Wednesday, June 5, 2013

လှည်းတန်းစင်တာ တည်ဆောက်ပြီးသော်လည်း မူလပိုင်ရှင်များနေရာပြန်မရသေး

Photo: လှည်းတန်းစင်တာ တည်ဆောက်ပြီးသော်လည်း မူလပိုင်ရှင်များနေရာပြန်မရသေး
Wednesday, June 5, 2013

၁၀ နှစ်ကြာဆောက်လုပ်ခဲ့ သော လှည်းတန်းစင်တာပြီးစီး သွားသော်လည်း တာဝန်ရှိသူများ က မူလပိုင်ရှင်များကို ယနေ့အ ချိန်ထိပြန်လည် အပ်နှံခြင်းမရှိ သေးကြောင်း No (3D) အိမ်မြေ ပိုင်ရှင်များဖြစ်ကြသော ဒေါ်မင်း မင်းစောနှင့် ဦးသိန်းဆွေတို့က ပြောပြပါသည်။

ဒေါ်မင်းမင်းစောက ပြောပြ ရာတွင် ၂၀၁၃ခုနှစ် ဇန်န၀ါရီလ က လှည်းတန်းလမ်းဆုံ မြေနေရာ ကို Land Mark ဖြစ်ချင်တဲ့အ တွက်အဆင့်မြင့်အိမ်ရာတွေဆောက် လုပ်ဖို့ အစီအစဉ်ရှိကြောင်း၊ စီမံ ကိန်းကာလကလည်း၃နှစ်လောက် ပဲကြာမည်ဖြစ်၍ ပြောင်းရွေ့ဖို့ အတွက်လည်း စီစဉ်ပေးသွား မည်ဟုပြောဆိုခဲ့ပြီး ရိပ်မွန်+ကွန် ဒိုများ၌ နေရာချ ထားပေးခဲ့ပါ သော်လည်း ယခု ၁၀ နှစ်ကြာ သည်အထိ မူလတိုက် ခန်းများ ပေါ်သို့ တက်ရောက်ခွင့် မရသေး ကြောင်း ပြောပြပါသည်။

အဆိုပါ လှည်းတန်းစင်တာ No(3.C) မြေပိုင် တစ်ဦးဖြစ်သူ ဒေါ်ချိုချိုမာက ပြောပြရာတွင် ၎င်းအဆောက်အအုံဆောက်လုပ် ရာတွင်၂၈ထပ်ဆောက်မည်ပြော ပြီးတော့ ယခု ၈ ထပ်ပဲဆောက် တာကိုလည်း အသိမပေးခဲ့ဘူး။ ကျွန်မတို့က အဆင့်မြင့်အိမ်ရာနဲ့ နေချင်လို့ဆောက်ခိုင်းခဲ့တာမဟုတ် ပါဘူး။ လူကြီးတွေရဲ့Land Mark ဖြစ်စေချင်တဲ့ ဆန္ဒကို လေးစားပြီး တော့ဖယ်ပေးခဲ့တာပါ။အခုလည်း ကျွန်မတို့ကို စိတ်ချမ်းသာအောင် ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းပေး စေချင်ပါတယ်ဟု ပြောပြ၍ သိရ သည်။

