Saturday, June 15, 2013

ဒုသမ္မတ ဦးဉာဏ်ထွန်းနှင့်အဖွဲ့ ထိုင်းသို့သွားမည်

Photo: ဒုသမ္မတ ဦးဉာဏ်ထွန်းနှင့်အဖွဲ့ ထိုင်းသို့သွားမည် 
---------------------------------------------------------
ဒုသမ္မတဦးဆောင်သောအဖွဲ့မှာ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန် ထိုင်း၊ ဂျပန်အစိုးရတို့နှင့် သီးခြားဆွေးနွေးမည်
-----------------------
ရန်ကုန်၊ ဇွန်- ၁၄

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းအကောင်အထည်ဖော်မှု လုပ်ငန်းများကို ဂျပန်၊ ထိုင်းနိုင်ငံတို့နှင့် သီးခြားတွေ့ ဆုံဆွေးနွေးရန်အတွက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းဦးဆောင်သည့်အဖွဲ့ ထိုင်းနိုင်ငံသို့ ယနေ့ထွက်ခွာမည်ဟု သတင်းရရှိသည်။

ဒုသမ္မတနှင့် အဖွဲ့သည် ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ် ထားဝယ်စီမံကိန်းအကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဇွန် ၁၆ 
ရက်တွင် ထိုင်းနိုင်ငံတာဝန်များနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကာ ဂျပန်ကိုယ်စားလှယ်များနှင့် ဇွန် ၁၇ ရက်တွင် သီးသန့်တွေ့ဆုံဆွေးနွေးမည် 
ဟု သတင်းရရှိသည်။

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချုပ်အသစ်သုံးခု ချုပ်ဆိုရန် နှစ်နိုင်ငံအစိုးရအနေဖြင့် မကြာသေးမီက ပြင်ဆင်ခဲ့သည်။

ယင်းစာချုပ်များချုပ်ဆိုမှုကို အပြီးသတ်ဆွေးနွေးရန် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်ရေးဆိုင်ရာ မြန်မာ-ထိုင်းပူးပေါင်း ဆောင်ရွက်ရေးကော်မတီ၏ ပူးတွဲဥက္ကဋ္ဌစက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်အဖွဲ့သွားရောက် ပြီးနောက် နှစ်လအကြာတွင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းအဖွဲ့ ထိုင်းနိုင်ငံသို့သွားရောက်ခြင်းဖြစ်သည်။ မြန်မာနှင့် ထိုင်းနိုင်ငံသဘောတူညီမှုရှိထားသည့် စတော့ဈေးကွက်အတွင်း ရှယ်ယာများတာဝန်ယူရောင်းချမည့် ကိစ္စရပ်များဆွေးနွေးအပြီးတွင် ထိုင်းနှင့် မြန်မာ သဘောတူညီမှုစာချုပ်လက်မှတ် ရေးထိုးမည်ဟု အစိုးရအရာရှိများ အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။

ယင်းစာချုပ်တို့မှာ ထိုင်းနိုင်ငံတွင် အထူးလုပ်ငန်းအဖွဲ့၊ ပင်မကုမ္ပဏီဖွဲ့စည်းနိုင်ရန်တွက် အစုရှယ်ယာရှင်များ စာချုပ်၊ မြန်မာနှင့် ထိုင်းနိုင်ငံတွင် ထားဝယ်အထူးစီးပွားရေးဇုန်အတွက် ဖွဲ့စည်းထားသည့် အဖွဲ့အကြား ချုပ်ဆိုမည့် လုပ်ပိုင်ခွင့်သဘောတူညီချက်စာချုပ်၊ အခြားနိုင်ငံများရှိ စတော့ဈေးကွက်အတွင်း ရှယ်ယာများတာဝန်ယူ ရောင်းချရန်အတွက် ရင်းနှီးမြှုပ်နှံသူများ နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ ပါဝင်ယှဉ်ပြိုင်ရင်းနှီးမြှုပ်နှံရေး ညှိနှိုင်းဆောင်ရွက်ရန် ထိုင်းနိုင်ငံတွင် ဖွဲ့စည်းမည့် စာချုပ်သုံးခုချုပ်ဆိုရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတွင် ဂျပန်တို့ပါဝင် ရင်းနှီးမြှုပ်နှံရန် ထိုင်းနှင့် မြန်မာအစိုးရက ဖိတ်ခေါ်ထားသော်လည်း ဂျပန်အစိုးရက ထားဝယ်အထူးစီးပွားဇုန်နှင့် ရေနက်ဆိပ်ကမ်းကို စိတ်ဝင်စားမှုနည်းကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုနေကြ
သည်။ ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လပ်ခ်ရှင်နာဝပ်က ထိုစီမံကိန်းတွင် ဂျပန်ပါဝင်ရန် ထိုင်းနိုင်ငံသို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရောက်ရှိစဉ် ဖိတ်ခေါ်ခဲ့သည်။

