Friday, June 7, 2013

ကားပွဲစားခ ရရှိသည့်ငွေ များထဲမှ ၅၀၀၀ ကျပ်တန်ငွေ စက္ကူအတု များတွေ့ရှိ

Photo: ကားပွဲစားခရရှိသည့်ငွေများထဲမှ ၅၀၀၀ ကျပ်တန်ငွေစက္ကူအတုများတွေ့ရှိ

7.6.2013

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်နေ ဦးခင်မောင်မြင့်(၅၇)နှစ်သည် ကမာရွတ်မြို့နယ်၊ (၂)ရပ်ကွက်နေ ကားပွဲစား ဦးဌေးမြင့်(၄၈)နှစ်ထံမှရရှိသည့် ပွဲစားခငွေများအနက် (၅၀၀၀)ကျပ်တန်ငွေစက်္ကူ ၁၅ ရွက်အား မသင်္ကာသဖြင့် တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ်(က)ရပ်ကွက် အုပ်ချုပ်ရေးမှူးထံအပ်နှံထားကြောင်းသတင်းအရ မှုခင်းရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ၅-၆-၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန် သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ကခ/AB 7823---ပါ(၁၀)ရွက်၊ ကခ/ AB 7424---ပါ(၂)ရွက်၊ ကင/AE 3823----ပါ(၁)ရွက်၊ ဃခ/ DB 2169320 နံပါတ်တူ(၂)ရွက်၊ စုစုပေါင်း (၅၀၀၀)ကျပ်တန်ငွေစက္ကူ ၁၅ ရွက် အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် ပဏာမစစ်ဆေးခဲ့ရာ အဆိုပါငွေစက္ကူများမှာ သာမန်စက္ကူအမျိုးအစား ဖြစ်ပြီး စက္ကူသားချောနေသည်ကို တွေ့ရှိရသည်။ ငွေစက္ကူအစစ်၏အရွယ်အစားမှာ ၁၅၀x၇၀ မီလီမီတာရှိပြီး ယခုတွေ့ရှိသောငွေစက္ကူသည် ၁၄၉x၆၉ မီလီမီတာရှိသဖြင့် အစစ်ထက် အနည်းငယ်သေးသည်ကို တွေ့ရသည်။ 

နံပါတ်စဉ်အက္ခရာများ၏အရောင်မှာမှေးမှိန်နေပြီး ရေစာမှာ အရိပ်ပုံသဏ္ဍာန်သာပါရှိသည်။ လုံခြုံရေးကြိုးနေရာတွင် အရိပ်မည်းသဏ္ဍာန်ပါရှိပြီး ကာလာပရင်တာနည်းဖြင့် ပုံနှိပ်တုပထားခြင်းဖြစ်ကာ လျှို့ဝှက်ချက်များမပါကြောင်း စစ်ဆေးတွေ့ရှိရသည်။

