Friday, June 21, 2013

21.6.2013 မှ 27.6.2013 ထိ ၇ ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ
ဆန္ဒမစောနှင့်။ ဆုံးဖြတ်ချက်မမြန်နှင့်။ အခြေအနေ တစ်ခု အတွက် အချိန်တစ်ခုစောင့်လိုက်ပါ။ သင်ကံကောင်းလာပါလိမ့်မည်။ တစ်ချိန်က မျှော်လင့်ထားခြင်းများ ယခု တစ်ပတ်အတွင်း ကောင်း သတင်း
ကြားရလိမ့်မည်။ ခရီးဝေးသွားစရာပေါ်မည်။ အဝေးမှာလည်း အကျိုးပေးတယ်။ အနီးမှာလည်း အကျိုးပေး ပါတယ်။ ချစ်သူကို လက်လွှတ်ခြင်းမျိုးတော့ မလုပ်ပါနှင့်။ မမျှော်လင့်ဘဲ အိမ်ထောင်ကျပါလိမ့်မည်။ ထီထိုးပါ ထီပေါက်တတ်ပါသည်။ လက်ဆောင်လှလှလေးရပါမည်။  
 
အကျိုးပေးဂဏန်း - ၇ ၊ ၄ ၊ ၂။
အထူးဟော - ကြည်နူးစရာလေးတွေကြုံမှာပါ။
ယတြာ - ငါးလေးတွေကို ရေများများရှိရာမှာ လွှတ်ပေးလိုက်ပါ။
 
တနင်္လာ
          မျှော်လင့်စောင့်စားနေသော အောင်မြင်မှု့ပန်းတိုင်တို့ သင်၏ လက်ဝယ်ရောက်လာမှာပါ။ လူယုံထား၍ မကောင်းသေးပါ။ ချစ်သူရဲ့ အထင်လွဲခြင်းခံရတတ်သည်။ ဒါပေမဲ့ ပြန်ပြေလည်မည်။ သူငယ်ချင်းတို့၏ အပြစ်တင်ခံရမည်။ သားချင်းဆွေမျိုးကြောင့် သင့်ဘ၀ တိုးတက်မှု့တွေ ရပါမည်။ ခြေ ၊ လက် အဖျားပိုင်း ခိုက်မိတတ်သည်။ လက်ထပ်ရက်ရွှေ့ခဲ့ပြီးလျှင် ဒီတစ်ခါယူဖြစ်ပါပြီ။ အလုပ်ကိစ္စ နှင့် ခရီးသွားရတတ်သည်။ ကား ၊ စက် ၊ မြေ ၀င်လာမည်။ သူများကြား ၀င်မရှုပ်နှင့် ကြားညှပ်တတ်သည်။ ၀မ်း၊ခါးနာ တတ်၍ အစားအစာ ဂရုစိုက်ပါ။ ရေချိုးမှားဖျားတတ်၍ ဂရုစိုက်ပါ။      
 
အကျိုးပေးဂဏန်း - ၆ ၊ ၉ ၊ ၃။
အထူးဟော - အဆင်ပြေနေမည်။
ယတြာ - ငါးအရှင် (၁၅) ကောင်ဝယ်လွှတ်ပါ။    
 
အင်္ဂါ
          မရောက်ဘူးသော ခရီးမလုပ်ဘူးသော အလုပ်မပေါင်းဘူးသော မိတ်ဆွေ မနေဘူးသော အရပ်ဒေသတို့ သွားဖြစ်လုပ်ဖြစ်ပေါင်းသင်းဖြစ်နေပါမည်။ ရစရာငွေကြေးတို့ ပြန်မရ တတ်၍ ငွေပေးမချေး သင့်ပါ။ စပ်တူရှယ်ယာ မလုပ်သင့်ပါ။ ခြေ ၊ လက်တို့ ခိုက်မိတိုက်မိ မည်။ မိတ်ဆွေသစ် (သို့) အဝေးမိတ်ဆွေ ၏ ကူညီမှု့ဖြင့် သင်၏ အလုပ်အောင်မြင်မည်။  ခရီးဝေးသွားရာတွင် ကားဂရုစိုက်မောင်းပါ။ စီးပါ။ ထိတ်လန့်မှု့ ဖြစ်မည်။ မမျှော်လင့်ဘဲ အိမ်ထောင်ကျမည်။ ရာထူးတက် ၊ လစာတိုးမည်။ မြေ၀င် ၊ထွက်ကိန်း ရှိသည်။ ကြီးသူတစ်ဦး ချူချာမည်။      
    
အကျိုးပေးဂဏန်း - ၃ ၊ ၆ ၊ ၉။
အထူးဟော - ကံကောင်းမည်။
ယတြာ - ငှက်ကလေးတွေကို အစာကျွေးပါ။     
 
ဗုဒ္ဓဟူး
          စိတ်ရှုပ်ရခြင်း ၊ အလုပ်ရှုပ်ရခြင်း ၊ အတိုက်အခံတွေပေါ်ခြင်း ၊ မလိုသူပေါ်ခြင်း ၊ မကောင်းသတင်းလွှင့် သူပေါ်ခြင်း တို့ဖြစ်မည်။ သည်းခံခွင့်လွှတ်နိုင်စွမ်းမရှိဖြစ်လာပြီး ရန်ကြုံနိုင်ပါသည်။ ခရီးဝေးတွေရောက်မည်။ ရှယ်ယာလုပ်ငန်း အကျိုးပေးတယ်။ ဆရာသမားတို့ အကူအညီရမည်။ အချစ်ရေးထက် ပညာရေး ၊ အလုပ်အကိုင် တို့အပေါ် ဦးစားပေးနေရ၍ နေ့မအား ၊ ညမအား ဖြစ်နေမည်။ ခြေ ၊ လက်ခိုက်မိတတ်သည်။ လုပ်ငန်းသစ်စတင်လုပ်ကိုင်ရမည်။ စာမေးပွဲဖြေဆိုအောင်မြင်မည်။ ခရီးယာယီတွေသွားရာတွင် ကား ၊ဆိုင်ကယ် ဂရုစိုက်မောင်းပါ။    
 