ဓာတ်ပုံ- စိုးသန်းဝင်း/ အေအက်ဖ်ပီ
ဒုသမ္မတဦးဆောင်သောအဖွဲ့မှာ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော် ရန် ထိုင်း၊ ဂျပန်အစိုးရတို့နှင့် သီးခြားဆွေးနွေးမည်

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းအကောင်အထည်ဖော်မှု လုပ်ငန်းများကို ဂျပန်၊ ထိုင်းနိုင်ငံ တို့နှင့် သီးခြားတွေ့ ဆုံဆွေးနွေးရန်အတွက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းဦးဆောင်သည့်အဖွဲ့ ထိုင်းနိုင်ငံသို့ ယနေ့ ထွက်ခွာ မည်ဟု သတင်းရရှိသည်။

ဒုသမ္မတနှင့် အဖွဲ့သည် ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ် ထားဝယ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဇွန် ၁၆ ရက်တွင် ထိုင်းနိုင်ငံတာဝန်များနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကာ ဂျပန်ကိုယ်စားလှယ်များနှင့် ဇွန် ၁၇ ရက်တွင် သီးသန့်တွေ့ဆုံဆွေးနွေးမည်ဟု သတင်းရရှိသည်။

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင် အထည်ဖော်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချုပ်အသစ်သုံးခု ချုပ်ဆိုရန် နှစ်နိုင်ငံအစိုးရအနေဖြင့် မကြာသေးမီ က ပြင်ဆင်ခဲ့သည်။

ယင်းစာချုပ်များချုပ်ဆိုမှုကို အပြီးသတ်ဆွေးနွေးရန် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ် စီမံကိန်းများ အကောင်အထည်ဖော်ရေးဆိုင်ရာ မြန်မာ-ထိုင်းပူးပေါင်း ဆောင်ရွက်ရေးကော်မတီ၏ ပူးတွဲဥက္ကဋ္ဌ စက်မှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်အဖွဲ့သွားရောက် ပြီးနောက် နှစ်လအကြာတွင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းအဖွဲ့ ထိုင်းနိုင်ငံသို့သွားရောက်ခြင်းဖြစ်သည်။ မြန်မာနှင့် ထိုင်းနိုင်ငံသဘောတူညီမှု ရှိထား သည့် စတော့ဈေးကွက်အတွင်း ရှယ်ယာများတာဝန်ယူရောင်းချမည့် ကိစ္စရပ်များဆွေးနွေးအပြီးတွင် ထိုင်းနှင့် မြန်မာသဘောတူညီမှုစာချုပ်လက်မှတ် ရေးထိုးမည်ဟု အစိုးရအရာရှိများ အသိုင်းအ၀ိုင်းမှ သတင်း ရရှိ သည်။

ယင်းစာချုပ်တို့မှာ ထိုင်းနိုင်ငံတွင် အထူးလုပ်ငန်းအဖွဲ့၊ ပင်မကုမ္ပဏီ ဖွဲ့စည်းနိုင်ရန်တွက် အစုရှယ်ယာ ရှင်များ စာချုပ်၊ မြန်မာနှင့် ထိုင်းနိုင်ငံတွင် ထားဝယ်အထူးစီးပွားရေးဇုန်အတွက် ဖွဲ့စည်းထားသည့် အဖွဲ့အကြား ချုပ်ဆိုမည့် လုပ်ပိုင်ခွင့်သဘောတူညီချက်စာချုပ်၊ အခြားနိုင်ငံများရှိ စတော့ဈေးကွက်အတွင်း ရှယ်ယာများ တာဝန်ယူ ရောင်းချရန်အတွက် ရင်းနှီးမြှုပ်နှံသူများ နိုင်ငံတကာ လုပ်ထုံးလုပ်နည်း များနှင့်အညီ ပါဝင်ယှဉ်ပြိုင်ရင်းနှီးမြှုပ်နှံရေး ညှိနှိုင်းဆောင်ရွက်ရန် ထိုင်းနိုင်ငံတွင် ဖွဲ့စည်းမည့် စာချုပ်သုံးခု ချုပ်ဆိုရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတွင် ဂျပန်တို့ပါဝင် ရင်းနှီးမြှုပ်နှံရန် ထိုင်းနှင့် မြန်မာ အစိုးရက ဖိတ်ခေါ်ထားသော်လည်း ဂျပန်အစိုးရက ထားဝယ်အထူးစီးပွားဇုန်နှင့် ရေနက်ဆိပ်ကမ်းကို စိတ်ဝင်စားမှုနည်းကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုနေကြသည်။ ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လပ်ခ်ရှင်နာဝပ်က ထိုစီမံကိန်းတွင် ဂျပန်ပါဝင်ရန် ထိုင်းနိုင်ငံသို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရောက် ရှိစဉ် ဖိတ်ခေါ်ခဲ့သည်။

ဓာတ်ပုံ- စိုးသန်းဝင်း/ အေအက်ဖ်ပီ
Myawady News

No comments:

Post a Comment