Wednesday, June 12, 2013

အသည်းရောဂါ ကာကွယ် တားဆီးရေး အစွမ်းထက် တိုင်းရင်းဆေးများ ရှာဖွေဖော်ထုတ်

Photo: အသည်းရောဂါ ကာကွယ် တားဆီးရေး အစွမ်းထက် တိုင်းရင်းဆေးများ ရှာဖွေဖော်ထုတ်

လောကနီတိတွင် ဖိုးသုည ခုနစ်ယောက် အဖြစ် အအိပ်ကြီးသူ၊ မေ့လျော့တတ်သူ၊ သက်သောင့်သက်သာ ဇိမ်ခံ နေတတ်သူ၊ ရောဂါ ရနေသူ၊ ပျင်းရိသူ၊ အလိုကြီးသူ၊ အသေးအဖွဲ အလုပ်တွေနှင့် အချိန်ကုန်သူ တို့သည် ကျမ်းဂန်စာပေ တတ်ကျွမ်းခြင်းမှ ကင်းကုန်၏ဟု ညွှန်ပြထားသည်။
မျက်မှောက် ကမ္ဘာကြီးတွင် သိပ္ပံနှင့် နည်းပညာများ အရှိန်အဟုန်ဖြင့် တိုးတက်ဆန်းပြား လာခြင်းကြောင့် လူသားတို့ လူနေမှု ဘ၀ မြင့်မား လာခြင်းနှင့် အတူ ရောဂါဝေဒနာ အမျိုးမျိုး ကိုလည်း ကြုံတွေ့ နေကြရသည်။ ယခင်က ကြုံတွေ့ခဲ့ရ ဖူးသော ရောဂါများမှာ ဆေးမတိုးတော့ သဖြင့် ဆေးဝါးဗေဒ ပညာရှင် များက ထက်မြက်သော ကုသမှု အတွက် ကာကွယ်တားဆီး ထိန်းချုပ်ရန် ဆေးအသစ်များ တီထွင် ထုတ်လုပ်ရေး ကြိုးပမ်းနေကြ ရသည်။ တစ်ပြိုင်တည်း မှာပင် နောက်ထပ် ဖြစ်ပေါ်လာသော ရောဂါဆန်းများ အတွက်လည်း ကာကွယ်တားဆီး ထိန်းချုပ်ရန် ဆေးဝါးတို့ကို စမ်းသပ်ထုတ်လုပ် နေကြရသည်။

၂၀၁၃ ခုနှစ် ဇွန် ၇ ရက်တွင် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ထုတ်ပြန်သော စာရင်းအရ ကမ္ဘာ့ ပြည်သူသန်းပေါင်း ၅၀၀ ခန့်သည် အသည်းရောဂါ B သို့မဟုတ် C ရောဂါပိုး ကူးစက် ခံရသဖြင့် နာတာရှည် ရောဂါသည် အဖြစ် ရောက်ရှိနေကြ ရသော်လည်း ကမ္ဘာ့ နိုင်ငံများတွင် ဤရောဂါ ကုသရေးကို ထိထိရောက်ရောက် မဆောင် ရွက်နိုင် သေးကြောင်း သိရသည်။ အသည်း ရောဂါကြောင့် သေဆုံးသူ ဦးရေသည် ကိုယ်ခံစွမ်းအား ကျဆင်းသည့် ရောဂါကြောင့် သေဆုံးသူ ဦးရေထက် ပိုမို များပြားလျက် ရှိပြီး

Read more >>http://bit.ly/11GlGmf
လောကနီတိတွင် ဖိုးသုည ခုနစ်ယောက် အဖြစ် အအိပ်ကြီးသူ၊ မေ့လျော့ တတ် သူ၊ သက်သောင့်သက်သာ ဇိမ်ခံ နေတတ်သူ၊ ရောဂါ ရနေသူ၊ ပျင်းရိသူ၊ အလိုကြီးသူ၊ အသေးအဖွဲ အလုပ်တွေနှင့် အချိန်ကုန်သူ တို့သည် ကျမ်းဂန်စာပေ တတ်ကျွမ်းခြင်းမှ ကင်းကုန်၏ဟု ညွှန်ပြထားသည်။

မျက်မှောက် ကမ္ဘာကြီးတွင် သိပ္ပံနှင့် နည်းပညာများ အရှိန်အဟုန်ဖြင့် တိုးတက်ဆန်းပြား လာခြင်းကြောင့် လူသားတို့ လူနေမှု ဘ၀ မြင့်မား လာခြင်းနှင့် အတူ ရောဂါဝေဒနာ အမျိုးမျိုး ကိုလည်း ကြုံတွေ့ နေကြရ သည်။ ယခင်က ကြုံတွေ့ခဲ့ရ ဖူးသော ရောဂါများမှာ ဆေးမတိုးတော့ သဖြင့် ဆေးဝါးဗေဒ ပညာရှင် များက ထက်မြက်သော ကုသမှု အတွက် ကာကွယ်တားဆီး ထိန်းချုပ်ရန် ဆေးအသစ်များ တီထွင် ထုတ်လုပ်ရေး ကြိုးပမ်းနေကြ ရသည်။ တစ်ပြိုင်တည်း မှာပင် နောက်ထပ် ဖြစ်ပေါ် လာသော ရောဂါဆန်းများ အတွက် လည်း ကာကွယ်တားဆီး ထိန်းချုပ်ရန် ဆေးဝါးတို့ကို စမ်းသပ်ထုတ်လုပ် နေကြရသည်။

