Monday, June 24, 2013

ကျောက်ဖြူ ၌ အောက် တို ဘာ လ မှ စ ၍ မြို့ လုံး ကျွတ် လျှပ် စီး သုံး စွဲနိုင်တော့ မည်

Photo: ကျောက်ဖြူ၌ အောက်တိုဘာလမှစ၍ မြို့လုံးကျွတ် လျှပ်စီးသုံးစွဲနိုင်တော့မည်
Monday, June 24, 2013

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း မြို့လုံး ကျွတ် မီးရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအင် ၀န်ကြီး ဌာန ကျောက်ဖြူမြို့ ၆၆ ကေဗွီဓါတ်အားလိုင်း တည်ဆောက်ရေးဌာနက သိရှိရသည်။

မြို့လုံးကျွတ်မီးသုံးစွဲခြင်းကို ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းမှ စတင် အသုံးပြုနိုင် ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ ဓာတ်အား ခွဲရုံ၊ ၆၆ KV ဓာတ်အားလိုင်းနှင့် ၁၁ KV ဓာတ်အားလိုင်းများကို တည်ဆောက် လျက်ရှိကြောင်း သိရှိရသည်။

"ဘယ်တော့လောက်မီးပေးနိုင်မလဲဆိုတာတော့ အတိအကျပြောလို့ မရသေးဘူး။ အခုတော့မီးပေးဖို့ လိုအပ်တဲ့ ဓာတ်အားလိုင်းတွေ တည်ဆောက်နေတယ်။ အဲဒါတွေပြီးရင်တော့ ကျိန်းသေပေါက် လျှပ်စစ်မီးရရှိကြမှာပါ" ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ကျောက်ဖြူမြို့တွင် ၆၆ကေဗွီဓါတ်အားလိုင်းတည်ဆောက် နေသည့် အင်ဂျင်နီယာ တစ်ဦး က ပြော သည်။

ကျောက်ဖြူမြိုနယ်အတွင်းသို့ ကျောက်ဖြူ လျှပ်စစ်ဓါတ် အားဖြန့်ဖြူးရေး လုပ်ငန်း များ၌ အစိုးရသာမက ပုဂ္ဂလိက လုပ်ငန်းရှင်များဖြစ်သည့် ဗလကြီးနှင့် နန်းမြနှစ်ဦးပေါင်း၍ ဒီဇယ်မီးဖြင့်ကို တစ်ယူနစ်လျှင် ၈၀၀ ကျပ်နှုန်းဖြင့် မြို့တစ်ဝက်နီးပါးကို လျှပ်စစ်ဓါတ်အားပေးလျက်ရှိကြောင်း သိရှိရသည်။

ကျောက်ဖြူဒေသတွင်း၌ အစိုးရမှ လျှပ်စစ်မီးကို တစ်နေ့ (၁၇)နာရီပေးနေ ချိန် ၊ ပုဂ္ဂလိက ဒီဇယ်မီးဖြင့် လျှပ်စစ်ဖြန့်ဝေသူ တို့က ၂၄နာရီ မီးပေးနေခြင်းဖြစ် သည်။

"ဓာတ်ငွေ့နဲ့ မီးရအောင်လုပ်ပြီး ဖြန့်မယ်ဆိုရင်လဲ မီတာခ တစ်ယူနစ် ၅၀၀ ဆို ဘာမှမထူးဘူး တစ်မြို့ လုံး မီးရအောင်ဆောင်ရွက်ပေးတာတော့ ၀မ်းသာပါတယ်"ဟု ကျောက်ဖြူမြို့ ရပ်ကွက်အုပ်ချုပ်ရေး မှူး တစ်ဦး က ပြောသည်။

ကျောက်ဖြူမြို့နယ်အတွင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း (E.S.E)နှင့် မြို့မီးလင်းရေးကော်မတီတို့ ပူးပေါင်း၍ တစ်ရက်လျှင် ဓာတ်အား (၁၇)နာရီ ဖြန့် ဖြူးပေးလျက်ရှိသည်။

