Saturday, June 29, 2013

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ သင်တန်းတက်ရောက်လျက်ရှိသော သင်တန်းသားများအား တွေ့ဆုံ၊ ရေတပ် အကယ်ဒမီ သွားရောက်လေ့လာ

Photo: တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ သင်တန်းတက်ရောက်လျက်ရှိသော သင်တန်းသားများအား တွေ့ဆုံ၊ ရေတပ် အကယ်ဒမီ သွားရောက်လေ့လာ
Saturday, June 29, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် ခေတ္တ တည်းခိုသည့် Ambassador ဟိုတယ် ORION Conference Hall ၌ ရုရှား ဖက်ဒရေး ရှင်းနိုင်ငံ စိန့်ပီတာ စဘတ်မြို့၌ သင်တန်း တက်ရောက်လျက်ရှိသော တပ်မတော် ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံ အားပေးစကား ပြောကြားသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား သင်တန်းသားများမှ ဗုဒ္ဓဘာသာ ထုံးတမ်း အစဉ်အလာ အရ ကန်တော့ကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ သြဝါဒ အားပေး စကားပြောကြား ရာတွင် ပညာတော် သင်များသည် တိုင်းပြည်အတွက် အကျိုးရှိစေရေး၊ မိမိ နိုင်ငံတွင် မရှိသေးသော ပညာရပ်များ၊ နည်းပညာများ ရရှိအောင် လေ့လာ ဆည်းပူးသွား ကြရန် လိုအပ်ကြောင်း၊ တိုင်းပြည်မှ ငွေကြေး၊ အချိန်အပြင် အင်အားများပါ ရင်းနှီးမြှုပ်နှံ ထားခြင်းသည် ရေရှည်နိုင်ငံတော် အတွက်ပင် ဖြစ်ကြောင်း၊ တပ်မတော်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ရန် စည်းကမ်းရှိရန်၊ စနစ်တကျ နေထိုင်တတ်ရန် လိုအပ်ကြောင်း၊ တပ်မတော်၏ မူဝါဒ ဖြစ်သည့် ဒို့တာဝန်အရေး သုံးပါးကို ကာကွယ်စောင့်ရှောက်ရန်နှင့် တိုင်းရင်းသား ပြည်သူလူထု၏ အသက် အိုးအိမ်ကို ကာကွယ်သွားရန် တာဝန်ထမ်းဆောင် ရမည်ဖြစ်ကြောင်း၊ တပ်မတော်သား သင်တန်းသားများ အနေဖြင့် ပညာတတ်မြောက်အောင် ကြိုးစားရန်၊ ကျန်းမာရေး ကောင်းမွန်မှု ရှိ စေေ ရး နေထိုင်ဆောင်ရွက်ရန်၊ တပ်မ တော်နှင့် နိုင်ငံတော်ဂုဏ်သိက္ခာကို မြှင့်တင်ရန် စသည့်အချက်သုံးချက်ကို လိုက်နာသွားကြရန် ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ သင်တန်းသား ပညာတော် သင်များအား အနွေးထည်၊ စားသောက်ဖွယ်ရာ၊ ရွှေဖီဦး တီးမစ်ထုပ်များနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
http://bit.ly/17rXCFp
မြ၀တီ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် ခေတ္တ တည်းခိုသည့် Ambassador ဟိုတယ် ORION Conference Hall ၌ ရုရှား ဖက်ဒရေး ရှင်းနိုင်ငံ စိန့်ပီတာ စဘတ်မြို့၌ သင်တန်း တက်ရောက်လျက်ရှိသော တပ်မတော် ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံ အားပေးစကား ပြောကြားသည်။ ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား သင်တန်းသားများမှ ဗုဒ္ဓဘာသာ ထုံးတမ်း အစဉ်အလာ အရ ကန်တော့ကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ သြဝါဒ အားပေး စကားပြောကြား ရာတွင် ပညာတော် သင်များသည် တိုင်းပြည်အတွက် အကျိုးရှိစေရေး၊ မိမိ နိုင်ငံတွင် မရှိသေးသော ပညာရပ်များ၊ နည်းပညာများ ရရှိအောင် လေ့လာ ဆည်းပူးသွား ကြရန် လိုအပ်ကြောင်း၊ တိုင်းပြည်မှ ငွေကြေး၊ အချိန်အပြင် အင်အားများပါ ရင်းနှီးမြှုပ်နှံ ထားခြင်းသည် ရေရှည်နိုင်ငံတော် အတွက်ပင် ဖြစ်ကြောင်း၊ တပ်မတော်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ရန် စည်းကမ်းရှိရန်၊ စနစ်တကျ နေထိုင်တတ်ရန် လိုအပ်ကြောင်း၊ တပ်မတော်၏ မူဝါဒ ဖြစ်သည့် ဒို့တာဝန်အရေး သုံးပါးကို ကာကွယ်စောင့်ရှောက်ရန်နှင့် တိုင်းရင်းသား ပြည်သူလူထု၏ အသက် အိုးအိမ်ကို ကာကွယ်သွားရန် တာဝန်ထမ်းဆောင် ရမည်ဖြစ်ကြောင်း၊ တပ်မတော်သား သင်တန်းသားများ အနေဖြင့် ပညာတတ်မြောက်အောင် ကြိုးစားရန်၊ ကျန်းမာရေး ကောင်းမွန်မှု ရှိ စေေ ရး နေထိုင်ဆောင်ရွက်ရန်၊ တပ်မ တော်နှင့် နိုင်ငံတော်ဂုဏ်သိက္ခာကို မြှင့်တင်ရန် စသည့်အချက်သုံးချက်ကို လိုက်နာသွား ကြရန် ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ သင်တန်းသား ပညာတော် သင်များအား အနွေးထည်၊ စားသောက်ဖွယ်ရာ၊ ရွှေဖီဦး တီးမစ်ထုပ်များနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

မြ၀တီ

No comments:

Post a Comment