Wednesday, June 5, 2013

ယခင်နေရပ်သို့မပြန်ချင်သည့် စစ်ဘေးရှောင်များအတွက် နေအိမ်များစီစဉ်လျက်ရှိ

Photo: ယခင်နေရပ်သို့မပြန်ချင်သည့် စစ်ဘေးရှောင်များအတွက် နေအိမ်များစီစဉ်လျက်ရှိ
Wednesday, June 5, 2013

ကချင်ပြည်နယ်ရှိ ယခင်နေထိုင်ခဲ့သည့်ဒေသသို့ မပြန်ချင်သည့် စစ်ဘေးရှောင်ပြည်သူများအတွက် ဝိုင်းမော်မြို့နယ်ရှိ ပ.လ.န (၄)ကျေးရွာ အုပ်စုအတွင်းရှိ ရွာသစ်ကျေးရွာ၌ အိမ်ခြေအလုံးရေ ၂၀၃လုံးခန့် အား ဖေဖော်ဝါရီလပိုင်းမှစတင်၍ ဆောက်လုပ်ပေးလျက်ရှိကြောင်း ကချင် ပြည်နယ် လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ဘောက်ဂျာ၏ ပြောကြားချက်အရ သိရသည်။

အခုလက်ရှိ ပ.လ.န(၄)ကျေးရွာအုပ်စုက ရွာသစ်ကျေးရွာဆိုပြီး မပြန်ချင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေ အတွက် အဲဒီမှာ အိမ်၂၀၀လုံး ဆောက်လုပ်ပေးနေပါတယ်။ ပြီးတော့ အစိုးရဝန်ထမ်းတွေအတွက်လည်း တစ်အိမ်ကို ၈သိန်းနဲ့ အရစ်ကျရောင်းချဖို့ ရှိပါတယ်။ နောက်ပြီး ဒီ အိမ်တွေက ၉ပေပတ်လည် နှစ်ခန်းပါရှိ ပါတယ်။ ကျန်တဲ့ အိမ်သုံးလုံးကတော့ စစ်ဘေးရှောင် ပြည်သူအတွက် ဖြစ်ပါတယ်”ဟု တာဝန် ယူ ဆောက်လုပ်ပေးနေ သည့် ကေဇင်ဆောက်လုပ်ရေးကုမ္ပဏီနှင့် နီးစပ်သူ တစ်ဦးက ပြောကြား သည်။

အဆိုပါ ၉ပေပတ်လည်နှစ်ခန်းပါပြီး မြေအကျယ် ပေ၄၀ ပေ၆၀ တကွက်အား တန်ဖိုးအနေဖြင့် ၈သိန်း သတ်မှတ် ထားပြီး ယခင်နေထိုင်ခဲ့သည့် အရပ်ဒေသသို့ မပြန်ချင်သည့် စစ်ဘေးရှောင်ပြည်သူများအား အခမဲ့ပေးနေသွားမည်ဖြစ်ကြောင်း သိရပြီး အစိုးရဝန်ထမ်းများအတွက် သတ် မှတ်ဈေး ၈သိန်းအား အရစ်ကျစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆောက်လုပ်ပေးရာတွင် အစိုးရဝန်ထမ်းများအတွက်လည်း အရစ်ကျစနစ်ဖြင့် ရောင်းချ သွားရန်လည်း စီစဉ်ထားကြောင်း ဒေါ်ဘောက် ဂျာ၏ ပြောကြားချက်အရ သိရသည်။

ယခုလက်ရှိအချိန်တွင် ပြီးခဲ့သည့် ၂၀၁၁ခုနှစ် ၆လပိုင်း ၁၅ရက်နေ့မှ ၂၀၁၃ခုနှစ် ၅လပိုင်း ၂၇ရက်နေ့အထိ ကချင်ပြည်နယ်အတွင်း စစ်ဘေး ရှောင်ဒေသခံများစာရင်းအရ ၃၈၅၄၀ရှိကြောင်း လူမှုရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ သိရပြီး အဆိုပါ ကျေးလက်အိမ်ရာ တည်ဆောက် ရေးလုပ်ငန်းအား ယခုနှစ် ၂လပိုင်း ၁ရက်နေ့မှစတင်ဆောက်လုပ်ရာ ပြီးစီးသတ်မှတ်ရက်အဖြစ် ၃လပိုင်း ၃၁ရက်နေ့ သတ်မှတ်ထားသော် လည်း ၆လပိုင်းလဆန်းအထိ အိမ်ခြေအလုံးရေ ၂၀၀ခန့်သာ ပြီးစီးလျက် ရှိကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရသည်။

