Saturday, June 8, 2013

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများ ယနေ့ (ဇွန် ၈) ထုတ်ပြန် အွန်လိုင်းမှလည်း ကြည့်ရှုနိုင်

Photo: တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများ ယနေ့ (ဇွန် ၈) ထုတ်ပြန် အွန်လိုင်းမှလည်း ကြည့်ရှုနိုင်
Saturday, June 8, 2013

၂၀၁၂-၁၃ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း များကို ယနေ့ (ဇွန်၈ရက်) တွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ သက်ဆိုင် ရာ စာစစ်ဌာန အသီးသီး၌ ထုတ်ပြန်ခဲ့ပြီး အွန်လိုင်းတွင်လည်း ၀င်ရောက် ကြည့် ရှုနိုင်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို www.moemyanmar.net တွင် ဖြေဆိုသူ၏ စာစစ်ဌာန သင်္ကေတနှင့် ခုံအမှတ်ကို ရိုက်ထည့်၍ ကြည့်ရှုနိုင်ကြောင်း အဆိုပါဝက်ဆိုဘ် ၏ ဖော်ပြထားချက်အရ သိရသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို တိုင်းဒေသ ကြီး၊ ပြည်နယ်မြို့နယ် အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ထုတ်ပြန် ကြေညာထားပြီး အထက(၁) အင်းစိန်၊ အထက(၁) ရန်ကင်း၊ အထက(၃)ကမာရွတ်၊ အထက(၁)လမ်းမတော်၊ အထက(၂)ဒဂုံနှင့် အထက(၁)သင်္ဃန်းကျွန်း စသည့် ကျောင်းများတွင် ရန်ကုန်တိုင်းဒေသ ကြီးမှအပ ကျန်တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၏ အောင် စာရင်းများကို ကြေညာထားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် မြို့နယ်ဒေသများရှိ စာစစ်ဌာန များမှ အောင်မြင်သူများ ၏ အောင်စာရင်းများအား ယနေ့ (ဇွန် ၈ ရက်) နံနက် ၈ နာရီမှ စတင်ကာ နေပြည်တော် မြန်မာ့အသံမှ ထုတ် လွှင့်ကြေညာပေး မည် ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအား မတ် ၁၃ ရက်မှ စတင်ကျင်းပ ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံးရှိ စာစစ်ဌာန ၁၂၇၈ ခု၊ နိုင်ငံခြား စာစစ်ဌာန ၁၈ ခု၊ စုစုပေါင်း စာစစ်ဌာန ၁၂၉၆ ခုတို့၌ ဖြေဆိုသူ စုစုပေါင်း ၄၈၇၀၀၀ ကျော် ၀င်ရောက်ဖြေဆိုခဲ့ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကို နှစ်စဉ်ဝင်ရောက် ဖြေဆိုသူ ကျား၊ မ ဦးရေ စုစုပေါင်း ခြောက်သိန်းကျော် ရှိကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် အထက(၁)တွင် အောင်စာရင်းကြည့်ရှုနေကြသူများ ကို ဇွန် ၈ ရက် နံနက် ၁ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ- သက်မျိုးမင်း)
ELEVEN
သင်္ဃန်းကျွန်းမြို့နယ် အထက(၁)တွင် အောင်စာရင်းကြည့်ရှုနေကြသူများကို ဇွန် ၈ ရက် နံနက် ၁ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ- သက်မျိုးမင်း)
၂၀၁၂-၁၃ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို ယနေ့ (ဇွန်၈ရက်) တွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ သက်ဆိုင်ရာ စာစစ်ဌာန အသီးသီး၌ ထုတ်ပြန်ခဲ့ပြီး အွန်လိုင်းတွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို www.moemyanmar.net တွင် ဖြေဆိုသူ၏ စာစစ်ဌာန သင်္ကေတနှင့် ခုံအမှတ်ကို ရိုက်ထည့်၍ ကြည့်ရှုနိုင်ကြောင်း အဆိုပါဝက်ဆိုဘ်၏ ဖော်ပြထားချက်အရ သိရသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို တိုင်းဒေသကြီး၊ ပြည်နယ်မြို့နယ် အသီးသီးရှိ သက်ဆိုင် ရာ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာထားပြီး အထက(၁) အင်းစိန်၊ အထက(၁) ရန်ကင်း၊ အထက(၃) ကမာရွတ်၊ အထက(၁)လမ်းမတော်၊ အထက(၂)ဒဂုံနှင့် အထက(၁)သင်္ဃန်းကျွန်း စသည့် ကျောင်းများတွင် ရန်ကုန်တိုင်းဒေသကြီးမှအပ ကျန်တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၏ အောင် စာရင်းများကို ကြေညာထား မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် မြို့နယ်ဒေသများရှိ စာစစ်ဌာနများမှ အောင်မြင်သူများ ၏ အောင်စာရင်းများအား ယနေ့ (ဇွန် ၈ ရက်) နံနက် ၈ နာရီမှ စတင်ကာ နေပြည်တော် မြန်မာ့အသံမှ ထုတ်လွှင့်ကြေညာပေးမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအား မတ် ၁၃ ရက်မှ စတင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံးရှိ စာစစ်ဌာန ၁၂၇၈ ခု၊ နိုင်ငံခြား စာစစ်ဌာန ၁၈ ခု၊ စုစုပေါင်း စာစစ်ဌာန ၁၂၉၆ ခုတို့၌ ဖြေဆိုသူ စုစုပေါင်း ၄၈၇၀၀၀ ကျော် ၀င်ရောက်ဖြေဆိုခဲ့ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကို နှစ်စဉ်ဝင်ရောက် ဖြေဆိုသူ ကျား၊ မ ဦးရေ စုစုပေါင်း ခြောက်သိန်းကျော် ရှိကြောင်း သိရသည်။
ELEVEN

No comments:

Post a Comment