Saturday, June 22, 2013

ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူသည် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိကြောင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများ၏ ပုဒ်မ ၆ တွင် ဖော်ပြထား

6.21.4
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပခဲ့သော မောင်တောမြို့နယ်တွင် ဆန္ဒမဲပေးနေသူ တစ်ဦးအား တွေ့ရစဉ်
ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူသည် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိကြောင်း ပြည်
သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ တိုင်းဒေသ ကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများ၏ ပုဒ်မ ၆ တွင် ဖော်ပြ ထားသည် ကို တွေ့ရ သည်။
အဆိုပါ ရွေးကောက်ပွဲ ဥပဒေများ၏ ပုဒ် မ ၆ တွင် အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံသူများသည် အမျိုးသား၊ အမျိုးသမီး မရွေး၊ ဘာသာမရွေး ရွေးကောက်ပွဲတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသည် - (က) ရွေးကောက် ပွဲ စတင်ကျင်းပသည့်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့် ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ (သို့မဟုတ်) ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ၊ (ခ) သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်းတွင် ပါဝင်သူဟု ဖော်ပြထား သည်ကို တွေ့ ရသည်။
ယာယီသက်သေခံ လက်မှတ် (White Card) များကို ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံမဲပေးနိုင်ရန် ယခင်အစိုးရ လက်ထက်က ထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများမှာ ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင် ၊ မောင်တော ဒေသများတွင် အဓိကရှိနေပြီး မြန်မာနိုင်ငံတွင် လာရောက် နေထိုင်ကြောင်း အသိ အမှတ်ပြုသည့် အနေဖြင့် ယာယီအားဖြင့် ထုတ်ပေးထားသည့် လက်မှတ်ဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အဆိုပါ ယာယီသက်သေခံ လက်မှတ် (White Card) ကိုင်ဆောင်ထားသူများကို မဲပေးခွင့် ပြုခဲ့ကြောင်း သိရသည်။
အမေရိကန်ကဲ့သို့ လူ့အခွင့်အရေး အမြင့်ဆုံး စံနမူနာပြသည့် နိုင်ငံမျိုးတွင်ပင် အမြဲတမ်း နေထိုင်ခွင့်ကတ် (Green Card) ကိုင် ဆောင်ထားသူများ မဲပေးခွင့် မရှိဘဲ မြန်မာနိုင်ငံတွင် White Card ကိုင်ဆောင်ထားသူ များကို မဲပေးခွင့် ပြုထားသည့် အချက်မှာ ပြန်လည်သုံးသပ်သင့်ပြီး လိုအပ်ပါက ပြင်ဆင်သင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က Eleven Media Group သို့ ပြောကြားထားသည်။
တောင်ကြီးမြို့တွင် ဇွန်အစောပိုင်းက ပြုလုပ်ခဲ့သည့် ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (၁၅) ပါတီ၏ အစည်းအဝေးတွင် နိုင်ငံသား မဟုတ်သူများ၊ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ ရွေးချယ်ပိုင်ခွင့်၊ မဲဆန္ဒပေးပိုင်ခွင့် ပြုခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ နှောင့်ယှက်ထိပါးနိုင်၍ ၎င်းနှင့် ပတ်သက် သည့် ဥပဒေပုဒ်မများကို ပယ်ဖျက်ပေးရန် တိုက်တွန်းကြောင်း သဘောတူခဲ့သည်။

From..EMG

No comments:

Post a Comment