Saturday, June 15, 2013

တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်းများ ဇွန်လတွင် ဆက်လက် ရောင်းချမည်

၁။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ လစဉ် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း (၃၅ဝ,ဝဝဝ)စီကို ပြည်နယ်နှင့် တိုင်းဒေသကြီး
အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် ၂ဝ၁၃ ခုနှစ်၊ ဧပြီလနှင့် မေလတို့တွင် မိဘ ပြည်သူများ အလွယ်တကူ၊ အဆင်ပြေ ချောမွေ့စွာ ဆက်သွယ်အသုံးပြု နိုင်ရေး အတွက် ခွဲဝေ ရောင်းချ ပေး ခဲ့ပြီး ဖြစ်ပါသည်။

၂။ ပြည်သူများ မိုဘိုင်းလ်ဖုန်း သုံးစွဲမှု အဆင်ေ ပြခြင်း ရှိ/မရှိကို မိုဘိုင်းလ် အိတ်ချိန်း များတွင် မှတ်သား ထားသည့် အချက်အလက်များအား တိုင်းတာ စစ်ဆေးသည့် အခါ နေပြည်တော်၊ ရန်ကုန် တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ဧရာဝတီတိုင်း ဒေသကြီး တို့တွင် ရောင်း ချ ပေးထားသည့် မိုဘိုင်းလ်ဖုန်း အင်အားထက် ပိုမို သုံးစွဲနေ သည်ကို တွေ့ရှိ ရပါ သဖြင့် လိုအပ်သော စက်ပစ္စည်းများကို တိုးချဲ့တပ်ဆင်လျက်ရှိရာ တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်းစတင်တပ်ဆင် ပေးစဉ်က မိုဘိုင်းလ် BTS စခန်း ၂၈၂ ခု သာ ရှိသော်လည်း ယခုစခန်း BTS ပေါင်း ၃၄၆ ခု အထိ တပ်ဆင် ထားပြီး ဖြစ်ပါသည်။

၃။ စက်ပစ္စည်းနှင့် BTS စခန်း အသစ်များ တိုးချဲ့ တပ်ဆင် ထားပြီး ဖြစ်သော ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရခိုင် ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ ပိုင်း)နှင့် (တောင်ပိုင်း)ရှိ နေရာ ဒေသ အသစ်များတွင် မိုဘိုင်းလ်ဖုန်း များကို ယခင် ကထက် ပိုမို ရောင်း ချ ပေးမည် ဖြစ်ပြီး တိုးချဲ့ နေဆဲ ဖြစ်သည့် နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ဧရာဝတီတိုင်း ဒေသကြီး များတွင် ဖုန်းလိုင်း ကျပ်၍ ဆက်သွယ်မှု အဆင် မပြေ ခြင်းများ မဖြစ်ပေါ် စေရေးအတွက် အဆိုပါ ဒေသ များ တွင် SIM Card အရေ အတွက် လျှော့ ပေါ့ ရောင်းချ သွားမည် ဖြစ်ပါသည်။

၎။ ယခု ၂ဝ၁၃ ခုနှစ်၊ ဇွန်လ ၂ဝ ရက်နေ့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ အစီ အစဉ်ဖြင့် မိုဘိုင်းလ်ဖုန်း SIM Card ( ၃၅ဝ,ဝဝဝ) ကို ယခင် ရောင်းချ ထားသည့် အစီ အစဉ် အတိုင်း ဆက်လက် ရောင်းချ ပေးသွားမည် ဖြစ်ရာ တယ်လီဖုန်း ခေါ်ဆိုခ ၃ဝဝ ကျပ် ကြိုတင် ထည့်သွင်း ထားသော CDMA 800 MHz မိုဘိုင်းလ်ဖုန်း SIM Card တစ်ခု အတွက် ၁၅ဝဝ ကျပ်နှုန်း ဖြစ်ပါသည်။

၅။ ချင်းပြည်နယ်၊ ဟားခါးနှင့် ဖလမ်း ဒေသများ အတွက် မိုဘိုင်းလ် စက်ပစ္စည်းများ တပ်ဆင် ပြီးစီးမည် ဖြစ်သော (၁၅-၇-၂ဝ၁၃) ရက်နေ့မှ စတင်၍ CDMA 800 MHz မိုဘိုင်းလ်ဖုန်း SIM Card (၅,ဝဝဝ) ရောင်းချ ပေးမည် ဖြစ်ပါသည်။

၆။ ပြည်သူများ သက်သာသော နှုန်းထားဖြင့် အမှန် တကယ် အသုံးပြု နိုင်ရန် ရည်ရွယ် ၍ ရောင်းချခြင်း ဖြစ်ပါ သဖြင့် ဖုန်းကတ် ဝယ်ယူ ထားသည့် နေ့မှစ၍ ၁၅ ရက်အတွင်း တယ်လီဖုန်း SIM Card တွင် မူလ ထည့်သွင်း ပေးထားသည့် တယ်လီဖုန်း ခေါ်ဆိုခ ၃ဝဝ ကျပ် မကုန်မီ တယ်လီဖုန်း သုံးစွဲ သူသည် အနည်းဆုံး ၅ဝဝဝ ကျပ်တန် ကြိုတင် ငွေဖြည့် ကတ်ဖြင့် ငွေဖြည့် သုံးစွဲ ရပါမည်။ ဖုန်းကတ်အား အခြားသူ တစ်ဦးဦးသို့ လက်ဆင့်ကမ်း ရောင်းချ ခြင်းမှ ကာကွယ်ရန် အတွက် ၁၅ ရက် အတွင်း အသုံးပြုခြင်း မရှိပါက အဆိုပါ ဖုန်းကတ်သည် အလို အလျောက် လိုင်း ပိတ်သိမ်း သွားမည် ဖြစ်ပါသည်။

၇။ စက်ပစ္စည်း တန်ဖိုး၊ စက် တပ်ဆင်မှု ကုန်ကျ စရိတ် များကို တယ်လီ ဖုန်း ပြောဆိုခ များမှ ပြန်လည် စုစည်း ကောက်ခံရမည် ဖြစ်ပါသဖြင့် ဤတန်ဖိုးနည်းမိုဘိုင်းလ်ဖုန်းများကို လစဉ်ကြိုတင် ငွေဖြည့် ကတ်ဖြင့် ပြောဆိုခ ငွေကျပ် ၂၅ဝဝ အနည်းဆုံးသုံးစွဲရန် သတ်မှတ်ထားပြီး ဖြစ်ပါ သည်။ နှစ်လ ပြည့်သော်လည်း ကြိုတင် ငွေဖြည့် ကတ်မှ ၅ဝဝဝ ကျပ်ကို အပြည့် မသုံးစွဲ ပါက အလို အလျောက် ကျပ် ၅ဝဝဝ ပြည့်သည် အထိ ဖြတ်တောက် သွားမည် ဖြစ်ပါသည်။ တယ်လီဖုန်း SIM Card တွင် ဖြည့်သွင်း ထားသော ငွေ ကုန်ဆုံး ပြီးနောက် ၁၅ ရက် အတွင်း ငွေထပ်မံ ဖြည့်သွင်းခြင်း မရှိပါက အဆိုပါ ဖုန်းကတ်သည် အလို အလျောက် လိုင်း ပိတ်သိမ်း သွားမည် ဖြစ်ပါသည်။

မြန်မာ ဆက်သွယ်ရေး လုပ်ငန်း
မြ၀တီ

No comments:

Post a Comment