Friday, June 28, 2013

တပ်အဆောက်အအုံ ဆောက်လုပ်မည့် မြေမှလွဲ၍ သက်သာချောင်ချိရေးအတွက် သိမ်းထားသည့် လယ်ယာမြေများ ပြန်ပေးမည်

တပ်မတော်မှ သိမ်းယူထားသည့် လယ်ယာမြေများအနက် တပ်အဆောက်အအုံ ဆောက်လုပ်မည့် မြေမှလွဲ၍ သက်သာချောင်ချိရေးအတွက် သိမ်းထားသည့် လယ်ယာမြေများအား ပြန်ပေးမည်ဟု ကာကွယ်ရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် ပါဝင် သည့် လွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။

လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌနဲ့ ကာကွယ်ရေး ၀န်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ၀န်ကြီး က ပြောကြားခဲ့ပါတယ်။ သက်သာချောင်ချိရေး အတွက် သိမ်းထားတဲ့ လယ်ယာမြေတွေကို ဒီလကုန်ပြီး ရင် ပြန်ပေးနိုင်ခြေရှိပါတယ်။ ကာကွယ်ရေးဝန်ကြီးကလည်း တိုင်းစစ်ဌာနချုပ်က တာဝန်ရှိ သူတွေ နဲ့ ဆွေးနွေးပြီးပြီလို့ သိရပါတယ်...

''ကျွန်တော်တို့ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌနဲ့ ကာကွယ်ရေး ၀န်ကြီးနဲ့ တွေ့ဆုံဆွေးနွေး ခဲ့ရာမှာ ၀န်ကြီးက ပြောကြားခဲ့ပါတယ်။ သက်သာချောင်ချိရေး အတွက် သိမ်းထားတဲ့ လယ်ယာမြေတွေကို ဒီလကုန်ပြီးရင် ပြန်ပေးနိုင်ခြေ ရှိပါတယ်။ ကာကွယ်ရေး ၀န်ကြီးကလည်း တိုင်းစစ်ဌာနချုပ်က တာဝန်ရှိ သူတွေနဲ့ ဆွေးနွေးပြီးပြီလို့ သိရပါတယ်။ တပ်အဆောက်အအုံ ဆောက်မယ့်နေရာက လွဲရင် ပြန်ပေးဖို့ ရှိပါတယ်။ ဒီနေ့မနက်ပဲ ကျွန်တော်တို့ ဥက္ကဋ္ဌက ပြောပြခဲ့ပါတယ်'' ဟု မကွေးတိုင်း ဒေသကြီး လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင် တာဝန်ခံ ဦးလှဆွေက ပြောကြားသည်။

ဆက်လက်၍ ဦးလှဆွေက ''တပ်က သိမ်းထားတဲ့ လယ်မြေတွေ ပြန်ပေးတော့မှာ ဖြစ်တဲ့အတွက် လယ်သမားတွေအနေနဲ့ အရင်က ပိုင်ဆိုင်ခဲ့တဲ့ အထောက်အထားတွေကို သိမ်းထားသင့်တယ်။ ပြန်ပေး ချိန်မှ တောင်သူအချင်းချင်း အငြင်းပွားနေရမယ်။ ထွန်တုံးတိုက်တာတွေ လုပ်မနေဘဲ ကိုယ့်ပိုင်ဆိုင်မှု ကိုယ်ပြနိုင်အောင် လုပ်ထားရမယ်။ တပ်မတော်က သိမ်းထားတဲ့ လယ်မြေတွေက ဧကသိန်းချီ ရှိနေ တယ်။ ပြန်ပေးမယ်ဆိုတော့ တောင်သူတွေအတွက် ကောင်းတာပေါ့'' ဟု ပြောကြားသည်။
EMG

No comments:

Post a Comment