Friday, June 7, 2013

အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်လို့

Photo: အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်လို့
Friday, June 7 , 2013

တတိယအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့သော အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair)တွင် လာရောက်သူဦးရေ ဒုတိယ အကြိမ် ထက်လျော့နည်းသော်လည်း အရည်အချင်းနှင့် ကိုက်ညီသည့် အလုပ်များကို ပိုမို စိစစ်၍လျှောက်ထားလာကြောင်း သိရသည်။

Job Fairပွဲစီစဉ်သူ မြန်မာနိုင်ငံ လူငယ်လုပ်ငန်းရှင်များအသင်းမှ ဗဟိုအလုပ်အမှုဆောင် ကိုသန်းစိုးက “အရင်အခေါက်တွေ တုန်းက အလုပ်လျှောက်တဲ့သူတွေက တွေ့သမျှကုမ္ပဏီ အကုန်တင်တယ်။ ကိုယ်နဲ့ သင့်တော်တာ မသင့်တော်တာ မစဉ်းစားဘူး။ တစ်ချို့ကုမ္ပဏီတွေဆို CV တွေက ၁၀၀၊ ၂၀၀ တင်ထား တာတွေ့ ရပေမဲ့ ခန့်လို့ရတဲ့သူက ၂၀မပြည့်ချင်ဘူး။ ခုတစ်ခေါက်တော့ အလုပ်လျှောက်တဲ့သူတွေက ကိုယ်အရည်အချင်းနဲ့ ကိုက်ညီတာကိုလျှောက်ကြတော့ လုပ်ငန်းရှင်တွေ ဘက်က လည်း လျှောက်တဲ့သူ နည်းပေမဲ့ ခန့်လို့ရတဲ့သူ တွေပိုများလာတယ် လို့ပြောကြတယ်။”ဟုဆိုသည်။

Job Fairကို ပထမဆုံးအကြိမ်အဖြစ် ၂၀၁၁ခုနှစ် မတ်လတွင် မြန်မာနိုင်ငံကုန်သည်/စက်မှုအသင်းချုပ် ရုံး(UMFCCI)တွင် ကျင်းပခဲ့၊ပြီး လာရောက်သူဦးရေ ၆ထောင်ကျော်ရှိကြောင်းသိရသည်။ ဒုတိယအကြိမ်နှင့် တတိယအကြိမ်ကို တပ်မတော် ခန်းမတွင် ပြုလုပ်ခဲ့ပြီး လာရောက်သူဦးရေ ၃သောင်းခွဲ နှင့်၂သောင်းခန့် အသီးသီးရှိကြောင်းသိရသည်။ အလုပ်ရှာဖွေ နေသူများ တစ်နေ့တည်း တစ်နေရာတည်း တွင် အလုပ် ၄/၅ခုကို လွယ်လွယ် ကူကူလျှောက်နိုင်ရန်နှင့် အလုပ်ရှင်များ အနေဖြင့် ၀န်ထမ်းရွေးချယ်ခွင့် ပိုမိုရရှိရန် Job Fairကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ကိုသန်းစိုးက ဆိုသည်။

ထိုပွဲကို တက်ရောက်ခဲ့သူ တစ်ဦးဖြစ်သော အသက်၂၄နှစ်အရွယ် အင်ဂျင်နီယာမဟာဘွဲ့ကျောင်းသူ တစ်ဦးက “ထူးကုမ္ပဏီ မှာ တော့လျှောက်ခဲ့တယ် ။အဲဒီပွဲမှာ ဆလန်ဘာဂျာ ကုမ္ပဏီကတော့ နာမည် အကြီးဆုံးပဲ လျှောက်လွှာတင်တဲ့ သူတွေကို သူတို့က တစ်ခါတည်း အင်တာဗျူးလုပ်နေတာ။ တစ်ချို့ လုပ်ငန်းတွေမှာ ဘယ်ပို့စ်ကို လူဘယ်လောက်လိုတယ်ဆိုတာ ကြော်ငြာထားတယ်။ တစ်ချို့ကတော့ လျှေက်လွှာကိုပဲ လက်ခံထားလိုက်တယ်။ ဘာပို့်စ်တွေလိုတယ်။ ဘယ်အချိန်ခေါ် မယ်ဆိုတာကို မပြောဘူး။ အဲဒီကုမ္ပဏီတွေကတော့ ခေါ်မယ်လို့်မထင်ဘူး”ဟု ဆိုသည်။

