Monday, May 20, 2013

i Pad သို့မဟုတ် Kindle များကို အသုံး ပြုနေသည့် ကလေးငယ်များ စာပေ ပညာရပ် ဆိုင်ရာ ကျွမ်းကျင်မှုတွင် ပိုမို အားနည်းလာကြောင်း သုတေသန ပညာ ရှင်များ လေ့လာတွေ့ရှိ

အဆင့်မြင့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသော ခေတ်ကြီးတွင် i Pad သို့မဟုတ် kindle များကို အသုံးပြုနေကြသည့် ကလေးငယ် များသည် စာပေ ပညာရပ် ဆိုင်ရာ ကျွမ်းကျင်မှုတွင် အားနည်းလာပြီး စာဖတ်ခြင်းတွင်လည်း အားနည်း လာသည်ကို လေ့လာ တွေ့ရှိခဲ့ကြောင်း ကျွမ်းကျင် ပညာရှင် များက သတိပေး ပြောကြားခဲ့သည်။
The National Literacy Trust ကဦးဆောင်၍ ပြုလုပ်ခဲ့သော လေ့လာဆန်းစစ်မှုများအရ ကလေးငယ် ၅၂ ရာခိုင်နှုန်းသည် i Pad အသုံးပြု၍ စာဖတ်ရခြင်းကို ပိုမို နှစ်သက်ကြပြီး ကလေးငယ် ၃၂ ရာခိုင်နှုန်း သာလျှင်စာအုပ်စာပေများကို ဖတ်ရှုကြကြောင်း လေ့လာတွေ့ရှိ ခဲ့သည်။
အထူးသဖြင့် စာအုပ်စာပေများကို ဖတ်ရှုသည့် ကလေးငယ် များသည် ဆင်းရဲ နွမ်းပါးသည့် မိသားစု မှ မွေးဖွားလာသည့် ကလေးငယ်များ ဖြစ်ကြောင်း ပညာရှင် များက ပြောကြား ထားသည်။
ဗြိတိန်နိုင်ငံ တစ်ဝန်းရှိ အသက် ရှစ်နှစ်နှင့် ၁၆ နှစ်ကြား အရွယ်ရှိ လူဦးရေ ၃၄၉၁၀ ကို စစ်တမ်း ကောက်ယူခဲ့ရာ ပုံနှိပ်ထုတ်ဝေထားသော စာအုပ်များကို ဖတ်ရှု လေ့လာသည့် ကလေးငယ် များသည် နေ့စဉ် i Pad သုံး၍ စာဖတ်သော ကလေးငယ် များထက် စာဖတ်နိုင်သည့် စွမ်းရည် နှစ်ဆနီးပါး ရှိကြောင်း ပညာရှင် များက တွေ့ရှိခဲ့သည်။
ယခုခေတ် ကလေးငယ် အများအပြားကို လေ့လာကြည့်ပါက ကလေးငယ် အများစုသည် ကိုယ်ပိုင် စာကြည့် စားပွဲထက် ကိုယ်ပိုင်ကွန်ပျူတာများ ပိုမို အသုံးပြုလာ ကြပြီး i Pad အသုံးပြုသည့် ကလေးငယ် များသည် စာဖတ်ခြင်းတွင် အားနည်းလျက် ရှိသောကြောင့် ၎င်းတို့၏ အနာဂတ်အတွက်  စိုးရိမ် ပူပန်ရဖွယ် ရှိကြောင်း ပညာရှင်များက ပြောကြားထားသည်။
From...မြ၀တီ

No comments:

Post a Comment