Monday, June 17, 2013

အီးယူမှ ပေးအပ်သော ကုန်သွယ်မှု အထူးအခွင့်အရေးကြောင့် မြန်မာ့အထည်ချုပ် လုပ်ငန်းများ တိုးတက်လာနိုင်ပြီး ငါးနှစ်အတွင်း လုပ်သားနှစ်သန်းခန့် အလုပ်အကိုင် ရလာနိုင်

အီးယူမှ ပေးအပ်သော ကုန်သွယ်မှု အထူးအခွင့်အရေးကြောင့် မြန်မာ့အထည်ချုပ် လုပ်ငန်းများ တိုးတက်လာနိုင်ပြီး ငါးနှစ်အတွင်း လုပ်သားနှစ်သန်းခန့် အလုပ်အကိုင် ရလာနိုင်
Monday, June 17, 2013

အီးယူ(ဥရောပသမဂ္ဂ)နိုင်ငံမှ ပေးအပ်သည့် GSP ကုန်သွယ်မှု အထူးအခွင့်အရေးများ ပြန်လည်ရရှိပြီ ဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် အဓိက တိုးတက်လာနိုင်သည့် ကဏ္ဍမှာ အထည်ချုပ်လုပ်ငန်း ကဏ္ဍဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ဆိုသည်။

အီးယူမှ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အထောက်အကူ ပြုစေရန် ကုန်သွယ်မှု အထူးအခွင့်အရေး ပြန်လည်ပေးအပ်ရန် ဇွန် ၁၂ ရက်နေ့က ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းများ အဓိက ဖွံ့ဖြိုးလာနိုင်ပြီး ရေထွက်ကုန်ပစ္စည်း တင်ပို့မှု လုပ်ငန်းများလည်း တိုးတက်လာမည် ဖြစ်ကြောင်း၊ ထို့ပြင် အထည်ချုပ် လုပ်ငန်းများ၌ အနည်းဆုံး အခကြေးငွေများသာ အပြောင်းအလဲ မရှိပါက ငါးနှစ်အတွင်း လုပ်သားနှစ်သန်းခန့် အလုပ်အကိုင် ရရှိလာနိုင်ကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။

''အီးယူရဲ့ GSP ရလာတာဟာ ကိုယ့်အတွက် အခွင့်အရေးတစ်ရပ် ဖြစ်သလို ကိုယ့်အတွက် ဂရုစိုက်ရမယ့် ကိစ္စတွေလည်း ရှိတယ်။ ဒီက လုပ်ငန်းရှင်တွေက GSP နဲ့ ဝေးနေတာကြာပြီ။ အဓိကကတော့ quality အရည်အသွေးတွေ ထိန်းဖို့လိုတယ်။ တချို့လုပ်ငန်းရှင်တွေ အရည်အသွေးထိန်းဖို့ မြှင့်ဖို့ မလုပ်ခဲ့တာ ကြာသွားပြီ။ သူတို့ဈေးကွက်ကို ပို့မယ်ဆိုရင် သူတို့ရဲ့သတ်မှတ်ချက်ကို မီအောင်ပို့နိုင်ဖို့ လိုတယ်။ လိုက်နာဖို့လိုတယ်။ အရေးကြီးဆုံးကတော့ GSP နဲ့ပတ်သက်ရင် နားလည်ဖို့လိုတယ်။ သူတို့သတ်မှတ်တာတွေနဲ့ ကိုက်ညီအောင် ပို့နိုင်ဖို့ လိုပါတယ်'' ဟုလည်း စီးပွားရေးပညာရှင် ဒေါက်တာအောင်ထွန်းသက်က ပြောကြားခဲ့သည်။

GSP ကြောင့် အီးယူဈေးကွက်အတွင်း မြန်မာ့ကုန်ပစ္စည်းများ ယခုထက် ဈေးသက်သာလာမည် ဖြစ်ကြောင်းနှင့် အထည်ချုပ် လုပ်ငန်းများ၌ အော်ဒါများ ပိုမိုရရှိလာမည် ဖြစ်ကြောင်း၊ အလားတူ ပြည်တွင်း ဈေးကွက်အတွင်းသို့လည်း ဈေးသက်သက်သာသာနှင့် ၀ယ်ယူမည့်သူများ ၀င်ရောက်လာနိုင်ကြောင်း သိရသည်။

''အရင်ကတော့ အထည်ချုပ် လုပ်ငန်းတွေမှာ တစ်နှစ်လုံးမှာ ၈ လ၊ ၉ လပဲ လုပ်ရပြီး သုံးလလောက် နားရတာတွေလည်း ရှိခဲ့တယ်။ အော်ဒါ များတဲ့လ၊ အော်ဒါ မရတဲ့လဆိုတာ ရှိတယ်။ အခု GSP ကြောင့် အရှေ့နိုင်ငံက အော်ဒါနည်းရင် အနောက်နိုင်ငံက အော်ဒါရှိမယ်။ အနောက်က အော်ဒါနည်းပြီဆိုရင် အရှေ့က အော်ဒါတွေရှိပြီး တစ်နှစ်ပတ်လုံး လုပ်ငန်းလည်ပတ်လာနိုင်မှာ ဖြစ်ပါတယ်'' ဟုလည်း လက်ဝါးအထည်ချုပ် စက်ရုံမှ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာမောင်မောင်အေးက ပြောကြားသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ မတ်လအထိ သုံးလတာ ကာလအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ အထည်ချုပ်လုပ်ငန်းများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ရရှိခဲ့ကာ ယခင်နှစ် ကာလတူထက် နှစ်ဆနီးပါး ပိုမိုရရှိခဲ့ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

