Friday, June 28, 2013

၂၀၁၃-၁၄ ပညာသင်နှစ်၌ ကိုယ်ပိုင်ကျောင်း ၉၄ ကျောင်း အသစ်ထပ်မံ ဖွင့်လှစ်ခွင့်ပြု

၂၀၁၃-၁၄ ပညာသင်နှစ်၌ ကိုယ်ပိုင်ကျောင်း ၉၄ ကျောင်း အသစ်ထပ်မံ ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း ပညာရေး
ဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ အသစ်ထပ်မံ ဖွင့်လှစ်ခွင့် ပြုလိုက်သည့် ကိုယ်ပိုင်ကျောင်း ၉၄ ကျောင်းအား ယာယီခွင့်ပြုကာလ သက်တမ်း နှစ်နှစ်နှင့် စမ်းသပ်ခွင့်ပြုကာလ တစ်နှစ် သက်တမ်းတို့ဖြင့် ခွင့်ပြု ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ပုဂ္ဂလိကကျောင်း ၉၄ ကျောင်းကို အသစ်ထပ်မံ ဖွင့်လှစ်ခွင့် ပြုခဲ့ ပါတယ်။ ကျန်တဲ့ ကျောင်းတွေကတော့ မနှစ်က စမ်းသပ်ကာလ တစ်နှစ်ရ ကျောင်းတွေကို သက်တမ်း တိုး နှစ်နှစ်ဖွင့်ခွင့် ပြုခဲ့တာတွေလည်း ရှိပါတယ်။ ကိုယ်ပိုင်ကျောင်းတွေရဲ့ သက်တမ်းတွေကို တစ်နှစ်၊ နှစ်နှစ်နဲ့ ငါးနှစ်သက်တမ်းတွေ အနေနဲ့ ဖွင့်လှစ်ခွင့်ပြုခဲ့ရာမှာ ၂၀၁၃-၁၄ ပညာသင်နှစ်မှာတော့ တစ်နှစ်နဲ့ နှစ်နှစ် သက်တမ်းတွေနဲ့ပဲ ဖွင့်လှစ်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်'' ဟု ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

၂၀၁၂-၁၃ ပညာသင်နှစ်၌ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ကိုယ်ပိုင်ကျောင်း ၆၆ ကျောင်းကို ငါးနှစ်၊ နှစ်နှစ်နှင့် တစ်နှစ်ဟူ၍ သက်တမ်းများခွဲကာ အသီးသီးဖြင့် ကိုယ်ပိုင်ကျောင်း ဥပဒေနှင့် နည်း ဥပဒေ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုရှိမှုအပေါ် မူတည်၍ ဖွင့်လှစ်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။ ၂၀၁၃-၁၄ ပညာသင်နှစ်၌ အသစ်ထပ်မံ ဖွင့်လှစ်ခွင့် ပြုခဲ့သည့် ကိုယ်ပိုင်ကျောင်းများတွင် ငါးနှစ် သက်တမ်း ရ ကျောင်းများ မပါဝင်ခဲ့ပေ။ ယခင်ပညာသင်နှစ်က စမ်းသပ်ကာလဖြင့် တစ်နှစ်သက်တမ်း ဖွင့်လှစ်ခွင့် ရရှိခဲ့...

ပညာရေး ၀န်ကြီးဌာနသည် ၂၀၁၂-၁၃ ပညာသင်နှစ်၌ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ကိုယ်ပိုင်ကျောင်း ၆၆ ကျောင်းကို ငါးနှစ်၊ နှစ်နှစ်နှင့် တစ်နှစ်ဟူ၍ သက်တမ်းများခွဲကာ အသီးသီးဖြင့် ကိုယ်ပိုင်ကျောင်း ဥပဒေနှင့် နည်းဥပဒေ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုရှိမှုအပေါ် မူတည်၍ ဖွင့်လှစ် ခွင့် ပြု ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၃-၁၄ ပညာသင်နှစ်၌ အသစ်ထပ်မံ ဖွင့်လှစ်ခွင့် ပြုခဲ့သည့် ကိုယ်ပိုင်ကျောင်းများတွင် ငါးနှစ်သက်တမ်းရ ကျောင်းများ မပါဝင်ခဲ့ပေ။

ယခင်ပညာသင်နှစ်က စမ်းသပ်ကာလဖြင့် တစ်နှစ်သက်တမ်း ဖွင့်လှစ်ခွင့် ရရှိခဲ့သည့် ကျောင်းများမှာ ယခုပညာသင်နှစ်၌ ယာယီ ခွင့်ပြုကာလ နှစ်နှစ်သက်တမ်းများဖြင့် ထပ်မံသက်တမ်းတိုး ဖွင့်လှစ်ခွင့် ရရှိခဲ့သည်။

သို့ဖြစ်ရာ ၂၀၁၃-၁၄ ပညာသင်နှစ်၌ ယခင်ပညာ သင်နှစ်မှ သက်တမ်းတိုး ကျောင်းများ အပါအ၀င် မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာအရ ကိုယ်ပိုင်ကျောင်းပေါင်း ၁၅၉ ကျောင်းကို ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

EMG

No comments:

Post a Comment