Sunday, June 30, 2013

မြ၀တီနယ်စပ်မှ လအလိုက် ကုန်သွယ်မှု မြင့်တက်ခဲ့သော်လည်း စက်သုံးဆီ ကုန်သွယ်မှု လျော့ကျ

Photo: မြ၀တီနယ်စပ်မှ လအလိုက် ကုန်သွယ်မှု မြင့်တက်ခဲ့သော်လည်း စက်သုံးဆီ ကုန်သွယ်မှု လျော့ကျ
Sunday, June 30, 2013

မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်ရှိ ကုန်သွယ်ရေး စခန်းများအနက် ကုန်သွယ်မှု အများဆုံးဖြစ်သော မြ၀တီနယ်စပ် စခန်းမှ လအလိုက် ကုန်သွယ်မှုပမာဏ မြင့်တက်ခဲ့သော်လည်း စက်သုံးဆီနှင့် သွင်းကုန်ပစ္စည်း အများစု တင်သွင်းမှုတွင် ယခင်လကထက် လျော့ကျခဲ့ကြောင်း မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်းမှ သိရသည်။

၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ်အစ ဧပြီလအတွင်း၌ ပြည်တွင်းသို့ စက်သုံးဆီ တင်သွင်းမှုမှာ ၄၁၆ တန်၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၀ ဒသမ ၄၇၆ သန်း တင်သွင်းခဲ့သော်လည်း ဒုတိယလဖြစ်သော မေလတွင် ၂၁၂ ဒသမ ၃၄၈ တန်၊ တန်ဖိုးအားဖြင့် ဒေါ်လာ (၀ ဒသမ ၂၃၄)သန်းဖိုးသာ တင်သွင်းနိုင်ခဲ့၍ ပထမလထက် (၂၀၃ ဒသမ ၆၅၂ တန်)၊ တန်ဖိုးအားဖြင့် ဒေါ်လာ (၀ ဒသမ ၂၂၃)သန်း လျော့ကျခဲ့ပြီး တတိယလဖြစ်သော ဇွန်လတွင် ပိုမိုလျော့ကျလာဖွယ် ရှိသည်ဟု ဆိုသည်။
လူသုံးကုန် ပစ္စည်းများဖြစ်သည့် စားအုံးဆီ၊ အချိုမှုန့်၊ ချည်ထည်ပိတ်စများ၊ လျှပ်စစ်မီးသီးနှင့် မီးချောင်းများ၊ အလှကုန် ပစ္စည်းများနှင့် ဆေးဝါးများ တင်သွင်းမှုတွင် (၀ ဒသမ ၇၈၅) ဒေါ်လာသန်း လျော့နည်းခဲ့ပြီး၊ လုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် ဓာတုပစ္စည်းများ၊ တာယာနှင့်ကျွတ်များ၊ ပလတ်စတစ် ကုန်ကြမ်းပစ္စည်းများ တင်သွင်းမှုတွင် ယခင်လကထက် (၀ ဒသမ ၁၈၆) ဒေါ်လာသန်း ပိုမိုတင်သွင်းနိုင်ခဲ့ . . . . .

မြ၀တီနယ်စပ်မှ စက်သုံးဆီများ တင်သွင်းမှုတွင် ဇုန်ရှောင်ကွင်းလမ်းများမှတစ်ဆင့် ဒေသသုံးထက် ကျော်လွန်ကာ ပြည်တွင်းဈေးကွက်သို့ တင်သွင်းမှု များပြားနေခြင်းကြောင့်လည်း တရားဝင် တင်သွင်းနေသည့် လုပ်ငန်းရှင်များ အနေဖြင့် ဈေးကွက်အတွင်း ယှဉ်ပြိုင်ရောင်းချနိုင်မှု မရှိ၍ သွင်းကုန်ကုန်သွယ်မှုတွင် လျော့ကျခဲ့ဖွယ် ရှိသည်ဟု နယ်စပ်ကုန်သည်များက သုံးသပ်ကြသည်။

