Friday, June 28, 2013

အမှန်တကယ် ဆင်းရဲချို့တဲ့သူများကို စိစစ်၍ အခမဲ့ ဆေးကုသမှု ပေးနိုင်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆို အမျိုးသားလွှတ်တော် က မှတ်တမ်းတင်ရန် ဆုံးဖြတ်

Photo: အမှန်တကယ် ဆင်းရဲချို့တဲ့သူများကို စိစစ်၍ အခမဲ့ ဆေးကုသမှု ပေးနိုင်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆို အမျိုးသားလွှတ်တော် က မှတ်တမ်းတင်ရန် ဆုံးဖြတ်
Friday, June 28, 2013

မြန်မာနိုင်ငံတွင် ကျန်းမာရေးကဏ္ဍ၌ ကျန်းမာရေး စီမံကိန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသကဲ့သို့ ပြည်သူများ ဆင်းရဲနွမ်းပါးမှု လျော့ကျစေရေး အစီအမံတစ်ခု အနေဖြင့် အမှန်တကယ် ဆင်းရဲချို့တဲ့သူများအား စိစစ်၍ အခမဲ့ဆေးကုသမှု (Free Medical Service) ပေးနိုင်ရန် ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ဇွန် ၂၆ ရက်တွင် ပြုလုပ်သော အမျိုးသား လွှတ်တော်က မှတ်တမ်းတင်ရန် ဆုံးဖြတ်ခဲ့သည်။

ယင်းအဆိုအား ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) မှ အမျိုးသားလွှတ်တော် ဒေါက်တာဌေးဝင်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးက ထောက်ခံ ဆွေးနွေးခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ် အများစုမှ ဆွေးနွေးရာတွင် ၎င်းတို့သက်ဆိုင်ရာ မဲဆန္ဒနယ်များရှိ ဆေးရုံများတွင် ဆရာဝန်များ မရှိခြင်း၊ ဆေးဝါးပစ္စည်း မလုံလောက်ခြင်း၊ ဆေးပစ္စည်း ရှိသော်လည်း အများပြည်သူသို့ မထုတ်ပေးခြင်း စသည့် ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေများကို ကိုးကား၍ ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံရှိ ဆင်းရဲသား ပြည်သူအများစုတွင် ရာခိုင်နှုန်း ၇၀ မှာ ကျေးလက်တောင်ပေါ်နေ ပြည်သူများ ဖြစ်ကြောင်း၊ အဆိုပါ ပြည်သူများအတွက် အခမဲ့ ဆေးဝါးကုသမှု လုပ်ဆောင်မည် ဆိုပါက ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့် ကျေးလက်ဒေသ တောင်ပေါ်မကျန် ဖွင့်လှစ်ထားခဲ့သည့် ကျန်းမာရေးဌာန၊ ဌာနခွဲများ၊ တိုက်နယ်ဆေးရုံများတွင် အခြေခံ ဆေးဝါးပစ္စည်းများ အပြည့်အစုံပေးရန် လိုကြောင်း၊ တိုက်နယ်ဆေးရုံများ၏ ဆေးခွဲတမ်းများကို ဆေးရုံကြီးကြပ်မှု ကော်မတီများမှ ဖွင့်ဖောက် စစ်ဆေးကာ တာဝန်ရှိ ဆေးရုံဆရာဝန်ထံ အပ်နှင်းရန် လိုကြောင်းနှင့် ကျန်းမာရေးဌာန၊ ဌာနခွဲများသို့ ခွဲဝေပေးလိုက်သော ဆေးဝါးများကိုလည်း ဆင်းရဲသား ပြည်သူများအတွက် အကျိုးရှိရှိ အသုံးပြုစေရန် ကြပ်မတ်ပေးအပ်ရန် လိုကြောင်း စသည်ဖြင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးသောင်းက ဆွေးနွေးခဲ့သည်။

ထိုသို့လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို ကျန်းမာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာသိန်းသိန်းဌေးက ၀န်ကြီးဌာန၏ လက်ရှိဆောင်ရွက်နေမှု အခြေအနေများဖြင့် ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီး အဆိုတင်သွင်းမှုအား ပြန်လည်စဉ်းစားသင့်ကြောင်း ပြောကြားခဲ့သည်။

