၈၈ မျိုးဆက်အဖွဲ့ ဗြိတိန်ခရီးစဉ်တွင် ဘီဘီစီ အသံလွှင့်ဌာန၏ မေးမြန်းမှုများအား ပြန်လည် ဖြေကြားနေစဉ် (ဓာတ်ပုံ-၈၈ မျိုးဆက် Facebook)
မြန်မာနိုင်ငံ အပြောင်းအလဲကို အများကြီး ပြောင်းလဲသည်ဟု
စွဲမှတ်မထားသင့်ကြောင်း၊ အချို့မှာ အပေါ်ယံ ပြောင်းလဲမှုသာ ဖြစ်ကြောင်း ၈၈
မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင် က
ပြောကြားသည်။
ယင်းကဲ့သို့ ပြောကြားမှုကို ၈၈ မျိုးဆက်
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ဗြိတိန်ခရီးစဉ်အဖြစ်
အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့သို့ ရောက်ရှိစဉ် ဇွန် ၁၈ ရက်၊
မွန်းလွဲပိုင်းတွင် ဘီဘီစီ အသံလွှင့်ဌာနမှ သတင်း သမားများနှင့်
တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
သတင်းသမား တစ်ဦးက
မြန်မာနိုင်ငံ၏ လတ်တလော ပြောင်းလဲမှုများအား အဓိက အကြောင်းအရင်းနှင့်
ပတ်သက်၍ မေးမြန်းရာ ဦးမင်းကိုနိုင်က မြန်မာပြည်သူလူထု တစ်ရပ်လုံးက
အပြောင်းအလဲကို လိုလားတဲ့ အပြင် ပြောင်းလဲမှုများအတွက် အားထုတ်
ကြိုးပမ်းမှုများလည်း ရှိခဲ့သဖြင့် မပြောင်းမဖြစ် ပြောင်းလဲခဲ့ရသည့် အခြေအနေ
ရောက်ရှိခဲ့ကြောင်း၊ သို့သော်လည်း အများကြီး ပြောင်းလဲတယ်လို့
စွဲမှတ်မထားသင့်ကြောင်း၊ အပြောင်းအလဲ တချို့ဟာ အပေါ်ယံ ပြောင်းလဲမှုသာ
ဖြစ်ကြောင်း ဦးမင်းကိုနိုင်က ပြောကြားခဲ့သည်။
ထို့ပြင် ၈၈
မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အနေဖြင့် နိုင်ငံရေး
ပါတီဖွဲ့ရန် ဆွေးနွေး ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း၊ ၈၈ မျိုးဆက်အဖွဲ့မှ
လွှတ်တော်တွင်း ၀င်လိုသူများ ရှိပါကလည်း ခွဲခြားတာဝန် ခွဲဝေမှုဖြင့်
လုပ်နိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် အရပ်ဘက် အဖွဲ့အစည်းများ ဖွံ့ဖြိုးရန်
အင်မတန် အရေးကြီးကြောင်း၊ ၎င်းအနေဖြင့် လွှတ်တော်ပြင်ပ နိုင်ငံရေး၊ ပြည်သူ့
ဒီမိုကရေစီတို့တွင် အာရုံစိုက်ကာ တစိုက်မတ်မတ် လုပ်မည်ဖြစ်ကြောင်း
ဦးမင်းကိုနိုင်က ဆိုသည်။
ဗြိတိန်အစိုးရ၏ ဖိတ်ကြားမှုအရ
ဗြိတိသျကောင်စီနှင့် ဗြိတိသျှသံရုံးတို့ ပူးပေါင်းစီစဉ်မှုဖြင့်
သွားရောက်ခဲ့သည့် ယခုခရီးစဉ်တွင် ၈၈ မျိုးဆက်များ အနေဖြင့် ဗြိတိန် အစိုးရ၏
နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး ၀န်ကြီး များနှင့် တွေ့ဆုံခြင်း၊
ဗြိတိသျှပါလီမန် လွှတ်တော်သို့ သွားရောက်ကာ ပါလီမန်ဆိုင်ရာ အဖွဲ့ များနှင့်
တွေ့ ဆုံဆွေးနွေးခြင်း၊ ဘက်ကင်ဟမ်နန်းတော်သို့ သွားရောက်လေ့လာခြင်း၊
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လေ့လာ ရန်အတွက် မြောက်အိုင်ယာလန်သို့
လည်းကောင်း၊ ပညာရေး ဆိုင်ရာ လေ့လာမှု များအတွက် ဥထ်သမိ တက္ကသိုလ်သို့
လည်းကောင်း သွားရောက်လေ့လာမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင်
ဗြိတိန်ရောက် မြန်မာမိသားစုများဖြင့်လည်း တွေ့ဆုံမည်ဖြစ်ပြီး၊
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဗြိတိသျှကောင်စီသို့ သွားရောက်ပြီး
လူမှုအဖွဲ့အစည်းများ၊ လူငယ် အဖွဲ့အစည်းများနှင့် လည်း တွေ့ ဆုံ
ဆွေးနွေးကြမည်ဟု သိရသည်။
