Saturday, June 29, 2013

စနိုဒန်၏ နိုင်ငံရေး ခိုလှုံခွင့်နှင့် စပ်လျဉ်း၍ အီကွေဒေါနှင့် ရုရှား နိုင်ငံတို့အား အမေရိကန် သတိပေး

Photo: စနိုဒန်၏ နိုင်ငံရေး ခိုလှုံခွင့်နှင့် စပ်လျဉ်း၍ အီကွေဒေါနှင့် ရုရှား နိုင်ငံတို့အား အမေရိကန် သတိပေး 
Saturday, June 29, 2013

အမေရိကန် အမျိုးသား အေဂျင်စီ၏ လျှို့ဝှက် အစီအစဉ်များအား ဖွင့်ချခဲ့သည့် အက်ဒ်ဝပ်စနိုဒန်သည် ရုရှား နိုင်ငံအတွင်း နိုင်ငံရေး ခိုလှုံခွင့် တောင်းခံရန် ဆန္ဒရှိနေကြောင်း ရုရှား အာဏာပိုင် တစ်ဦးက ဇွန် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင် အနေဖြင့်လည်း စနိုဒန်၏ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံမှုအား စဉ်းစား ဆုံးဖြတ်နိုင်ကြောင်း ရုရှား သမ္မတဆိုင်ရာ လူအခွင့် အရေးကောင်စီမှ ခေါင်းဆောင် တစ်ဦး ဖြစ်သူမီခေးလ် ဖီနိုတော့ဗ်က Interfax သတင်းဌာနသို့ ပြောကြားခဲ့သည်။

အမေရိကန်မှ သူလျှိုလုပ်မှု နှစ်ခု အပါအဝင် ကြီးလေးသော ပြစ်မှုသုံးခုဖြင့် တရားစွဲဆိုခြင်း ခံထားရသော စနိုဒန်သည် မော်စကိုမြို့ရှိ ရှက်ရီမီယေမို လေဆိပ်သို့ ဇွန် ၂၃ ရက်က ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အီကွေဒေါ နိုင်ငံကလည်း စနိုဒန်၏နိုင်ငံရေး  ခိုလှုံခွင့် တောင်းခံမှုအား လက်ခံ ရရှိခဲ့ကြောင်း၊ သို့ရာတွင် ၄င်း၏ နိုင်ငံရေး ခိုလှုံခွင့်နှင့် စပ်လျဉ်း၍ အလျင်အမြန် ဆုံးဖြတ်သွားမည် မဟုတ်ကြောင်း  အီကွေဒေါ နိုင်ငံခြားရေး ဝန်ကြီးဌာနက အစောပိုင်း၌ ထုတ်ပြန် ခဲ့သည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ အမေရိကန် နိုင်ငံက စနိုဒန်အား အမေရိကန် ပြည်ထောင်စုသို့ ပြန်လည် လွှဲပြောင်း ပေးရန် ရုရှား နိုင်ငံအား ဇွန် ၂၇ ရက်က ထပ်လောင်း တောင်းဆိုခဲ့ပြီး ၄င်းအား အီကွေဒေါ နိုင်ငံက နိုင်ငံရေး ခိုလှုံခွင့် ပေးခဲ့ပါက ၄င်းနိုင်ငံနှင့် အမေရိကန် နှစ်နိုင်ငံ အကြား ဆက်ဆံရေးအား ထိခိုက်စေ နိုင်သည်ဟု အမေရိကန် နိုင်ငံက သတိ ပေးခဲ့ကြောင်း သိရသည်။

 မြ၀တီ
အမေရိကန် အမျိုးသား အေဂျင်စီ၏ လျှို့ဝှက် အစီအစဉ်များအား ဖွင့်ချခဲ့သည့် အက်ဒ်ဝပ်စနိုဒန်သည် ရုရှား နိုင်ငံအတွင်း နိုင်ငံရေး ခိုလှုံခွင့် တောင်းခံရန် ဆန္ဒရှိနေကြောင်း ရုရှား အာဏာပိုင် တစ်ဦးက ဇွန် ၂၇ ရက်တွင် ပြောကြားခဲ့သည်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင် အနေဖြင့်လည်း စနိုဒန်၏ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံမှုအား စဉ်းစား ဆုံးဖြတ်နိုင်ကြောင်း ရုရှား သမ္မတဆိုင်ရာ လူအခွင့် အရေးကောင်စီမှ ခေါင်းဆောင် တစ်ဦး ဖြစ်သူမီခေးလ် ဖီနိုတော့ဗ်က Interfax သတင်းဌာနသို့ ပြောကြားခဲ့သည်။

အမေရိကန်မှ သူလျှိုလုပ်မှု နှစ်ခု အပါအဝင် ကြီးလေးသော ပြစ်မှုသုံးခုဖြင့် တရားစွဲဆိုခြင်း ခံထားရသော စနိုဒန်သည် မော်စကိုမြို့ရှိ ရှက်ရီမီယေမို လေဆိပ်သို့ ဇွန် ၂၃ ရက်က ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အီကွေဒေါ နိုင်ငံကလည်း စနိုဒန်၏နိုင်ငံရေး ခိုလှုံခွင့် တောင်းခံမှုအား လက်ခံ ရရှိခဲ့ကြောင်း၊ သို့ရာတွင် ၄င်း၏ နိုင်ငံရေး ခိုလှုံခွင့်နှင့် စပ်လျဉ်း၍ အလျင်အမြန် ဆုံးဖြတ်သွားမည် မဟုတ်ကြောင်း အီကွေဒေါ နိုင်ငံခြားရေး ဝန်ကြီးဌာနက အစောပိုင်း၌ ထုတ်ပြန် ခဲ့သည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ အမေရိကန် နိုင်ငံက စနိုဒန်အား အမေရိကန် ပြည်ထောင်စုသို့ ပြန်လည် လွှဲပြောင်း ပေးရန် ရုရှား နိုင်ငံအား ဇွန် ၂၇ ရက်က ထပ်လောင်း တောင်းဆိုခဲ့ပြီး ၄င်းအား အီကွေဒေါ နိုင်ငံက နိုင်ငံရေး ခိုလှုံခွင့် ပေးခဲ့ပါက ၄င်းနိုင်ငံနှင့် အမေရိကန် နှစ်နိုင်ငံ အကြား ဆက်ဆံရေးအား ထိခိုက်စေ နိုင်သည်ဟု အမေရိကန် နိုင်ငံက သတိ ပေးခဲ့ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment