုနီးယား သတင်းစာ က ဖော်ပြခဲ့ သည်။ ဤအရေးယူ မှုမှာ စည်းကမ်းထိန်းသိမ်းရေးအ တွက် ပထမဆုံးဖြစ်သည်။ ယခင် ကလည်း အသက်(၄၉)နှစ်ရှိလူ တစ်ဦးသည် ၎င်း၏မြေးဖြစ်သူကို Facebook မှတစ်ဆင့် စီးပွားရေးသမား တစ်ဦးထံ ရောင်းစားခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရသည်။

yangonmedia group
From...Myawady News

No comments:

Post a Comment