Friday, June 21, 2013

မြောက်ကိုရီးယား နိုင်ငံ၏ စစ်စွမ်းအား

မြောက်ကိုရီးယား နိုင်ငံ၏ စစ်စွမ်းအား
၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီ နှလုံး ရောဂါဖြင့် သေ ဆုံးပြီး နောက်ပိုင်း ၎င်း၏အရိုက်အရာကို ဆက်ခံမည့် တတိယမြောက်သား ကင်ဂျုံအွန် (အသက် ၂၇ နှစ်)
သည်နျူကလီးယား လက်နက်ငယ်များ၊ ဓာတုဗေဒ လက်နက်များနှင့် အမြောက် များဖြင့် ပြည့်နှက်နေ သည့် ကြီးမားသော တပ်မတော်နှင့် အတူ စီးပွားရေး ချွတ်ခြုံကျ၍ အထီးကျန်နေသော နိုင်ငံကို အမွေ ဆက်ခံ ရရှိသွားမည် ဖြစ်ပါသည်။
        မြောက်ကိုရီးယား စစ်တပ်သည် နျူလက်နက်၊ ဓာတုနှင့် ဇီဝလက်နက်များကို ပိုင်ဆိုင် ထားသည်ဟု လေ့လာသူ ပညာရှင် အများစုက ယူဆထားပြီး တိုင်းပြည် ဆင်းရဲမွဲတေ နေသည့်ကြားမှ ၎င်းနိုင်ငံ၏ နှစ်စဉ် ကာကွယ်ရေး အသုံးစရိတ်မှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၇ ဘီလီယံခန့် ရှိမည်ဟု ယူဆ ရပါသည်။
နျူကလီးယား လက်နက်များ
      မြောက်ကိုရီးယား နိုင်ငံသည် Atomic ခေါ် နျူလက်နက်များ ၆ ခုမှ ၇ ခုအထိ ထုတ်လုပ်ရန် လုံလောက်သော ပလူတိုနီယံများ ပိုင်ဆိုင်ထားပြီ ဖြစ်ကြောင်း နိုင်ငံတကာက ယူဆ ထားပါ သည်။ သို့သော် လက်ရှိအခြေအနေတွင် မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် ၎င်းတို့၏ ဒုံးကျည်များ၌ တပ်ဆင်ရန် အတွက် နျူထိပ်ဖူးများအမှန်တကယ် ထုတ်လုပ်နိုင်စွမ်း ရှိ/မရှိမှာ သေချာ ရေရာခြင်းမရှိသေး ဘဲ လေ့လာ ဆန်းစစ် သူများကမူ အဆိုပါ အခြေအနေသို့ ရောက်လုနီးပါး ဖြစ်သည်ဟု ယုံကြည် ထားပါ သည်။
ဒုံးကျည်များ
မြောက်ကိုရီးယား နိုင်ငံသည် အမျိုးအစား ပေါင်းစုံ ပါဝင်သော ဒုံးကျည် အရေအတွက်ပေါင်း အနည်းဆုံး ၁ဝဝဝ ကျော် ပိုင်ဆိုင် ထားရှိပြီး ထိုအထဲတွင် အကွာအဝေး ကီလိုမီတာ ၃ဝဝဝ ကျော် (၁၈၆ဝ မိုင်) ပစ်ခတ် နိုင်သည့် ဒုံးကျည်များလည်း ပါဝင်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာနက ပြော ကြားထားပါသည်။ ထို့ပြင် Taepodong တိုက်ချင်းပစ် ဒုံးကျည် ၃ စင်းကို လည်း စမ်းသပ် ပစ်ခတ် ပြီး ဖြစ်ကြောင်း သိရ ပါသည်။
ဓာတုနှင့် ဇီဝလက်နက်များ