လတ်တလောတွင် လူငယ်များအနေဖြင့် ပြည်တွင်းကုမ္ပဏီများထက် နိုင်ငံတကာကုမ္ပဏီများကို ပိုမိုလျှောက်ထား လိုကြပြီး ယခုအကြိမ်ပြုလုပ်သော Job Fair တွင်လည်း နိုင်ငံတကာကုမ္ပဏီများ လာရောက် ပြသမှု ယခင်ကထက်ပိုမို များပြား လာကြောင်းသိရသည်။ ယခင်က ပြည်တွင်းကုမ္ပဏီများမှ အလုပ်ခေါ်စာ ထည့်ပါက လာရောက်လျှောက်ထားသူ များပြား သော်လည်း ယခုအချိန်တွင်အလွန်နဲပါးကြောင်းသိရသည်။ နိုင်ငံတကာ ကုမ္ပဏီများကို လျှောက်ထားမှုမှာ ပိုမိုမြင့်တက်နေ ကြောင်းသိရသည်။

“ကျွန်တော်တို့ ဂျာနယ်အတွက် ဧည့်ကြို အလုပ်ခေါ်ထားတာ ၃ပတ်ရှိတာတောင် လူ၃/၄ ယောက်ပဲ လာ လျှောက်ကြ တယ် အ၇င်ကဆို တစ်ပတ်တည်းနဲ့ ၆၀/၇၀ လောက်လာတယ်။ အသင်းက တခြားလုပ်ငန်းရှင်တွေလည်း အဲဒီလိုပဲဖြစ်နေ တယ်။ ဂျာနယ်မှာ ကြော်ငြာထည့်ထားတဲ့ နိုင်ငံတကာကုမ္ပဏီတွေ ကိုတော့ အများကြီးလာလျှောက်ကြတယ် လို့ပြော တယ်။ ”ဟု အခွင့်အလမ်းဂျာနယ် ပိုင်ရှင်တစ်ဦးလည်း ဖြစ်သူ ဦးသန်းစိုးကပြောသည်။

အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair)ကို နိုဝင်ဘာလတွင် ထပ်မံကျင်းပရန်ရှိပြီး ယခုအကြိမ်တွင် ကုမ္ပဏီပေါင်း ၇၅၊ ပြခန်းပေါင်း ၁၂၁ခန်းပြသခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် လူသိများသော နိုင်ငံတကာကုမ္ပဏီများ အနေဖြင့် ZTE၊ HUAWEI နှင့် Schlumberger တို့ပါဝင်ပြသခဲ့သည်။

ဧရာဝတီBlog
တတိယအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့သော အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair)တွင် လာရောက် သူ ဦးရေ ဒုတိယ အကြိမ် ထက်လျော့နည်းသော်လည်း အရည်အချင်းနှင့် ကိုက်ညီသည့် အလုပ်များကို ပိုမို စိစစ်၍လျှောက်ထားလာကြောင်း သိရသည်။

Job Fairပွဲစီစဉ်သူ မြန်မာနိုင်ငံ လူငယ်လုပ်ငန်းရှင်များအသင်းမှ ဗဟိုအလုပ်အမှုဆောင် ကိုသန်းစိုးက “အရင်အခေါက်တွေ တုန်းက အလုပ်လျှောက်တဲ့သူတွေက တွေ့သမျှကုမ္ပဏီ အကုန်တင်တယ်။ ကိုယ်နဲ့ သင့်တော်တာ မသင့်တော်တာ မစဉ်းစားဘူး။ တစ်ချို့ကုမ္ပဏီတွေဆို CV တွေက ၁၀၀၊ ၂၀၀ တင်ထား တာတွေ့ ရပေမဲ့ ခန့်လို့ရတဲ့သူက ၂၀မပြည့်ချင်ဘူး။ ခုတစ်ခေါက်တော့ အလုပ်လျှောက်တဲ့သူတွေက ကိုယ်အရည်အချင်းနဲ့ ကိုက်ညီတာကိုလျှောက်ကြတော့ လုပ်ငန်းရှင်တွေ ဘက်က လည်း လျှောက်တဲ့သူ နည်းပေမဲ့ ခန့်လို့ရတဲ့သူ တွေပိုများလာတယ် လို့ပြောကြတယ်။”ဟုဆိုသည်။

