Saturday, June 29, 2013

ကျောက်မျက်ပြပွဲ ကန်ဒေါ်လာ၂ ဒသမ ၄ ဘီလီယံဖိုး စံချိန်တင်ရောင်းချရ

Photo: ကျောက်မျက်ပြပွဲ ကန်ဒေါ်လာ၂ ဒသမ ၄ ဘီလီယံဖိုး စံချိန်တင်ရောင်းချရ
Saturday, June 29, 2013

အကြိမ် (၅၀) မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲတွင် အမေရိကန် ဒေါ်လာ၂ ဒသမ ၄ ဘီလီယံ ရောင်းချ ရခြင်းမှာ ကျောက်မျက်ပြပွဲ သက်တမ်းတစ်လျှောက် စံချိန်တင် ရောင်းချရသည့် ပမာဏဖြစ်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း၏ အကြီးတန်းအရာရှိ တစ်ဦးက The Voice သို့ပြောကြားသည်။

၂၀၁၀ နှစ်လယ်ကျောက်မျက် ရတနာပြပွဲတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၄ ဘီလီယံနှင့်၂၀၁၁ ခုနှစ် (၄၈) ကြိမ်မြောက် ကျောက်မျက်ရတနာ ပြပွဲ၌ ၁ဒသမ ၇၃၅ ဘီလီယံ ရောင်းချခဲ့သည့် စံချိန်များကို ကျော်လွန် ရောင်းချ ရခဲ့ခြင်းလည်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ပြပွဲတွင် ပုလဲ ၂၅၅ တွဲ ပြသခဲ့ပြီး ၂၅၂ တွဲ ရောင်းချ ရကြောင်း၊ ကျောက်မျက် အတွဲပေါင်း ၃၇၉ တွဲတွင် ၁၀၅ တွဲ ရောင်းချရကြောင်း အဆိုပါ အကြီးတန်းအရာရှိက ဆက်လက်ပြောကြားသည်။

ကျောက်စိမ်း အတွဲပေါင်း ၁၀,၀၀၃ တွဲတွင် ၉၆၅၇ တွဲကို တင်ဒါစနစ်နှင့် ရောင်းချရာ ၈၂၆၃ တွဲ ရောင်းချရပြီး ဈေးပြိုင် လေလံ စနစ်ဖြင့် ၃၄၆ တွဲ တင်ပြရောင်းချရာ ၂၂၈ တွဲ ရောင်းချရသောကြောင့် စုစုပေါင်း ကျောက်စိမ်း အတွဲပေါင်း ၈၄၉၁ တွဲ ရောင်းချခဲ့ရကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ဒီပွဲမှာ အရည်သွေးကောင်း ကျောက်တွေ အတော်ပါတယ်။ ၅၀ ရာခိုင်နှုန်းလောက်က အရည်အသွေး အတော်ကောင်းပါတယ်” ဟု ကျောက်မျက်ပွဲရုံ ပိုင်ရှင်တစ်ဦးက ဆိုသည်။

ကျောက်မျက်ပြပွဲ မကျင်းပသည်မှာ တစ်နှစ်ခွဲခန့် ကြာပြီ ဖြစ်သောကြောင့် ကျောက်ကုန်သည် အများအပြားက ဝယ်ယူကြပြီး ပြည်ပကျောက်မျက် လုပ်ငန်းရှင်များက ပိုမိုဝယ်ယူမှု များပြားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အကြိမ် (၅၀) မြောက်ရွှေရတု မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို ဇွန်လ ၁၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ နေပြည်တော်၌ ပြသရောင်းချခဲ့ခြင်း ဖြစ်ပြီး ယင်းပြပွဲတွင် ပြည်တွင်း ပုဂ္ဂလိကဘဏ်များက ငွေလဲကောင်တာနှင့် ATM များကို ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်ထားရှိ ပေးခဲ့သည်။

The Voice Weekly
အကြိမ် (၅၀) မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲတွင် အမေရိကန် ဒေါ်လာ၂ ဒသမ ၄ ဘီလီယံ ရောင်းချ ရခြင်းမှာ ကျောက်မျက်ပြပွဲ သက်တမ်းတစ်လျှောက် စံချိန်တင် ရောင်းချရသည့် ပမာဏဖြစ်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း၏ အကြီးတန်းအရာရှိ တစ်ဦးက The Voice သို့ပြောကြားသည်။ ၂၀၁၀ နှစ်လယ်ကျောက်မျက် ရတနာပြပွဲတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၄ ဘီလီယံနှင့်၂၀၁၁ ခုနှစ် (၄၈) ကြိမ်မြောက် ကျောက်မျက်ရတနာ ပြပွဲ၌ ၁ဒသမ ၇၃၅ ဘီလီယံ ရောင်းချခဲ့သည့် စံချိန်များကို ကျော်လွန် ရောင်းချ ရခဲ့ခြင်းလည်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ပြပွဲတွင် ပုလဲ ၂၅၅ တွဲ ပြသခဲ့ပြီး ၂၅၂ တွဲ ရောင်းချ ရကြောင်း၊ ကျောက်မျက် အတွဲပေါင်း ၃၇၉ တွဲတွင် ၁၀၅ တွဲ ရောင်းချရကြောင်း အဆိုပါ အကြီးတန်းအရာရှိက ဆက်လက်ပြောကြားသည်။

ကျောက်စိမ်း အတွဲပေါင်း ၁၀,၀၀၃ တွဲတွင် ၉၆၅၇ တွဲကို တင်ဒါစနစ်နှင့် ရောင်းချရာ ၈၂၆၃ တွဲ ရောင်းချရပြီး ဈေးပြိုင် လေလံ စနစ်ဖြင့် ၃၄၆ တွဲ တင်ပြရောင်းချရာ ၂၂၈ တွဲ ရောင်းချရသောကြောင့် စုစုပေါင်း ကျောက်စိမ်း အတွဲပေါင်း ၈၄၉၁ တွဲ ရောင်းချခဲ့ရကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ဒီပွဲမှာ အရည်သွေးကောင်း ကျောက်တွေ အတော်ပါတယ်။ ၅၀ ရာခိုင်နှုန်းလောက်က အရည်အသွေး အတော်ကောင်းပါတယ်” ဟု ကျောက်မျက်ပွဲရုံ ပိုင်ရှင်တစ်ဦးက ဆိုသည်။

ကျောက်မျက်ပြပွဲ မကျင်းပသည်မှာ တစ်နှစ်ခွဲခန့် ကြာပြီ ဖြစ်သောကြောင့် ကျောက်ကုန်သည် အများ အပြားက ဝယ်ယူကြပြီး ပြည်ပကျောက်မျက် လုပ်ငန်းရှင်များက ပိုမိုဝယ်ယူမှု များပြားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အကြိမ် (၅၀) မြောက်ရွှေရတု မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို ဇွန်လ ၁၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ နေပြည်တော်၌ ပြသရောင်းချခဲ့ခြင်း ဖြစ်ပြီး ယင်းပြပွဲတွင် ပြည်တွင်း ပုဂ္ဂလိက ဘဏ်များက ငွေလဲကောင်တာနှင့် ATM များကို ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်ထားရှိ ပေးခဲ့သည်။

The Voice Weekly

No comments:

Post a Comment