Sunday, June 30, 2013

မြန်မာနိုင်ငံ ဆရာဝန်အသင်း အဆောက်အအုံနှင့် မြေနေရာ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (ယာယီ) စတင်ဖွဲ့စည်း

မြန်မာနိုင်ငံဆရာဝန်အသင်း အဆောက်အအုံနှင့် မြေနေရာ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (ယာယီ) ကို ဇွန် ၂၉ ရက်က စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါယာယီကော်မတီတွင် ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ အတွင်းရေး မှူးဟောင်း ဒေါက်တာအောင်ခင်ဆင့် က တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီးအတွင်းရေးမှူး အဖြစ် ဒေါက်တာမောင်မောင်စိုး က လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် အခြားဆေးပညာ အဖွဲ့အချို့မှ ပါမောက္ခ ဆရာဝန်ကြီးများမှလည်း အဖွဲ့ဝင်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံ ဆရာဝန်အသင်း အဆောက်အအုံနှင့် မြေနေရာ ကာကွယ်စောင့်ရှောက်ရေး ကော် မတီ (ယာယီ) အနေဖြင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း အဆောက်အအုံနှင့် မြေနေရာကို နိုင်ငံခြား ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်မည့် ကိစ္စနှင့် ပတ်သက်၍ ကန့်ကွက်သည့် သတင်းစာ ရှင်းလင်းပွဲကိုလည်း လာမည့်ဇူလိုင် ၅ ရက်၊ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင် ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသတင်းစာ ရှင်းလင်းပွဲ အခမ်းအနားကို ဆရာဝန်အသင်း ကိစ္စနှင့် ပတ်သက်၍ တင်ပြဆွေးနွေးလိုသူ၊ အကြံပြုလိုသူ၊ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ ဆရာဝန်အသင်း အဆောက်အအုံနှင့် မြေနေရာ အား နိုင်ငံခြား ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်မည့် ကိစ္စကို ဆရာဝန် အများစုက လက်ခံခြင်း မရှိကြောင်း၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း လက်အောက်ရှိ ဆေးပညာအဖွဲ့ အချို့မှလည်း သဘောတူ လက်ခံခြင်း မရှိကြောင်း မြန် မာနိုင်ငံ ဆရာဝန်အသင်း၊ အလုပ်အမှုဆောင် အဖွဲ့ထံသို့ ကန့်ကွက်စာများလည်း ပေးပို့ထားကြကြောင်း သိရသည်။
EMG

No comments:

Post a Comment