Job Fairကို ပထမဆုံးအကြိမ်အဖြစ် ၂၀၁၁ခုနှစ် မတ်လတွင် မြန်မာနိုင်ငံကုန်သည်/စက်မှုအသင်းချုပ် ရုံး(UMFCCI)တွင် ကျင်းပခဲ့၊ပြီး လာရောက်သူဦးရေ ၆ထောင်ကျော်ရှိကြောင်းသိရသည်။ ဒုတိယအကြိမ်နှင့် တတိယအကြိမ်ကို တပ်မတော် ခန်းမတွင် ပြုလုပ်ခဲ့ပြီး လာရောက်သူဦးရေ ၃သောင်းခွဲ နှင့်၂သောင်းခန့် အသီးသီးရှိကြောင်းသိရသည်။ အလုပ်ရှာဖွေ နေသူများ တစ်နေ့တည်း တစ်နေရာတည်း တွင် အလုပ် ၄/၅ခုကို လွယ်လွယ် ကူကူလျှောက်နိုင်ရန်နှင့် အလုပ်ရှင်များ အနေဖြင့် ၀န်ထမ်းရွေးချယ်ခွင့် ပိုမိုရရှိရန် Job Fairကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ကိုသန်းစိုးက ဆိုသည်။

ထိုပွဲကို တက်ရောက်ခဲ့သူ တစ်ဦးဖြစ်သော အသက်၂၄နှစ်အရွယ် အင်ဂျင်နီယာမဟာဘွဲ့ကျောင်းသူ တစ်ဦးက “ထူးကုမ္ပဏီ မှာ တော့လျှောက်ခဲ့တယ် ။အဲဒီပွဲမှာ ဆလန်ဘာဂျာ ကုမ္ပဏီကတော့ နာမည် အကြီးဆုံးပဲ လျှောက်လွှာတင်တဲ့ သူတွေကို သူတို့က တစ်ခါတည်း အင်တာဗျူးလုပ်နေတာ။ တစ်ချို့ လုပ်ငန်းတွေမှာ ဘယ်ပို့စ်ကို လူဘယ်လောက်လိုတယ်ဆိုတာ ကြော်ငြာထားတယ်။ တစ်ချို့ ကတော့ လျှေက်လွှာကိုပဲ လက်ခံထားလိုက်တယ်။ ဘာပို့်စ်တွေလိုတယ်။ ဘယ်အချိန်ခေါ် မယ်ဆိုတာကို မပြောဘူး။ အဲဒီကုမ္ပဏီတွေကတော့ ခေါ်မယ်လို့်မထင်ဘူး”ဟု ဆိုသည်။

လတ်တလောတွင် လူငယ်များအနေဖြင့် ပြည်တွင်းကုမ္ပဏီများထက် နိုင်ငံတကာကုမ္ပဏီများကို ပိုမိုလျှောက်ထား လိုကြပြီး ယခုအကြိမ်ပြုလုပ်သော Job Fair တွင်လည်း နိုင်ငံတကာကုမ္ပဏီများ လာရောက် ပြသမှု ယခင်ကထက်ပိုမို များပြား လာကြောင်းသိရသည်။ ယခင်က ပြည်တွင်းကုမ္ပဏီများမှ အလုပ်ခေါ်စာ ထည့်ပါက လာရောက်လျှောက်ထားသူ များပြား သော်လည်း ယခုအချိန်တွင်အလွန် နဲပါးကြောင်းသိရသည်။ နိုင်ငံတကာ ကုမ္ပဏီများကို လျှောက်ထားမှုမှာ ပိုမိုမြင့်တက်နေ ကြောင်းသိရသည်။

“ကျွန်တော်တို့ ဂျာနယ်အတွက် ဧည့်ကြို အလုပ်ခေါ်ထားတာ ၃ပတ်ရှိတာတောင် လူ၃/၄ ယောက်ပဲ လာ လျှောက်ကြ တယ် အ၇င်ကဆို တစ်ပတ်တည်းနဲ့ ၆၀/၇၀ လောက်လာတယ်။ အသင်းက တခြားလုပ်ငန်းရှင်တွေလည်း အဲဒီလိုပဲဖြစ်နေတယ်။ ဂျာနယ်မှာ ကြော်ငြာထည့် ထားတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေ ကိုတော့ အများကြီးလာလျှောက်ကြတယ် လို့ပြော တယ်။ ”ဟု အခွင့်အလမ်းဂျာနယ် ပိုင်ရှင်တစ်ဦးလည်း ဖြစ်သူ ဦးသန်းစိုးကပြောသည်။

အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair)ကို နိုဝင်ဘာလတွင် ထပ်မံကျင်းပရန်ရှိပြီး ယခုအကြိမ်တွင် ကုမ္ပဏီပေါင်း ၇၅၊ ပြခန်းပေါင်း ၁၂၁ခန်းပြသခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် လူသိများသော နိုင်ငံ တကာ ကုမ္ပဏီများ အနေဖြင့် ZTE၊ HUAWEI နှင့် Schlumberger တို့ပါဝင်ပြသခဲ့သည်။

ဧရာဝတီBlog

No comments:

Post a Comment