Friday, May 3, 2013

KIA အဖွဲ့များမှ ရှမ်းလူငယ်များအား လူသစ်စုဆောင်းမှုများပြုလုပ်လျက်ရှိ…

၂၀၁၃ ခုနှစ်၊ အေပြီလ ၂၈/၂၉ ရက်နေ့တွေမှာ ရှမ်း/မြောက်၊ နမ့်ခမ်းမြို့နယ်၊ နန့်ဝူကျေး ရွာ ကနေ ကောင်းမုယန်ကျေးရွာသို့ဈေးလာဝယ်တဲ့ကချင်လူငယ် ၂ ဦး၊ မန်မွန်း ကျေးရွာက ရှမ်း လူငယ် ၂ ဦး၊ ဆွတ်ခါးကျေးရွာနဲ့ မန်အိုက်တိုက်ကျေးရွာက ရှမ်းလူငယ် ၄ ဦး၊ ပေါင်း ၈ ဦးကို KIA တပ်ဖွဲ့ဝင်အချို့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရှိရပါတယ်။

“ အခု တိုက်ပွဲမဖြစ်တဲ့အချိန်တွေမှာ KIA လူသစ်ဖမ်းတာတွေ ပိုများလာတယ်၊လက်အောက် က အဖွဲ့တွေက ငွေပေးပြီး ရွေးခိုင်းတာမျိုးတွေရှိတယ်။ တပ်ရင်းမှူးတွေကတော့ ချက်ချင်း တပ်မဟာ ကို ပို့ခိုင်းတယ်၊ အခုအခြေအနေက ငွေထက် လူကိုဦးစားပေးရတဲ့အခြေ အနေဖြစ်နေ တယ်လို့ မန်ဝိန်းကြီး ရွာသားတစ်ဦးက ပြောပြလာပါတယ်။

Kachin Land
From..Myawady News

No comments:

Post a Comment