EMG
လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ တစ်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)
အီးယူ(ဥရောပသမဂ္ဂ)နိုင်ငံမှ ပေးအပ်သည့် GSP ကုန်သွယ်မှု အထူးအခွင့်အရေးများ ပြန်လည် ရရှိပြီ ဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် အဓိက တိုးတက်လာနိုင်သည့် ကဏ္ဍမှာ အထည်ချုပ်လုပ်ငန်း ကဏ္ဍဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ဆိုသည်။

အီးယူမှ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အထောက်အကူ ပြုစေရန် ကုန်သွယ်မှု အထူးအခွင့် အရေး ပြန်လည်ပေးအပ်ရန် ဇွန် ၁၂ ရက်နေ့က ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းများ အဓိက ဖွံ့ဖြိုးလာနိုင်ပြီး ရေထွက်ကုန်ပစ္စည်း တင်ပို့မှု လုပ်ငန်းများလည်း တိုးတက်လာမည် ဖြစ်ကြောင်း၊ ထို့ပြင် အထည်ချုပ် လုပ်ငန်းများ၌ အနည်းဆုံး အခကြေးငွေများသာ အပြောင်းအလဲမရှိပါက ငါးနှစ်အတွင်း လုပ်သားနှစ်သန်းခန့် အလုပ်အကိုင် ရရှိ လာနိုင်ကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။

''အီးယူရဲ့ GSP ရလာတာဟာ ကိုယ့်အတွက် အခွင့်အရေးတစ်ရပ် ဖြစ်သလို ကိုယ့်အတွက် ဂရုစိုက်ရမယ့် ကိစ္စတွေလည်း ရှိတယ်။ ဒီက လုပ်ငန်းရှင်တွေက GSP နဲ့ ဝေးနေတာကြာပြီ။ အဓိကကတော့ quality အရည်အသွေးတွေ ထိန်းဖို့လိုတယ်။ တချို့လုပ်ငန်းရှင်တွေ အရည်အသွေးထိန်းဖို့ မြှင့်ဖို့ မလုပ်ခဲ့တာ ကြာသွားပြီ။ သူတို့ဈေးကွက်ကို ပို့မယ်ဆိုရင် သူတို့ရဲ့သတ်မှတ်ချက်ကို မီအောင်ပို့နိုင်ဖို့ လိုတယ်။ လိုက်နာဖို့လိုတယ်။ အရေးကြီးဆုံးကတော့ GSP နဲ့ပတ်သက်ရင် နားလည်ဖို့လိုတယ်။ သူတို့သတ်မှတ် တာတွေနဲ့ ကိုက်ညီအောင် ပို့နိုင်ဖို့ လိုပါတယ်'' ဟုလည်း စီးပွားရေး ပညာရှင် ဒေါက်တာအောင်ထွန်းသက်က ပြောကြားခဲ့သည်။

GSP ကြောင့် အီးယူဈေးကွက်အတွင်း မြန်မာ့ကုန်ပစ္စည်းများ ယခုထက် ဈေးသက်သာ လာမည် ဖြစ်ကြောင်းနှင့် အထည်ချုပ် လုပ်ငန်းများ၌ အော်ဒါများ ပိုမိုရရှိလာမည် ဖြစ်ကြောင်း၊ အလားတူ ပြည်တွင်း ဈေးကွက်အတွင်းသို့လည်း ဈေးသက်သက်သာသာနှင့် ၀ယ်ယူမည့်သူများ ၀င်ရောက်လာနိုင်ကြောင်း သိရသည်။

''အရင်ကတော့ အထည်ချုပ် လုပ်ငန်းတွေမှာ တစ်နှစ်လုံးမှာ ၈ လ၊ ၉ လပဲ လုပ်ရပြီး သုံးလလောက် နားရတာတွေလည်း ရှိခဲ့တယ်။ အော်ဒါ များတဲ့လ၊ အော်ဒါ မရတဲ့လဆိုတာ ရှိတယ်။ အခု GSP ကြောင့် အရှေ့နိုင်ငံက အော်ဒါနည်းရင် အနောက်နိုင်ငံက အော်ဒါရှိမယ်။ အနောက်က အော်ဒါနည်းပြီဆိုရင် အရှေ့က အော်ဒါတွေရှိပြီး တစ်နှစ်ပတ်လုံး လုပ်ငန်းလည်ပတ်လာနိုင်မှာ ဖြစ်ပါတယ်'' ဟုလည်း လက်ဝါးအထည်ချုပ် စက်ရုံမှ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာမောင်မောင်အေးက ပြောကြားသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ မတ်လအထိ သုံးလတာ ကာလအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ အထည်ချုပ် လုပ်ငန်းများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ရရှိခဲ့ကာ ယခင်နှစ် ကာလတူ ထက် နှစ်ဆနီးပါး ပိုမိုရရှိခဲ့ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း၏ ထုတ်ပြန်ချက် အရ သိရသည်။

EMG
လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ တစ်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)

No comments:

Post a Comment