အကျိုးပေးဂဏန်း -၆ ၊ ၉ ၊ ၄။
အထူးဟော - အောင်မြင်မှု့ ထိပ်ရောက်ရန် ဇွဲရှိဖို့တော့လိုပါသည်။  
ယတြာ - ဘုရားရင်တော်ကို ရွှေသင်္ကန်းကပ်ပါ။      
 
ကြာသပတေး
 
ခင်မင်သူ တစ်ယောက် နှင့် စိတ်ဝမ်းကွဲမယ် ပြန်ခေါ်မည်။ မရောက်ဘူးသောခရီး များရောက်မည်။ ခရီးဝေးယာယီတွေရောက်မည်။ စွဲလန်းသူက လက်ထပ်ရန်ပြောလာမည်။  စက်မှု့ပစ္စည်းများဝင်မည်။ လက်ထပ်ဖြစ်မည်။ ကျန်းမာရေး အနည်းငယ်ချူချာမည်။ အလုပ်ကိစ္စဖြင့် စကားပြောဖြေရှင်းရတတ်သည် ။ ငွေကြေးကိစ္စ ပြောရတတ်သည်။ အလုပ်အကိုင် စီးပွားရေး လုပ်ဆောင်မှု့ အကျိုးအမြတ်ရမည်။ အကြီးအကဲ၏ အထင်လွဲခြင်းခံရမည်။ ဆွေမျိုးသားချင်းအတွက် စိတ်ရှုပ်ရတတ်သည်။ ဖြေဆိုသော စာမေးပွဲများအောင်မြင်မည်။ လက်ဆောင်တွေရမည်။
 
အကျိုးပေးဂဏန်း - ၅ ၊ ၀ ၊ ၉။
အထူးဟော - အောင် မြင်မှုရမည်။  
ယတြာ - ကလေးတွေကို မုန့် ၅၀၀ ကျပ်ဖိုးဝယ်ကျွေးပြီး ဆုတောင်းပါ။    
 
သောကြာ
          သံယောဇဉ်များလာမည်။ အချစ်ရေးမှာ ရည်းစားလုပွဲတစ်ခုဖြစ်လာမည်။ စီးပွားရေးလုပ်ငန်း တို့ အကောင်အထည်ဖော်ဖြစ်မည်။ ဖြေဆိုသော စာမေးပွဲ ၊ အင်တာဗျူး တို့အောင်မြင်မည်။ အဝေးမိတ်ဆွေ အကူအညီရမည်။ အဝေးအရပ်တွင် အလုပ်လုပ်ရတတ်သည်။ မင်္ဂလာလက်ထပ်ပွဲဖြစ်မည်။ အိမ်ထောင်ပြုကာ နီး မိဘသားချင်းတို့ သဘောမတူပြဿနာကြုံမည်။  ခြေ ၊ လက်တို့ ခိုက်မိမည်။ ၀မ်းပျက် ၊ ၀မ်းလျှော ၀မ်းနာတတ်၍ဂရုစိုက်ပါ။ ရေလမ်းဂရုစိုက်ပါ။
        
အကျိုးပေးဂဏန်း - ၂ ၊ ၄ ၊ ၈။
အထူးဟော - အဆင်ပြေမည်။
ယတြာ - ရေမြောင်းဆယ်ပါ။ လမ်းသန့်ရှင်းရေးလုပ်ပြီး ဆုတောင်းပါ။   
 
စနေ
          ကံကောင်းခြင်း ၊ တိုးတက်ခြင်း ၊ အောင်မြင်ခြင်း တို့ ရောင်ခြည်သမ်းလာလိမ့်မည်။ ဆက်လုပ်ပါ။ မုချအောင်မြင်မှု့ရမည်။ လုပ်ငန်းသစ် က လုပ်ငန်းဟောင်းထက် ပို၍ အောင်မြင်မည်။ ၀င်ငွေကောင်းနေ မည်။ ဖြေဆိုမှု့ စာမေးပွဲ ၊ အင်တာဗျူး အောင်မြင်မည်။ အချစ်ရေးမှာ မိဘသားချင်းနှင့် သဘောထား မတိုက် ဆိုင်မှု့တွေကြောင့် စိတ်ဆင်းရဲရလိမ့်မည်။ စွန့်စားမှု့တွေ ကြိုးစားတိုင်း နှောင့်နှေးမှုတွေဖြစ်လာမည်။ ခရီးယာယီတွေရောက်မည် ။ ငွေစုလိုက်ရမည်။ ထီထိုးလိုက်ပါ။ သူများအရှုပ်ကိုယ့်အရှုပ်ဖြစ်တတ်၍ စကားပြောဆင်ခြင်ပါ။   
 
အကျိုးပေးဂဏန်း - ၇ ၊ ၂ ၊ ၀။
အထူးဟော - ကံကောင်းမည် ။
ယတြာ - သံဃာတော်တွေကို သက်စေ့ဆွမ်းကပ်ပါ။    

No comments:

Post a Comment