Wednesday, June 5, 2013

ကေအိုင်အေ (ကချင်) အဖွဲ့မှ လူနေအိမ် အတွင်း မိုင်းထောင်

Photo: ကေအိုင်အေ (ကချင်) အဖွဲ့မှ လူနေအိမ် အတွင်း မိုင်းထောင်
Wednesday, June 5, 2013

၂၀၁၃ခုနှစ်၊ ဇွန်လ ၃ရက် ည(၁၁)နာရီ အချိန့်ခန့်တွင် ၀ါရှောင်မြို့ ရပ်ကွက် (၅)နေ ဦးလူထန်း၊ (ဇနီး) ဒေါ်ဂွယ် ဂလောင် တို့၏ နေအိမ်သို့ ကေအိုင်အေ (ကချင်)အဖွဲ့မှ အင်အား (၄)ဦးခန့်သည် လက်နက်ငယ် ကိုယ်စီဖြင့် ရောက်ရှိလာပြီး အိမ်တံခါးအား ခေါက်ရာ အိမ်ရှင်ဖြစ်သူ ဒေါ်ဂွယ်ဂလောင်မှ “သူခိုး၊ သူခိုး” ဟု အော်သဖြင့် ကေအိုင်အေ တစ်ဦးမှ “ မအော်နဲ့ နင်တို့ တစ်အိမ်လုံး မိုင်းထောင်ပစ်မယ် ”ဟု ပြောဆိုခဲ့ပြီး ည(၁၁) နာရီ (၃၀)မိနစ် အချိန်ခန့် တွင် ပြန်လည် ထွက်ခွာသွားခဲ့သည်။

၂၀၁၃ခုနှစ်၊ ဇွန်လ ၄ရက် နံနက်(၆)နာရီ အချိန်ခန့်တွင် အိမ်ရှင်များမှ ကုန်စုံဆိုင်အတွင်း စစ်ဆေးရာ ဆိုင်အတွင်းရှိ ပစ္စည်းများ သိမ်းဆည်းသည့် စက္ကူဖာ အတွင်း၌ တရုတ် လက်ပစ်ဗုံးဖြင့် မိုင်းထောင်ခဲ့ကြောင်း သိရှိရသဖြင့် နယ်မြေခံ တပ်မတော်သား အင်ဂျင်နီယာ တပ်ဖွဲ့များမှ သွားရောက် ရှင်းလင်းခဲ့ရာ နံနက် (၇)နာရီ (၃၀)မိနစ် အချိန်ခန့်တွင် မိုင်းအား အသက်မဲ့ ပြု လုပ် နိုင်ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ
၂၀၁၃ခုနှစ်၊ ဇွန်လ ၃ရက် ည(၁၁)နာရီ အချိန့်ခန့်တွင် ၀ါရှောင်မြို့ရပ်ကွက် (၅)နေ ဦးလူထန်း၊ (ဇနီး) ဒေါ်ဂွယ် ဂလောင်တို့၏ နေအိမ်သို့ ကေအိုင်အေ (ကချင်)အဖွဲ့မှ အင်အား (၄)ဦးခန့်သည် လက်နက်ငယ် ကိုယ်စီဖြင့် ရောက်ရှိလာပြီး အိမ်တံခါးအား ခေါက်ရာ အိမ်ရှင်ဖြစ်သူ ဒေါ်ဂွယ်ဂလောင်မှ “သူခိုး၊ သူခိုး” ဟု အော်သဖြင့် ကေအိုင်အေ တစ်ဦးမှ “ မအော်နဲ့ နင်တို့ တစ်အိမ်လုံး မိုင်းထောင်ပစ်မယ် ”ဟု ပြောဆိုခဲ့ပြီး ည(၁၁) နာရီ (၃၀)မိနစ် အချိန်ခန့် တွင် ပြန်လည် ထွက်ခွာသွားခဲ့သည်။

၂၀၁၃ခုနှစ်၊ ဇွန်လ ၄ရက် နံနက်(၆)နာရီ အချိန်ခန့်တွင် အိမ်ရှင်များမှ ကုန်စုံဆိုင်အတွင်း စစ်ဆေးရာ ဆိုင်အတွင်းရှိ ပစ္စည်းများသိမ်းဆည်းသည့် စက္ကူဖာအတွင်း၌ တရုတ်လက်ပစ်ဗုံးဖြင့် မိုင်းထောင်ခဲ့ကြောင်း သိရှိရသဖြင့် နယ်မြေခံတပ်မတော်သားအင်ဂျင်နီယာတပ်ဖွဲ့များမှ သွားရောက်ရှင်းလင်းခဲ့ရာ နံနက် (၇)နာရီ (၃၀)မိနစ် အချိန်ခန့်တွင် မိုင်းအား အသက်မဲ့ ပြု လုပ် နိုင်ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment