Saturday, June 1, 2013

လားရှိုး ပဋိပက္ခမှု များတွင် ပါဝင် သူများကို အရေး ယူပေးရန် အစ္စလာမ် အဖွဲ့များ တောင်း ဆို

လားရှိုးပဋိပက္ခမှု များတွင် ပါဝင်သူများကို အရေးယူပေးရန် အစ္စလာမ်အဖွဲ့များ တောင်းဆို





ရှမ်းပြည်နယ် လားရှိုးမြို့တွင် ဖြစ်ပွား ခဲ့သည့် ပဋိပက္ခများ ဖြစ်ပွား စေရန် လှုံ့ဆော် သူများ၊ အကြမ်းဖက် ကျူးလွန် သူများနှင့် တာဝန် လစ်ဟင်းသူနှင့် တာဝန်မဲ့ သူများ အားလုံးကို မခွဲခြားဘဲ အရေး ယူရန် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ် အစိုးရတို့ထံ တောင်းဆိုကြောင်း အဖွဲ့ ၁၄ ဖွဲ့ဖြင့် ဖွဲ့စည်း ထားသည့် မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင် ကွန်ရက် ပေါင်းစုံ (Unity for Peace Networks) က မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန် လိုက်သည်။


အဆိုပါ သဘောထား ထုတ်ပြန် ချက်တွင် မူးယစ် ဆေးစွဲ စိတ်ဝေဒနာရှင် တစ်ဦးက အမျိုးသမီး တစ်ဦးကို မီးရှို့မှု အပေါ် ရှုတ်ချကြောင်း ပြစ်မှုကျူးလွန် သူကို ဥပဒေ အတိုင်း ထိထိ ရောက်ရောက် အရေးယူ ပါရန်နှင့် ယင်းရာဇဝတ် မှုကို အခွင့်ကောင်း ယူကာ ဗလီ ဝတ်ကျောင်းတော် များနှင့် မိဘမဲ့ စာသင် ကျောင်းများ မီးရှို့ဖျက် ဆီးပြီး ဘာသာရေး ပဋိပက္ခ အသွင် ဆောင်ကာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ပျက်ပြား စေသော လုပ်ရပ်ကို ပြင်းပြင်း ထန်ထန် ရှုတ်ချကြောင်း အပါအဝင် အချက် ၁၀ ချက် ပါဝင်သည်။

လားရှိုးမြို့တွင် မေလ ၂၈ ရက်နေ့ ညနေ ၄ နာရီကျော်က အမျိုးသမီး တစ်ဦးကို ဘာသာ မတူသူ အမျိုးသား တစ်ဦးက ဓာတ်ဆီပက် မီးရှို့ ခဲ့ခြင်းကြောင့် ပဋိပက္ခများ ဖြစ်ပွား ခဲ့ပြီး လူတစ်ဦး သေဆုံးကာ ငါးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ယင်းပဋိပက္ခမှု များတွင် ပါဝင်ပတ်သက် သူဟု ယူဆရသူ ၃၉ ဦးကို ဖမ်းဆီး ထားပြီး ဖြစ်ကြောင်း လားရှိုးမြို့ ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိ ရသည်။

ပဋိပက္ခမှု များကြောင့် အစ္စလာမ် ဘာသာဝင် များကို မေလ ၂၉ ရက်နေ့မှ စတင်ကာ မန်ဆူ ရှမ်းကျောင်း ပရဟိတ စာသင်တိုက်သို့ လုံခြုံရေး အကူအညီဖြင့် ပို့ဆောင်ခဲ့ရာ အစ္စလာမ် ဘာသာဝင် ၆၀၀ ကျော် အပါအဝင် စုစုပေါင်း ဒုက္ခသည် ၁၀၀၀ ကျော်ရှိပြီ ဖြစ်ကြောင်း ယင်းကျောင်းတိုက် ကျောင်းထိုင် ဆရာတော် ဦးပုညက မိန့်ကြားသည်။ ညမထွက်ရ အမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် လားရှိုးမြို့တွင် ဖြစ်ပွား နေသည့် ဆူပူအကြမ်းဖက်မှု များမှာ မေလ ၃၀ ရက် နေ့မှ စတင်ကာ ပုံမှန် အခြေအနေကို ပြန်လည် ရောက်ရှိနေပြီဟု ဒေသ အာဏာပိုင် များထံမှ သိရှိရသည်။ 

The Voice

No comments:

Post a Comment