မြန်မာ့ခေတ်
ကချင်ပြည်နယ်ရှိ ယခင်နေထိုင်ခဲ့သည့်ဒေသသို့ မပြန်ချင်သည့် စစ်ဘေးရှောင်ပြည်သူများအတွက် ဝိုင်းမော်မြို့နယ်ရှိ ပ.လ.န (၄)ကျေးရွာ အုပ်စုအတွင်းရှိ ရွာသစ်ကျေးရွာ၌ အိမ်ခြေအလုံးရေ ၂၀၃လုံးခန့် အား ဖေဖော်ဝါရီလပိုင်းမှစတင်၍ ဆောက်လုပ်ပေးလျက်ရှိကြောင်း ကချင် ပြည်နယ် လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ဘောက်ဂျာ၏ ပြောကြားချက်အရ သိရသည်။

အခုလက်ရှိ ပ.လ.န(၄)ကျေးရွာအုပ်စုက ရွာသစ်ကျေးရွာဆိုပြီး မပြန်ချင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေ အတွက် အဲဒီမှာ အိမ်၂၀၀လုံး ဆောက်လုပ်ပေးနေပါတယ်။ ပြီးတော့ အစိုးရဝန်ထမ်းတွေအတွက်လည်း တစ်အိမ်ကို ၈သိန်းနဲ့ အရစ်ကျရောင်းချဖို့ ရှိပါတယ်။ နောက်ပြီး ဒီ အိမ်တွေက ၉ပေပတ်လည် နှစ်ခန်းပါရှိ ပါတယ်။ ကျန်တဲ့ အိမ်သုံးလုံးကတော့ စစ်ဘေးရှောင် ပြည်သူအတွက် ဖြစ်ပါတယ်”ဟု တာဝန်ယူ ဆောက် လုပ်ပေးနေ သည့် ကေဇင်ဆောက်လုပ်ရေးကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးက ပြောကြား သည်။

အဆိုပါ ၉ပေပတ်လည်နှစ်ခန်းပါပြီး မြေအကျယ် ပေ၄၀ ပေ၆၀ တကွက်အား တန်ဖိုးအနေဖြင့် ၈သိန်း သတ်မှတ်ထားပြီး ယခင်နေထိုင်ခဲ့သည့်အရပ်ဒေသသို့ မပြန်ချင်သည့် စစ်ဘေးရှောင်ပြည်သူများအား အခမဲ့ပေးနေသွားမည်ဖြစ်ကြောင်း သိရပြီး အစိုးရဝန်ထမ်းများအတွက် သတ်မှတ်ဈေး ၈သိန်းအား အရစ်ကျ စနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆောက်လုပ်ပေးရာတွင် အစိုးရဝန်ထမ်းများအတွက်လည်း အရစ်ကျစနစ်ဖြင့် ရောင်းချသွားရန် လည်း စီစဉ်ထားကြောင်း ဒေါ်ဘောက်ဂျာ၏ ပြောကြားချက်အရ သိရသည်။

ယခုလက်ရှိအချိန်တွင် ပြီးခဲ့သည့် ၂၀၁၁ခုနှစ် ၆လပိုင်း ၁၅ရက်နေ့မှ ၂၀၁၃ခုနှစ် ၅လပိုင်း ၂၇ရက်နေ့အထိ ကချင်ပြည်နယ်အတွင်း စစ်ဘေး ရှောင်ဒေသခံများစာရင်းအရ ၃၈၅၄၀ရှိကြောင်း လူမှုရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ သိရပြီး အဆိုပါ ကျေးလက်အိမ်ရာ တည်ဆောက် ရေးလုပ်ငန်းအား ယခုနှစ် ၂လပိုင်း ၁ရက်နေ့မှစတင်ဆောက်လုပ်ရာ ပြီးစီးသတ်မှတ်ရက်အဖြစ် ၃လပိုင်း ၃၁ရက်နေ့ သတ်မှတ်ထားသော် လည်း ၆လပိုင်းလဆန်းအထိ အိမ်ခြေအလုံးရေ ၂၀၀ခန့်သာ ပြီးစီးလျက် ရှိကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရသည်။

မြန်မာ့ခေတ်

No comments:

Post a Comment