အဆိုရှင်ဖြစ်သူ ဒေါက်တာဌေးဝင်းက ''အခု ကျန်းမာရေး ဒုတိယ၀န်ကြီး ဆွေးနွေးချက်အရ ဒီလိုဆင်းရဲတဲ့ ပြည်သူတွေကို အခမဲ့ကုသပေးနေပြီ ဆိုတဲ့အကြောင်း သိရှိရတဲ့အတွက် အထူးပဲ ကျေးဇူးတင် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွက်လည်း အခြားနိုင်ငံတွေ မလုပ်နိုင်တဲ့ ကိုယ့်နိုင်ငံက ဆင်းရဲနွမ်းပါး ပြည်သူများကို အခမဲ့ ဆေးကုသမှု ပေးနိုင်တယ်ဆိုတာ နိုင်ငံအတွက် ဂုဏ်ယူစရာ ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တောင်းဆိုချင်တာက ကျွန်တော်ကျန်းမာရေး ၀န်ထမ်းလုပ်ခဲ့တဲ့ ကာလတစ်လျှောက်မှာ ၁၉၉၀ ၀န်းကျင်လောက်က စရိတ်မျှပေး ကျန်းမာရေး စနစ်ကို ကျန်းမာရေး ၀န်ကြီးဌာနက ဆောင်ရွက်ခဲ့ပါတယ်။ စရိတ်မျှပေး ကျန်းမာရေးစနစ်သည် ပိုက်ဆံတတ်နိုင်သူတွေကို ငွေကြေးပေးပြီး ဈေးပေါပေါနဲ့ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေအတွက် အခမဲ့ ကုသပေးဖို့ ရည်ရွယ်ခဲ့ခြင်း ဖြစ်ပါတယ်။ သို့သော်လည်းပဲ အဲဒီဆေးကုသ ပေးမှုသည် ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေအတွက် မဟုတ်ဘဲ ပိုက်ဆံရှိတဲ့သူတွေ အတွက်ပဲ တဖြည်းဖြည်း ဖြစ်သွားတဲ့အတွက် ဒါမျိုးဖြစ်မှာတော့ အင်မတန်စိုးရိမ်ပါတယ်'' ဟု ပြောကြားသည်။

ထို့နောက် လွှတ်တော်က ယင်းအဆိုအား မှတ်တမ်းတင်ရန် ဆုံးဖြတ်ခဲ့သည်။

EMG
ကျင်းပလျက်ရှိသော အမျိုးသားလွှတ်တော်အား ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)


မြန်မာနိုင်ငံတွင် ကျန်းမာရေးကဏ္ဍ၌ ကျန်းမာရေး စီမံကိန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေ သကဲ့သို့ ပြည်သူများ ဆင်းရဲနွမ်းပါးမှု လျော့ကျစေရေး အစီအမံတစ်ခု အနေဖြင့် အမှန်တကယ် ဆင်းရဲချို့တဲ့
သူများအား စိစစ်၍ အခမဲ့ဆေးကုသမှု (Free Medical Service) ပေးနိုင်ရန် ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ဇွန် ၂၆ ရက်တွင် ပြုလုပ်သော အမျိုးသား လွှတ်တော်က မှတ်တမ်း တင်ရန် ဆုံးဖြတ်ခဲ့သည်။

ယင်းအဆိုအား ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅) မှ အမျိုးသား လွှတ်တော် ဒေါက်တာဌေးဝင်း က တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးက ထောက်ခံ ဆွေးနွေးခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ် အများစုမှ ဆွေးနွေးရာတွင် ၎င်းတို့သက်ဆိုင်ရာ မဲဆန္ဒနယ်များရှိ ဆေးရုံများတွင် ဆရာဝန်များ မရှိခြင်း၊ ဆေးဝါးပစ္စည်း မလုံလောက်ခြင်း၊ ဆေးပစ္စည်း ရှိသော်လည်း အများပြည်သူသို့ မထုတ်ပေးခြင်း စသည့် ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေများကို ကိုးကား ၍ ဆွေးနွေး ခဲ့ကြသည်။