၎င်းလှည်းတန်းစင်တာအောင် ချမ်းသာ အဆင့်မြင့် ကွန်ဒိုကို ၂၀၀၃ ဇန်န၀ါရီလမှ စတင်၍ အေးရှားဝေါ(လ်) ကုမ္မဏီက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခု ပြီးစီးချိန်တွင် မူလပိုင်ရှင်များကို နေထိုင်ခွင့်နှင့် ပိုင်ဆိုင်ခွင့်ပေးရန် ဆွေးနွေးပြောကြားလာမှု မပြု လုပ်သေးကြောင်း ဒေါ်မင်းမင်း စော ပြောပြ၍ သိရသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ကမာရွတ်မြို့နယ် မဲဆန္ဒနယ် အ မှတ်(၂) တိုင်းဒေသကြီး လွတ် တော်ကိုယ်စားလှယ် ဦးမြငွေက ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး ချုပ်ဦးမြင့်ဆွေထံသို့ စာအမှတ် ၈၉/၂၀၁၃ ကမယ (လှည်းတန်း စင်တာ) ရက်စွဲ၂၀၁၃ ခုနှစ် ဧပြီ လ ၂၇ ရက်ဖြင့် အစီရင်ခံစာ တင်ပြခဲ့ပါသည်။ ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြငွေ၏ အစီရင်ခံစာ အပိုဒ်(၉) တွင် ပါရှိသော ပွင့်လင်းမြင်သာမှု ရှိစေရန်(၁၀)နှစ်ခန့် စောင့်မျှော် နေရသော မူလအခန်းရှင် (၆၄) ဦးစလုံးကို ဖိတ်ကြား၍ အခန်း များကိုမျက်ဝါးထင်ထင်လိုက်လံ ပြသရှင်းလင်းပြောကြားပေးလျှင် ပိုမိုကောင်းမွန်မည်ဟု ရေးသား ပေးပို့ အစီရင်ခံခဲ့ပါသော်လည်း ယနေ့တိုင်ပြုလုပ်ပေးခြင်းမရှိသေး ကြောင်းမြေပိုင်ရှင်များဖြစ်ကြ သော ဦးသိန်းဆွေ၊ ဒေါ်မင်းမင်း စော၊ ဒေါ်ချိုချိုမာတို့ကပြောပြ၍ သိရသည်။

အဆိုပါကိစ်္စနှင့် ပတ်သက် ၍ မြေပိုင်ရှင်များမှ ၂၀၁၃ ခုနှစ် ဧပြီလ (၂၇)ရက် ရက်စွဲဖြင့် နှစ် နာဆုံးရှုံးမှုများ၊ လူမှုဒုက္ခများ၊ လှည့်စားအနိုင်ကျင့်ခံရမှုများ ဖြေ ရှင်းပေးပါရန် အသနားခံစာကို နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တာဝန်ရှိသူများထံ တင်ပြထား ကြောင်း ဒေါ်မင်းမင်းစောက ပြောပြပါသည်။

အရိန္ဒမာ(ဘိုကလေး)
The Hot News
၁၀ နှစ်ကြာဆောက်လုပ်ခဲ့သော လှည်းတန်းစင်တာပြီးစီး သွားသော်လည်း တာဝန်ရှိသူများ က မူလပိုင်ရှင် များကို ယနေ့အချိန်ထိပြန်လည် အပ်နှံခြင်းမရှိသေးကြောင်း No (3D) အိမ်မြေ ပိုင်ရှင်များဖြစ် ကြသော ဒေါ်မင်းမင်းစောနှင့် ဦးသိန်းဆွေတို့က ပြောပြပါသည်။

ဒေါ်မင်းမင်းစောက ပြောပြ ရာတွင် ၂၀၁၃ခုနှစ် ဇန်န၀ါရီလက လှည်းတန်းလမ်းဆုံ မြေနေရာကို Land Mark ဖြစ်ချင်တဲ့ အတွက်အဆင့်မြင့်အိမ်ရာတွေဆောက်လုပ်ဖို့ အစီအစဉ်ရှိကြောင်း၊ စီမံကိန်းကာလ ကလည်း ၃နှစ်လောက် ပဲကြာမည်ဖြစ်၍ ပြောင်းရွေ့ဖို့ အတွက်လည်း စီစဉ်ပေးသွားမည်ဟုပြော ဆိုခဲ့ပြီး ရိပ်မွန်-- ကွန်ဒိုများ၌ နေရာချထားပေးခဲ့ပါ သော်လည်း ယခု ၁၀ နှစ်ကြာသည်အထိ မူလတိုက်ခန်း များ ပေါ်သို့ တက်ရောက်ခွင့် မရသေး ကြောင်း ပြောပြပါသည်။