မြ၀တီနယ်စပ်မြို့ရှိ စက်သုံးဆီ လုပ်ငန်းရှင်များ အနေဖြင့် ဓါတ်ဆီ၊ ဒီဇယ်တင်သွင်းမှုတွင် ချစ်ကြည်ရေးတံတား၏ ခံနိုင်ဝန်ကြောင့် တံတားပေါ်မှ တင်သွင်းခွင့် မပြုဘဲ သောင်ရင်းမြစ်ဖြတ် ပိုက်လိုင်းများကို အသုံးပြုကာ သွယ်ယူတင်သွင်းနေရဆဲ ဖြစ်ကြောင်းလည်း သိရသည်။

မြ၀တီ နယ်စပ်မှ ရင်းနှီးမြှပ်နှံမှု ပစ္စည်းများဖြစ်သော မော်တော်ယာဉ်နှင့် အပိုပစ္စည်းများ၊ ဘိလပ်မြေ၊ ဆိုင်ကယ်အပိုပစ္စည်းများ၊ စက်ဘီးနှင့် အပိုပစ္စည်းများ၊ တင်သွင်းမှုတွင် ဧပြီလကထက် (၁ ဒသမ ၀၂၉)ဒေါ်လာ သန်း လျော့ကျခဲ့ကြောင်း။ လူသုံးကုန်ပစ္စည်းများဖြစ်သည့် စားအုံးဆီ၊ အချိုမှုန့်၊ ချည်ထည်ပိတ်စများ၊ လျှပ်စစ်မီးသီးနှင့် မီးချောင်းများ၊ အလှကုန် ပစ္စည်းများနှင့် ဆေးဝါးများ တင်သွင်းမှုတွင် (၀ ဒသမ ၇၈၅) ဒေါ်လာသန်း လျော့နည်းခဲ့ပြီး၊ လုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် ဓာတုပစ္စည်းများ၊ တာယာနှင့်ကျွတ်များ၊ ပလတ်စတစ် ကုန်ကြမ်းပစ္စည်းများ တင်သွင်းမှုတွင် ယခင်လကထက် (၀ ဒသမ ၁၈၆) ဒေါ်လာသန်း ပိုမိုတင်သွင်းနိုင်ခဲ့ကြောင်း သိရသည်။

EMG

မြ၀တီ နယ်စပ်သို့ တင်သွင်းလာသည့် စက်သုံးဆီ တင်ဆောင်လာသော ယာဉ်များအား တွေ့ရစဉ်
မြ၀တီ နယ်စပ်သို့ တင်သွင်းလာသည့် စက်သုံးဆီ တင်ဆောင်လာသော ယာဉ်များအား တွေ့ရစဉ်
မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်ရှိ ကုန်သွယ်ရေး စခန်းများအနက် ကုန်သွယ်မှု အများ ဆုံးဖြစ်သော မြ၀တီ နယ်စပ် စခန်းမှ လအလိုက် ကုန်သွယ်မှုပမာဏ မြင့်တက်ခဲ့သော်လည်း စက်သုံးဆီနှင့် သွင်းကုန်ပစ္စည်း အများစု တင်သွင်းမှုတွင် ယခင်လကထက် လျော့ကျခဲ့ကြောင်း မြ၀တီနယ်စပ် ကုန် သွယ်ရေး စခန်းမှ သိရသည်။

၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ်အစ ဧပြီလအတွင်း၌ ပြည်တွင်းသို့ စက်သုံးဆီ တင်သွင်းမှုမှာ ၄၁၆ တန်၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၀ ဒသမ ၄၇၆ သန်း တင်သွင်းခဲ့သော်လည်း ဒုတိယလဖြစ်သော မေလတွင် ၂၁၂ ဒသမ ၃၄၈ တန်၊ တန်ဖိုးအားဖြင့် ဒေါ်လာ (၀ ဒသမ ၂၃၄)သန်းဖိုးသာ တင်သွင်းနိုင်ခဲ့၍ ပထမလထက် (၂၀၃ ဒသမ ၆၅၂ တန်)၊ တန်ဖိုးအားဖြင့် ဒေါ်လာ (၀ ဒသမ ၂၂၃)သန်း လျော့ကျခဲ့ပြီး တတိယလဖြစ်သော ဇွန်လတွင် ပိုမိုလျော့ကျလာဖွယ် ရှိသည်ဟု ဆိုသည်။