အဆိုပါသိမ်းဆည်းရမိသော (၅၀၀၀)ကျပ်တန်ငွေစက္ကူအတု၏ အက္ခရာနှင့်နံပါတ်များသည် ၂၀၁၀ ခုနှစ်က ထိုင်းနိုင်ငံနယ်စပ်မှဝင်ရောက်လာပြီး မြ၀တီမြို့တွင် စတင်တွေ့ရှိခဲ့သော ကခ/AB 7823---- နံပါတ်ပါ ငွေစက္ကူအတုများနှင့် ရှေ့ဂဏန်း(၄)လုံးတူညီနေကြောင်း တွေ့ရှိရသည်။ ကခ/ AB 7824----၊ ကင/AE 3823---- နှင့် ဃခ/ DB 2169---- တို့မှာ ၂၂-၄-၂၀၁၃ ရက်နေ့တွင် မှော်ဘီမြို့နယ်အတွင်း တွေ့ရှိရသော ငွေစက္ကူအတုများနှင့်တူညီနေပြီး ယခုတွေ့ရှိသော (၅၀၀၀)ကျပ်တန်ငွေစက္ကူအတုများမှာ ထိုင်းနိုင်ငံနယ်စပ်မှဝင်ရောက်လာသော ငွေစက္ကူအတုများဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် မှုခင်းရဲတပ်ဖွဲ့မှ အသေးစိတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်နေ ဦးခင်မောင်မြင့်(၅၇)နှစ်သည် ကမာရွတ်မြို့နယ်၊ (၂)ရပ်ကွက်နေ ကားပွဲစား ဦးဌေးမြင့်(၄၈)နှစ်ထံမှရရှိသည့် ပွဲစားခငွေများအနက် (၅၀၀၀)ကျပ်တန်ငွေစက်္ကူ ၁၅ ရွက်အား မသင်္ကာသဖြင့် တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ်(က)ရပ်ကွက် အုပ်ချုပ်ရေးမှူးထံအပ်နှံထားကြောင်းသတင်းအရ မှုခင်းရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ၅-၆-၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန် သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ကခ/AB 7823---ပါ(၁၀)ရွက်၊ ကခ/ AB 7424---ပါ(၂)ရွက်၊ ကင/AE 3823----ပါ(၁)ရွက်၊ ဃခ/ DB 2169320 နံပါတ်တူ(၂)ရွက်၊ စုစုပေါင်း (၅၀၀၀)ကျပ်တန်ငွေစက္ကူ ၁၅ ရွက် အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် ပဏာမစစ်ဆေးခဲ့ရာ အဆိုပါငွေစက္ကူများမှာ သာမန်စက္ကူ အမျိုး အစား ဖြစ်ပြီး စက္ကူသားချောနေသည်ကို တွေ့ရှိရသည်။ ငွေစက္ကူအစစ်၏အရွယ်အစားမှာ ၁၅၀x၇၀ မီလီမီတာရှိပြီး ယခုတွေ့ရှိသောငွေစက္ကူသည် ၁၄၉x၆၉ မီလီမီတာရှိသဖြင့် အစစ်ထက် အနည်းငယ်သေး သည်ကို တွေ့ရသည်။

နံပါတ်စဉ်အက္ခရာများ၏အရောင်မှာမှေးမှိန်နေပြီး ရေစာမှာ အရိပ်ပုံသဏ္ဍာန်သာပါရှိသည်။ လုံခြုံရေးကြိုးနေ ရာတွင် အရိပ်မည်းသဏ္ဍာန်ပါရှိပြီး ကာလာပရင်တာနည်းဖြင့် ပုံနှိပ်တုပထားခြင်းဖြစ်ကာ လျှို့ဝှက်ချက် များမပါကြောင်း စစ်ဆေးတွေ့ရှိရသည်။

အဆိုပါသိမ်းဆည်းရမိသော (၅၀၀၀)ကျပ်တန်ငွေစက္ကူအတု၏ အက္ခရာနှင့်နံပါတ်များသည် ၂၀၁၀ ခုနှစ်က ထိုင်းနိုင်ငံနယ်စပ်မှဝင်ရောက်လာပြီး မြ၀တီမြို့တွင် စတင်တွေ့ရှိခဲ့သော ကခ/AB 7823---- နံပါတ် ပါ ငွေစက္ကူအတုများနှင့် ရှေ့ဂဏန်း(၄)လုံးတူညီနေကြောင်း တွေ့ရှိရသည်။ ကခ/ AB 7824----၊ ကင/AE 3823---- နှင့် ဃခ/ DB 2169---- တို့မှာ ၂၂-၄-၂၀၁၃ ရက်နေ့တွင် မှော်ဘီမြို့နယ် အတွင်း တွေ့ ရှိရသော ငွေစက္ကူအတုများနှင့်တူညီနေပြီး ယခုတွေ့ရှိသော (၅၀၀၀)ကျပ်တန်ငွေစက္ကူအတုများမှာ ထိုင်းနိုင်ငံနယ်စပ်မှဝင်ရောက်လာသော ငွေစက္ကူအတုများဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် မှုခင်းရဲတပ်ဖွဲ့မှ အသေးစိတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment