Wednesday, June 5, 2013

မန္တလေးတက္ကသိုလ် အပါအ၀င် အထက်မြန်မာပြည်ရှိ တက္ကသိုလ် ၂၃ ခုအား ပြင်ဆင်တိုးချဲ့ရန် တင်ဒါခေါ်

mdyuni-june5
ပြင်ဆင်တိုးချဲ့ရန် စီစဉ်နေသည့် မန္တလေး တက္ကသိုလ်ကို တွေ့ရစဉ်
မန္တလေးတက္ကသိုလ် အပါအ၀င် အထက်မြန်မာပြည်ရှိ တက္ကသိုလ် ၂၃ ခုအား ပြင်ဆင်တိုးချဲ့ရန်အတွက် တင်ဒါခေါ်ကာ မြန်မာနိုင်ငံသား လုပ်ငန်းရှင်များအား ဖိတ်ခေါ်ထားကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အထက်မြန်မာပြည်) မှ သိရသည်။

ပြင်ဆင် တိုးချဲ့ရာတွင် အဆင့်မြင့်ပညာဦးစီးဌာန(အထက်မြန်မာပြည်)နှင့် မန္တလေးတက္ကသိုလ် ၊ တောင် ကြီးတက္ကသိုလ်၊ စစ်ကိုင်းပညာရေး တက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ မြစ်ကြီးနား တက္ကသိုလ်၊ မုံရွာစီးပွားရေး တက္ကသိုလ်၊ မန္တလေးအဝေးသင်တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊  မိတ္ထီလာစီးပွားရေး တက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်၊ ကလေးတက္ကသိုလ်၊ လွိုင်ကော်တက္ကသိုလ်၊ လားရှိုးတက္ကသိုလ်၊ ဗန်းမော်တက္ကသိုလ်၊ ရွှေဘိုတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်၊ ရေနံချောင်း ဒီဂရီကောလိပ်၊ မြင်းခြံ ဒီဂရီကောလိပ်၊ မိုးညှင်း ဒီဂရီကောလိပ်နှင့် မန္တလာကောလိပ်တို့ဖြစ်ကြောင်း သိရသည်။

မန္တလေး တက္ကသိုလ်တွင် အင်းဝ Theatre စာသင်ခန်းမ အကြီးစား ပြင်ဆင်ခြင်း၊ ခြောက်လမ်းသွား လမ်းမကြီး ကတ္တရာခင်းခြင်းအပါအ၀င် အခြားပြင်ဆင်ခြင်းလုပ်ငန်းပေါင်း ၁၁ ခုကို ပြင်ဆင်လုပ်ကိုင် ရမည် ဖြစ်သည်။ တောင်ကြီးတက္ကသိုလ်၌ ၀န်ထမ်းအိမ်ရာ၊ သိပ္ပံသုတေသန အဆောက်အဦ တည်ဆောက်ခြင်း အပါအ၀င် လုပ်ငန်းသုံးခုအတွက် တင်ဒါခေါ်ယူထားကြောင်း သိရသည်။

စစ်ကိုင်းပညာရေး တက္ကသိုလ်တွင် ပြင်ဆင်တိုးချဲ့မည့် လုပ်ငန်းပေါင်းရှစ်ခု၊ မကွေးတက္ကသိုလ်တွင် တည်ဆောက်မည့် လုပ်ငန်းငါးခု၊ မုံရွာတက္ကသိုလ်တွင် တည်ဆောက်ရေးလုပ်ငန်း ငါးခု၊ မြစ်ကြီးနား တက္ကသိုလ်တွင် လုပ်ငန်းရှစ်ခု၊ မုံရွာစီးပွားရေး တက္ကသိုလ်တွင် လုပ်ငန်းခြောက်ခု၊ မန္တလေးအဝေးသင် တက္ကသိုလ် တွင် ပြင်ဆင်တည်ဆောက်ရမည့် လုပ်ငန်းတစ်ခု၊ ရတနာပုံ တက္ကသိုလ်တွင် လေးခု၊ ပခုက္ကူ တက္ကသိုလ်တွင် ငါးခု၊ မိတ္ထီလာ တက္ကသိုလ်တွင် ခုနစ်ခု၊ မိတ္ထီလာ စီးပွားရေး တက္ကသိုလ်တွင် ၁၀ ခု၊ ကျောက်ဆည် တက္ကသိုလ်တွင် ငါးခု၊ ကလေးတက္ကသိုလ်တွင် ရှစ်ခု၊ လွိုင်ကော်တက္ကသိုလ်တွင် နှစ်ခု၊ လားရှိုးတက္ကသိုလ်တွင် ငါးခု၊ ဗန်းမော်တက္ကသိုလ်တွင် နှစ်ခု၊ ရွှေဘိုတက္ကသိုလ်တွင် ကိုးခု၊ စစ်ကိုင်းတက္ကသိုလ် တွင် ငါးခု၊ ရေနံချောင်း ဒီဂရီကောလိပ်တွင် ခြောက်ခု၊ မြင်းခြံ ဒီဂရီကောလိပ်တွင် ငါးခု၊ မိုးညှင်း ဒီဂရီကောလိပ်တွင် ငါးခုနှင့် မန္တလာကောလိပ်တွင် တစ်ခုတို့အတွက် ပြင်ဆင်တိုးချဲ့ရန် တင်ဒါခေါ်ထားခြင်း ဖြစ်သည်။

တင်ဒါတင်သွင်းလိုသည့် နိုင်ငံသား လုပ်ငန်းရှင်များ အနေဖြင့် မိမိတင်သွင်းလိုသော လုပ်ငန်းအတွက် သတ်မှတ်ထားသည့် တင်ဒါအာမခံကြေး ပေးသွင်းကာ ဇွန် ၁၀ ရက် နောက်ဆုံးထားကာ အဆင့်မြင့် ပညာဦးစီးဌာန (အထက်မြန်မာပြည်)ရုံးချုပ်၊ မန္တလေးသို့ တင်သွင်းရမည် ဖြစ်သည်။

ELEVEN

No comments:

Post a Comment