အဆိုပါ လှည်းတန်းစင်တာ No(3.C) မြေပိုင် တစ်ဦးဖြစ်သူ ဒေါ်ချိုချိုမာက ပြောပြရာတွင် ၎င်းအဆောက် အအုံဆောက်လုပ် ရာတွင်၂၈ထပ်ဆောက်မည်ပြော ပြီးတော့ ယခု ၈ ထပ်ပဲဆောက် တာကိုလည်း အသိ မပေးခဲ့ဘူး။ ကျွန်မတို့က အဆင့်မြင့်အိမ်ရာနဲ့ နေချင်လို့ဆောက်ခိုင်းခဲ့တာမဟုတ်ပါဘူး။ လူကြီးတွေရဲ့Land Mark ဖြစ်စေချင်တဲ့ ဆန္ဒကို လေးစားပြီး တော့ဖယ်ပေးခဲ့တာပါ။အခုလည်း ကျွန်မတို့ကို စိတ်ချမ်း သာအောင် ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းပေး စေချင်ပါတယ်ဟု ပြောပြ၍ သိရ သည်။

၎င်းလှည်းတန်းစင်တာအောင် ချမ်းသာအဆင့်မြင့်ကွန်ဒိုကို ၂၀၀၃ ဇန်န၀ါရီလမှ စတင်၍ အေးရှားဝေါ(လ်) ကုမ္မဏီက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုပြီးစီးချိန်တွင် မူလပိုင်ရှင်များကို နေထိုင်ခွင့်နှင့် ပိုင်ဆိုင် ခွင့်ပေးရန် ဆွေးနွေးပြောကြားလာမှုမပြု လုပ်သေးကြောင်း ဒေါ်မင်းမင်းစော ပြောပြ၍ သိရသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ကမာရွတ်မြို့နယ်မဲဆန္ဒနယ် အ မှတ်(၂) တိုင်းဒေသကြီး လွတ် တော်ကိုယ်စား လှယ် ဦးမြငွေက ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး ချုပ်ဦးမြင့်ဆွေထံသို့ စာအမှတ် ၈၉/၂၀၁၃ ကမယ (လှည်းတန်းစင်တာ) ရက်စွဲ၂၀၁၃ ခုနှစ် ဧပြီ လ ၂၇ ရက်ဖြင့် အစီရင်ခံစာ တင်ပြခဲ့ပါသည်။ ရန်ကုန် တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြငွေ၏ အစီရင်ခံစာ အပိုဒ်(၉) တွင် ပါရှိသော ပွင့်လင်းမြင်သာမှု ရှိစေရန်(၁၀)နှစ်ခန့် စောင့်မျှော် နေရသော မူလအခန်းရှင် (၆၄) ဦးစလုံးကို ဖိတ်ကြား၍ အခန်း များကိုမျက်ဝါးထင်ထင်လိုက်လံ ပြသရှင်းလင်းပြောကြားပေးလျှင် ပိုမိုကောင်းမွန်မည် ဟု ရေး သား ပေးပို့ အစီရင်ခံခဲ့ပါသော်လည်း ယနေ့တိုင်ပြုလုပ်ပေးခြင်း မရှိသေးကြောင်းမြေပိုင်ရှင် များဖြစ်ကြသော ဦးသိန်းဆွေ၊ ဒေါ်မင်းမင်း စော၊ ဒေါ်ချိုချိုမာတို့ကပြောပြ၍ သိရသည်။

အဆိုပါကိစ်္စနှင့် ပတ်သက် ၍ မြေပိုင်ရှင်များမှ ၂၀၁၃ ခုနှစ် ဧပြီလ (၂၇)ရက် ရက်စွဲဖြင့် နှစ် နာဆုံးရှုံးမှုများ၊ လူမှုဒုက္ခများ၊ လှည့်စားအနိုင်ကျင့်ခံရမှုများ ဖြေရှင်းပေးပါရန် အသနားခံစာကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တာဝန်ရှိသူများထံ တင်ပြထား ကြောင်း ဒေါ်မင်းမင်းစောက ပြောပြပါသည်။

အရိန္ဒမာ(ဘိုကလေး)
The Hot News

No comments:

Post a Comment