          အမေရိကန်နှင့် မဟာမိတ် အဖွဲ့များမှ စစ်ရေး အစီအစဉ် ရေးဆွဲသူများက တောင်ကိုရီးယား နိုင်ငံ အနေဖြင့် မြောက်ကိုရီးယားသို့ သမားရိုးကျ စစ်ပွဲ ပုံစံအရ စီးနင်း တိုက်ခိုက်နိုင်စွမ်း ရှိကြောင်း ယုံကြည် ထားသော်လည်း အကယ်၍ တိုက်ခိုက် ခဲ့ပါက ပြုံယမ်းဘက်မှ ဓာတုနှင့် ဇီဝလက်နက်များ မည်သို့မည်ပုံ အသုံးပြုလာမည် ဆိုသည့် အချက်ကို စိုးရိမ် ပူပန်လျက် ရှိပါသည်။
          မြောက်ကိုရီးယား နိုင်ငံသည် ဓာတု လက်နက်ပေါင်း တန်ချိန် ၂၅ဝဝ မှ ၅ဝဝဝ အထိ ပမာဏ အများအပြား သိုလှောင် ထားရှိကြောင်း ဆိုးလ်ကာကွယ်ရေး ဝန်ကြီးဌာနနှင့် အခြားေ သာ လေ့လာသူ များက ခန့်မှန်း ပြောကြားထားပြီး ထိုအရေ အတွက်သည် တောင် ကိုရီးယား နိုင်ငံအား ကြောက် မက်ဖွယ် ကောင်းအောင် သေကြေပျက်စီးမှုများ ဖြစ်ပေါ်စေရန် လုံလောက်ပါသည်။ ဓာတု ပစ္စည်းများကို တာဝေးပစ် အမြောက်များ၊ ဒုံးပစ် လောင်ချာများနှင့် ပဲ့ထိန်း ဒုံးများတွင် ထည့်သွင်း တပ်ဆင်၍ လေ ယာဉ်နှင့် ရေတပ် သင်္ဘောများပေါ်မှ ဖြန့်ဖြူး ပစ်ခတ်နိုင်ကြောင်း သိရပါသည်။
          မြောက်ကိုရီးယား နိုင်ငံသည် ဇီဝလက်နက် စီမံကိန်းကိုလည်း ပိုင်ဆိုင် ထားရှိပြီး လက်ရှိအချိန် တွင်မူ အစိုးရ အနေဖြင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အဆင့်ထက် ကျော်လွန်ခြင်း ရှိ/ မရှိကို အသေ အချာ မပြောနိုင်သေးကြောင်း လေ့လာသူများက ဆိုထားပါသည်။ ပြုံယမ်း အနေဖြင့် ထောင့်သန်းပိုး (Anthrax)၊ အစာ အဆိပ်သင့်ပိုး  (Botulism)အစရှိသည့် ဇီလက်နက် များနှင့် အရေပြား လောင် ကျွမ်းစေ နိုင်သည့် အဆိပ်ဓာတ်ငွေ့(Mustard Gas)၊ Sarin  နှင့် Phosgene ကဲ့သို့သော ဓာတုပိုးမွှား လက်နက်များ ကို ပိုင်ဆိုင်ထားပြီ ဖြစ်ကြောင်း ယူဆ ရပါသည်။
လူစွမ်းအား
          အသက် ၁၇ နှစ်မှစ၍ စစ်မှုမထမ်း မနေရ စနစ်ဖြင့် စစ်မှု ထမ်းရပြီး လက်ရှိ တပ်မတော် အင်အား မှာ ၁.၂ သန်းခန့် ရှိပါသည်။ သို့သော် အရေးကြုံ လာပါက စစ်ပွဲ ဝင်နိုင်သည့် တစ်နိုင်ငံလုံး အရန် စစ်အင် အားမှာ ၇.၇ သန်းခန့် ရှိပါသည်။
ကြည်းတပ်စွမ်းအား