လူသုံးကုန် ပစ္စည်းများဖြစ်သည့် စားအုံးဆီ၊ အချိုမှုန့်၊ ချည်ထည်ပိတ်စများ၊ လျှပ်စစ်မီးသီးနှင့် မီးချောင်းများ၊ အလှကုန် ပစ္စည်းများနှင့် ဆေးဝါးများ တင်သွင်းမှုတွင် (၀ ဒသမ ၇၈၅) ဒေါ်လာသန်း လျော့နည်းခဲ့ပြီး၊ လုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် ဓာတုပစ္စည်းများ၊ တာယာနှင့်ကျွတ်များ၊ ပလတ်စတစ် ကုန်ကြမ်းပစ္စည်းများ တင်သွင်းမှုတွင် ယခင်လကထက် (၀ ဒသမ ၁၈၆) ဒေါ်လာသန်း ပိုမိုတင်သွင်းနိုင်ခဲ့ . . . . .

မြ၀တီနယ်စပ်မှ စက်သုံးဆီများ တင်သွင်းမှုတွင် ဇုန်ရှောင်ကွင်းလမ်းများမှတစ်ဆင့် ဒေသသုံး ထက် ကျော်လွန်ကာ ပြည်တွင်းဈေးကွက်သို့ တင်သွင်းမှု များပြားနေခြင်းကြောင့်လည်း တရားဝင် တင်သွင်းနေသည့် လုပ်ငန်းရှင်များ အနေဖြင့် ဈေးကွက်အတွင်း ယှဉ်ပြိုင်ရောင်းချနိုင်မှု မရှိ၍ သွင်းကုန်ကုန်သွယ်မှုတွင် လျော့ကျခဲ့ဖွယ် ရှိသည်ဟု နယ်စပ်ကုန်သည်များက သုံးသပ်ကြသည်။

မြ၀တီနယ်စပ်မြို့ရှိ စက်သုံးဆီ လုပ်ငန်းရှင်များ အနေဖြင့် ဓါတ်ဆီ၊ ဒီဇယ်တင်သွင်းမှုတွင် ချစ်ကြည်ရေး တံတား၏ ခံနိုင်ဝန်ကြောင့် တံတားပေါ်မှ တင်သွင်းခွင့် မပြုဘဲ သောင်ရင်းမြစ်ဖြတ် ပိုက်လိုင်းများကို အသုံးပြုကာ သွယ်ယူတင်သွင်းနေရဆဲ ဖြစ်ကြောင်းလည်း သိရသည်။

မြ၀တီ နယ်စပ်မှ ရင်းနှီးမြှပ်နှံမှု ပစ္စည်းများဖြစ်သော မော်တော်ယာဉ်နှင့် အပိုပစ္စည်းများ၊ ဘိလပ်မြေ၊ ဆိုင်ကယ်အပိုပစ္စည်းများ၊ စက်ဘီးနှင့် အပိုပစ္စည်းများ၊ တင်သွင်းမှုတွင် ဧပြီလကထက် (၁ ဒသမ ၀၂၉)ဒေါ်လာ သန်း လျော့ကျခဲ့ကြောင်း။ လူသုံးကုန်ပစ္စည်းများဖြစ်သည့် စားအုံးဆီ၊ အချိုမှုန့်၊ ချည်ထည်ပိတ်စများ၊ လျှပ်စစ်မီးသီးနှင့် မီးချောင်းများ၊ အလှကုန် ပစ္စည်းများနှင့် ဆေးဝါးများ တင်သွင်းမှုတွင် (၀ ဒသမ ၇၈၅) ဒေါ်လာသန်း လျော့နည်းခဲ့ပြီး၊ လုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် ဓာတုပစ္စည်းများ၊ တာယာနှင့်ကျွတ်များ၊ ပလတ်စတစ် ကုန်ကြမ်းပစ္စည်းများ တင်သွင်းမှုတွင် ယခင်လကထက် (၀ ဒသမ ၁၈၆) ဒေါ်လာသန်း ပိုမိုတင်သွင်းနိုင်ခဲ့ကြောင်း သိရသည်။
EMG

No comments:

Post a Comment