၂၀၁၃ ခုနှစ် ဇွန် ၇ ရက်တွင် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ထုတ်ပြန်သော စာရင်းအရ ကမ္ဘာ့ ပြည်သူ သန်းပေါင်း ၅၀၀ ခန့်သည် အသည်းရောဂါ B သို့မဟုတ် C ရောဂါပိုး ကူးစက် ခံရသဖြင့် နာတာရှည် ရောဂါ သည် အဖြစ် ရောက် ရှိနေကြ ရသော်လည်း ကမ္ဘာ့ နိုင်ငံများတွင် ဤရောဂါ ကုသရေးကို ထိထိရောက်ရောက် မဆောင် ရွက်နိုင် သေးကြောင်း သိရသည်။ အသည်း ရောဂါကြောင့် သေဆုံးသူ ဦးရေသည် ကိုယ်ခံစွမ်းအား ကျဆင်းသည့် ရောဂါကြောင့် သေဆုံးသူ ဦးရေထက် ပိုမို များပြားလျက် ရှိပြီး အဆုတ် ရောဂါနှင့် ငှက်ဖျား ရောဂါတို့ ထက်လည်း သေဆုံးသူ ဦးရေ ပိုမိုကြောင်း တွေ့ရသည်။ ၀ါရှင်တန်ရှိ တက္ကသိုလ် တစ်ခု မှ လေ့လာ တွေ့ရှိ ချက် အရ နှစ်စဉ် အသည်း ရောဂါကြောင့် သေဆုံးသူ ၁ ဒသမ ၄၄ သန်းရှိပြီး ကိုယ်ခံစွမ်းအား ကျဆင်းသည့် ရောဂါကြောင့် နှစ်စဉ် သေဆုံးသူ ၁ ဒသမ ၄၇ သန်းရှိသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးသည် အသည်းရောဂါ တိုက်ဖျက်ရေး ကွန်ရက် ဖွဲ့စည်းရန် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး စင်္ကြံကို ဇွန် ၇ ရက်တွင် စင်ကာပူ၌ စတင် တည်ထောင်၍ သတင်း အချက် အလက်များနှင့် အတွေ့အကြုံဖလှယ်ခြင်းကို နိုင်ငံအဆင့်၊ ဒေသအဆင့်မှ ကမ္ဘာ့နိုင်ငံ အားလုံးပါဝင် ဆောင် ရွက် မှု လုပ်ငန်းများ အတွက် အရင်း အမြစ်များ စုစည်းကာ ကုသမှုများ တိုးတက် အောင်မြင်မှု ရရှိစေရေး အထူး အလေးထား ကြရန်  တိုက်တွန်းလိုက်သည်။ အသည်းရောဂါ ကာကွယ် တိုက်ဖျက်ရေး ကွန်ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ သုတေသနအဖွဲ့အစည်း များ၊ ဒေသတွင်း ရှိ သိပ္ပံပညာ ဓာတ်ခွဲ စမ်းသပ်မှု ကျွမ်းကျင်သူများ၊ ပူးပေါင်း ဆောင်ရွက်ရေး ဗဟို ဌာနများ၊ အရပ်ဘက် လူမှုရေး အဖွဲ့အစည်း များနှင့် အသည်းရောဂါ ဝေဒနာရှင်များ အုပ်စုတို့ ပါဝင်ကြမည် ဖြစ်သည်။ ကမ္ဘာ့ အသည်းရောဂါ ကုသရေး ဆွေသဟာ အဖွဲ့ ဥက္ကဋ္ဌ ချားလ်စ်ဂိုရီက ကမ္ဘာလုံး ဆိုင်ရာ အသည်းရောဂါ ကုသရေး လုပ်ငန်းများတွင် နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက် ကြရန်နှင့် အထူးသဖြင့် ဆင်းရဲနွမ်းပါး သူများ အား ရောဂါ ဖြစ်ပွားမှု အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်၍ ကုသရန်၊ ဆေးဝါး လုံလောက်မှု ရှိရေး ဦးစားပေး ဆောင်ရွက်ကြရန် တိုက်တွန်း ထားသည်။ အသည်းရောဂါ A သည် အစား အသောက်ကြောင့် ဖြစ်တတ်ပြီး ဝေဒနာ အပျော့ဆုံး ဖြစ်သော်လည်း B နှင့် C သည် သွေးမှ တစ်ဆင့် ကူးစက်သော ပြင်းထန် သည့် ရောဂါဖြစ်သည်။

သို့ဖြစ်၍ အသည်းရောဂါ ဝေဒနာကြောင့် ဖိုးသုည ဘ၀မရောက် ရလေအောင် ပြည်သူ အားလုံးတို့သည်  ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှု ဖြစ်စေရန် သတိ ပြုကြရ မည် ဖြစ်ပြီး ဝေဒနာကြောင့် ဘ၀မလှသူ လျော့နည်းစေရန် ရောဂါကာကွယ် တားဆီးရေး အတွက် အစွမ်းထက် တိုင်းရင်းဆေးများ ရှာဖွေ ဖော်ထုတ်ကြရန် လိုအပ်နေ ပြီ ဖြစ်ကြောင်း တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

မြ၀တီ

No comments:

Post a Comment