From...BBC
၈၈ မျိုးဆက်အဖွဲ့ ဗြိတိန်ခရီးစဉ်တွင် ဘီဘီစီ အသံလွှင့်ဌာန၏ မေးမြန်းမှုများအား ပြန်လည် ဖြေကြားနေစဉ် (ဓာတ်ပုံ-၈၈ မျိုးဆက် Facebook)
မြန်မာနိုင်ငံ အပြောင်းအလဲကို အများကြီး ပြောင်းလဲသည်ဟု စွဲမှတ်မထားသင့်ကြောင်း၊ အချို့မှာ အပေါ်ယံ ပြောင်းလဲမှုသာ ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင် က ပြောကြားသည်။
ယင်းကဲ့သို့ ပြောကြားမှုကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ဗြိတိန်ခရီးစဉ်အဖြစ် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့သို့ ရောက်ရှိစဉ် ဇွန် ၁၈ ရက်၊ မွန်းလွဲပိုင်းတွင် ဘီဘီစီ အသံလွှင့်ဌာနမှ သတင်း သမားများနှင့် တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
သတင်းသမား တစ်ဦးက မြန်မာနိုင်ငံ၏ လတ်တလော ပြောင်းလဲမှုများအား အဓိက အကြောင်းအရင်းနှင့် ပတ်သက်၍ မေးမြန်းရာ ဦးမင်းကိုနိုင်က မြန်မာပြည်သူလူထု တစ်ရပ်လုံးက အပြောင်းအလဲကို လိုလားတဲ့ အပြင် ပြောင်းလဲမှုများအတွက် အားထုတ် ကြိုးပမ်းမှုများလည်း ရှိခဲ့သဖြင့် မပြောင်းမဖြစ် ပြောင်းလဲခဲ့ရသည့် အခြေအနေ ရောက်ရှိခဲ့ကြောင်း၊ သို့သော်လည်း အများကြီး ပြောင်းလဲတယ်လို့ စွဲမှတ်မထားသင့်ကြောင်း၊ အပြောင်းအလဲ တချို့ဟာ အပေါ်ယံ ပြောင်းလဲမှုသာ ဖြစ်ကြောင်း ဦးမင်းကိုနိုင်က ပြောကြားခဲ့သည်။
ထို့ပြင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အနေဖြင့် နိုင်ငံရေး ပါတီဖွဲ့ရန် ဆွေးနွေး ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း၊ ၈၈ မျိုးဆက်အဖွဲ့မှ လွှတ်တော်တွင်း ၀င်လိုသူများ ရှိပါကလည်း ခွဲခြားတာဝန် ခွဲဝေမှုဖြင့် လုပ်နိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် အရပ်ဘက် အဖွဲ့အစည်းများ ဖွံ့ဖြိုးရန် အင်မတန် အရေးကြီးကြောင်း၊ ၎င်းအနေဖြင့် လွှတ်တော်ပြင်ပ နိုင်ငံရေး၊ ပြည်သူ့ ဒီမိုကရေစီတို့တွင် အာရုံစိုက်ကာ တစိုက်မတ်မတ် လုပ်မည်ဖြစ်ကြောင်း ဦးမင်းကိုနိုင်က ဆိုသည်။
ဗြိတိန်အစိုးရ၏ ဖိတ်ကြားမှုအရ ဗြိတိသျကောင်စီနှင့် ဗြိတိသျှသံရုံးတို့ ပူးပေါင်းစီစဉ်မှုဖြင့် သွားရောက်ခဲ့သည့် ယခုခရီးစဉ်တွင် ၈၈ မျိုးဆက်များ အနေဖြင့် ဗြိတိန် အစိုးရ၏ နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး ၀န်ကြီး များနှင့် တွေ့ဆုံခြင်း၊ ဗြိတိသျှပါလီမန် လွှတ်တော်သို့ သွားရောက်ကာ ပါလီမန်ဆိုင်ရာ အဖွဲ့ များနှင့် တွေ့ ဆုံဆွေးနွေးခြင်း၊ ဘက်ကင်ဟမ်နန်းတော်သို့ သွားရောက်လေ့လာခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လေ့လာ ရန်အတွက် မြောက်အိုင်ယာလန်သို့ လည်းကောင်း၊ ပညာရေး ဆိုင်ရာ လေ့လာမှု များအတွက် ဥထ်သမိ တက္ကသိုလ်သို့ လည်းကောင်း သွားရောက်လေ့လာမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဗြိတိန်ရောက် မြန်မာမိသားစုများဖြင့်လည်း တွေ့ဆုံမည်ဖြစ်ပြီး၊ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဗြိတိသျှကောင်စီသို့ သွားရောက်ပြီး လူမှုအဖွဲ့အစည်းများ၊ လူငယ် အဖွဲ့အစည်းများနှင့် လည်း တွေ့ ဆုံ ဆွေးနွေးကြမည်ဟု သိရသည်။
From...BBC
No comments:
Post a Comment