မြန်မာနိုင်ငံရှိ ဆင်းရဲသား ပြည်သူအများစုတွင် ရာခိုင်နှုန်း ၇၀ မှာ ကျေးလက်တောင်ပေါ်နေ ပြည်သူ များ ဖြစ်ကြောင်း၊ အဆိုပါ ပြည်သူများအတွက် အခမဲ့ ဆေးဝါးကုသမှု လုပ်ဆောင်မည် ဆိုပါက ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့် ကျေးလက်ဒေသ တောင်ပေါ်မကျန် ဖွင့်လှစ်ထားခဲ့သည့် ကျန်းမာရေးဌာန၊ ဌာနခွဲများ၊ တိုက်နယ်ဆေးရုံများတွင် အခြေခံ ဆေးဝါးပစ္စည်းများ အပြည့်အစုံပေးရန် လိုကြောင်း၊ တိုက်နယ်ဆေးရုံ များ၏ ဆေးခွဲတမ်းများကို ဆေးရုံကြီးကြပ်မှု ကော်မတီများမှ ဖွင့်ဖောက် စစ်ဆေးကာ တာဝန်ရှိ ဆေးရုံ ဆရာဝန်ထံ အပ်နှင်းရန် လိုကြောင်းနှင့် ကျန်းမာရေးဌာန၊ ဌာနခွဲများသို့ ခွဲဝေပေး လိုက်သော ဆေးဝါး များကိုလည်း ဆင်းရဲသား ပြည်သူများအတွက် အကျိုးရှိရှိ အသုံးပြုစေရန် ကြပ်မတ်ပေး အပ်ရန် လိုကြောင်း စသည်ဖြင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးသောင်း က ဆွေးနွေးခဲ့သည်။

ထိုသို့လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို ကျန်းမာရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာ သိန်းသိန်းဌေးက ၀န်ကြီးဌာန၏ လက်ရှိဆောင်ရွက်နေမှု အခြေအနေ များဖြင့် ပြန်လည် ရှင်းလင်း ပြောကြားခဲ့ပြီး အဆိုတင်သွင်း မှုအား ပြန်လည် စဉ်းစား သင့်ကြောင်း ပြောကြား ခဲ့သည်။

အဆိုရှင်ဖြစ်သူ ဒေါက်တာဌေးဝင်းက ''အခု ကျန်းမာရေး ဒုတိယ၀န်ကြီး ဆွေးနွေးချက်အရ ဒီလို ဆင်းရဲတဲ့ ပြည်သူတွေကို အခမဲ့ကုသပေးနေပြီ ဆိုတဲ့အကြောင်း သိရှိရတဲ့အတွက် အထူးပဲ ကျေးဇူးတင် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွက်လည်း အခြားနိုင်ငံတွေ မလုပ်နိုင်တဲ့ ကိုယ့်နိုင်ငံက ဆင်းရဲနွမ်းပါး ပြည်သူများကို အခမဲ့ ဆေးကုသမှု ပေးနိုင်တယ်ဆိုတာ နိုင်ငံအတွက် ဂုဏ်ယူစရာ ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တောင်းဆိုချင်တာက ကျွန်တော်ကျန်းမာရေး ၀န်ထမ်းလုပ်ခဲ့တဲ့ ကာလ တစ်လျှောက်မှာ ၁၉၉၀ ၀န်းကျင်လောက်က စရိတ်မျှပေး ကျန်းမာရေး စနစ်ကို ကျန်းမာရေး ၀န်ကြီး ဌာနက ဆောင်ရွက်ခဲ့ပါတယ်။ စရိတ်မျှပေး ကျန်းမာရေးစနစ်သည် ပိုက်ဆံတတ်နိုင်သူတွေ ကို ငွေကြေးပေး ပြီး ဈေးပေါပေါနဲ့ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေအတွက် အခမဲ့ ကုသပေးဖို့ ရည်ရွယ် ခဲ့ခြင်း ဖြစ်ပါတယ်။ သို့သော်လည်းပဲ အဲဒီဆေးကုသ ပေးမှုသည် ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေအတွက် မဟုတ်ဘဲ ပိုက်ဆံရှိတဲ့ သူတွေ အတွက်ပဲ တဖြည်းဖြည်း ဖြစ်သွားတဲ့အတွက် ဒါမျိုးဖြစ်မှာတော့ အင်မတန်စိုးရိမ်ပါတယ်'' ဟု ပြောကြားသည်။

ထို့နောက် လွှတ်တော်က ယင်းအဆိုအား မှတ်တမ်းတင်ရန် ဆုံးဖြတ်ခဲ့သည်။

EMG
ကျင်းပလျက်ရှိသော အမျိုးသားလွှတ်တော်အား ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)

No comments:

Post a Comment