အဆိုပါ ဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓာတ်အားသုံးစွဲခမှာ ၁ယူနစ်မှ ယူနစ် ၁၀ အတွင်း ကျပ် ၃၅၀၊ ၁၀ ယူနစ်အထက် ၁ယူနစ်လျှင် ကျပ်(၅၀၀)နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်း မြို့မီးလင်းရေးကော်မတီ ထံက သိရှိရသည်။

Myit Makha Mediagroup
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း မြို့လုံးကျွတ် မီးရရှိရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန ကျောက်ဖြူမြို့ ၆၆ ကေဗွီဓါတ်အားလိုင်း တည်ဆောက်ရေး ဌာနက သိရှိရသည်။

မြို့လုံးကျွတ်မီးသုံးစွဲခြင်းကို ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းမှ စတင် အသုံးပြုနိုင် ဆောင်ရွက် လျက်ရှိပြီး လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ ဓာတ်အားခွဲရုံ၊ ၆၆ KV ဓာတ်အားလိုင်းနှင့် ၁၁ KV ဓာတ်အား လိုင်းများကို တည်ဆောက် လျက်ရှိကြောင်း သိရှိရသည်။

"ဘယ်တော့လောက်မီးပေးနိုင်မလဲဆိုတာတော့ အတိအကျပြောလို့ မရသေးဘူး။ အခုတော့မီးပေးဖို့ လိုအပ်တဲ့ ဓာတ်အားလိုင်းတွေ တည်ဆောက်နေတယ်။ အဲဒါတွေပြီးရင်တော့ ကျိန်းသေပေါက် လျှပ်စစ်မီးရရှိကြမှာပါ" ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ကျောက်ဖြူမြို့တွင် ၆၆ကေဗွီဓါတ်အားလိုင်း တည်ဆောက် နေသည့် အင်ဂျင်နီယာတစ်ဦးက ပြောသည်။

ကျောက်ဖြူမြိုနယ်အတွင်းသို့ ကျောက်ဖြူ လျှပ်စစ်ဓါတ် အားဖြန့်ဖြူးရေး လုပ်ငန်း များ၌ အစိုးရသာမက ပုဂ္ဂလိက လုပ်ငန်းရှင်များဖြစ်သည့် ဗလကြီးနှင့် နန်းမြနှစ်ဦးပေါင်း၍ ဒီဇယ်မီးဖြင့်ကို တစ်ယူနစ်လျှင် ၈၀၀ ကျပ်နှုန်းဖြင့် မြို့တစ်ဝက်နီးပါးကို လျှပ်စစ်ဓါတ်အားပေးလျက်ရှိကြောင်း သိရှိရသည်။

ကျောက်ဖြူဒေသတွင်း၌ အစိုးရမှလျှပ်စစ်မီးကို တစ်နေ့(၁၇)နာရီပေးနေချိန်၊ ပုဂ္ဂလိကဒီဇယ်မီးဖြင့် လျှပ် စစ် ဖြန့်ဝေ သူ တို့က ၂၄နာရီ မီးပေးနေခြင်းဖြစ် သည်။

"ဓာတ်ငွေ့နဲ့ မီးရအောင်လုပ်ပြီး ဖြန့်မယ်ဆိုရင်လဲ မီတာခတစ်ယူနစ် ၅၀၀ ဆို ဘာမှမထူးဘူး တစ်မြို့လုံး မီး ရအောင်ဆောင်ရွက်ပေးတာတော့ ၀မ်းသာပါတယ်"ဟု ကျောက်ဖြူမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး က ပြော သည်။

ကျောက်ဖြူမြို့နယ်အတွင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း (E.S.E) နှင့် မြို့မီးလင်းရေးကော်မတီတို့ ပူးပေါင်း၍ တစ်ရက်လျှင် ဓာတ်အား (၁၇)နာရီ ဖြန့် ဖြူးပေးလျက် ရှိသည်။

အဆိုပါ ဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓာတ်အားသုံးစွဲခမှာ ၁ယူနစ်မှ ယူနစ် ၁၀ အတွင်း ကျပ် ၃၅၀၊ ၁၀ ယူနစ် အထက် ၁ယူနစ်လျှင် ကျပ်(၅၀၀)နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်း မြို့မီးလင်းရေးကော်မတီထံက သိရှိရ သည်။
Myit Makha Mediagroup

No comments:

Post a Comment