          မြောက်ကိုရီးယား ကြည်းတပ်သည် လက်နက်ကြီးများအား ဆိုးလ်ဘက်သို့ ချိန်ရွယ်၍ တပ်အခင်း အကျင်းကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကြက် ထားရှိကြောင်း သိရပါသည်။ လက်နက်များ တွင် အဓိက တိုက်ပွဲဝင် တင့်ကား ၃၅ဝဝ၊ အပေါ့စား တင့်ကား ၅၆ဝ၊ လူတင် သံချပ်ကာယာဉ် ၂၅ဝဝ၊ စက် အမြောက် တပ်ဆင်ထားသော နောက်တွဲယာဉ် ၃၅ဝဝ၊ ရွေ့လျား ပစ်ခတ်နိုင်သော အမြောက်လက်နက် (Self-Propelled Artillery) ၄၄ဝဝ၊ ဒုံးပစ်လောင်ချာ ၂၅ဝဝ၊  စိန်ပြောင်း ၇၅ဝဝ၊ အရေအတွက် မသိရသော တင့်ဖျက် ပဲ့ထိန်းလက်နက်၊ နောက်ပွင့်လောင်ချာ ၁၇ဝဝ၊  လေေ ကြာင်းရန် ကာကွယ်ရေး စက်သေနတ် ကြီး ၁၁ဝဝဝ ရှိကြောင်း အမေရိကန် အစိုးရနှင့် လေ့လာ သူများက ခန့်မှန်းပြောကြား ထားပါသည်။
ရေတပ်စွမ်းအား
          မြောက်ကိုရီးယား ရေတပ်တွင် ရေငုပ်သင်္ဘော တပ်ဖွဲ့ကြီးရှိပြီး ခန့်မှန်း အရေအတွက် ၉၂ စီးခန့် ရှိပါသည်။ ထို့ပြင် ဖရီးဂိတ် စစ်သင်္ဘော ၃ စီး၊ Corvette စစ်သင်္ဘော ၆ စီး၊ ဒုံးပျံတင် စစ်ရေ ယာဉ် ၄၃ စီး၊ အကြီးစား ကင်းလှည့်ရေယာဉ် ၁၅၈ စီး၊ တော်ပီဒိုတင် အမြန်ရေယာဉ် ၁ဝ၃ စီး၊ ကင်းလှည့် တပ်ဖွဲ့ ရေ ယာဉ် ၃၃၄ စီးကျော်၊ ကုန်းရေနှစ်သွယ်သွား သင်္ဘော ၁ဝ စီး၊ ကမ်းခြေစောင့် အမြောက်တပ်ခွဲ ၂ ခွဲ၊ ရှပ်ပြေးယာဉ် ၁၃ဝ စီး၊ မိုင်းရှာရေယာဉ် ၂၃ စီး၊ အသေးစား စစ်သင်္ဘော ၈ စီးနှင့် အကဲကြည့် ရေယာဉ် ၄ စီး ပိုင်ဆိုင်ထား ကြောင်း သိရပါသည်။
လေတပ်စွမ်းအား
          မြောက်ကိုရီးယား လေတပ်သည် နယ်စပ်စည်းကို ဖြတ်ကျော်၍ တောင်ကိုရီးယားသို့ အမြန် ထိုးစစ် ဆင်နိုင်ရန် အစီအစဉ် ရေးဆွဲထားပြီး ဗုံးကြဲ လေယာဉ်စီးရေ ၈ဝ၊ မြေပြင် တိုက်ခိုက်ရေး လေ ယာဉ်နှင့် ဝေဟင် တိုက်ခိုက်ရေး လေယာဉ် ၅၄၁ စီး၊ သယ်ယူ ပို့ဆောင်ရေး လေယာဉ် ၃၁၆ စီး၊ သယ်ယူ ပို့ဆောင် ရေး ရဟတ်ယာဉ် ၅၈၈ စီး၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂၄ စီး၊ မောင်းသူမဲ့ လေယာဉ် အနည်း ဆုံး ၁ စီးနှင့် ပြည့်စုံ လုံလောက်သော ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များနှင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ ပိုင် ဆိုင်ကြောင်း သိရှိ ရပါသည်။
          မြောက်ကိုရီးယား နိုင်ငံသည် အဖျက်စွမ်းအား ကြီးမားသော လက်နက်များနှင့် အတူ ကြီးမားသော တပ်မတော်အား ပိုင်ဆိုင်ထားပြီး ယနေ့ ခေါင်းဆောင်သစ် လက်ထက်တွင် မည်သို့ေ သာ အပြောင်းလဲများ ရှိလာ နိုင်မည်ကို ကမ္ဘာ့နိုင်ငံ အများအပြားက စိတ်ဝင်တစား လေ့လာစောင့်ကြည့်လျက် ရှိပါသည်။ 

From...မြ၀တီ

No comments:

Post a Comment