Thursday, June 27, 2013

မန်းတွင် သက်တမ်းကျော် လေလံကားများ မှတ်ပုံတင်ခွင့် မရှိတော့

အစိုးရလေလံတင်ရောင်းချထားသော ကားများကို တင်ဒါအောင်ပြီး နှစ် နှစ်အတွင်း ပိုင်ရှင်ကမှတ်ပုံတင်ရန် သတ်မှတ်ထားရာ ယင်းကာလအတွင်း မှတ်ပုံမတင်ဖြစ်ပါက လိုင်စင်မဲ့ကား ဖြစ်သွားမည်ဟု မန္တလေးတိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

ယခင်က ခွင့်ပြုသက်တမ်း နှစ်နှစ်အတွင်း မှတ်ပုံမတင်ဖြစ်သော်လည်း ဒဏ်ကြေးပေးဆောင်ပါက ပြန်လည် မှတ်ပုံတင်ခွင့်ပြုခဲ့ရာ ယင်းသက်သာခွင့်ကို လာမည့် ဇူလိုင်လတွင် ပယ်ဖျက်တော့မည် ဟုလည်းဆိုသည်။

''လေလံအောင်တဲ့ ကားတွေကို နှစ် နှစ် ပြင်ဆင်ချိန်ပေးထားတယ်။ ပြင်ဆင် ပြီးတာနဲ့ ယာဉ်မှတ်ပုံတင် ရမယ်'' ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ကားလေလံဆွဲ၍ အသုံးပြုနေသူ ကိုနေဇော်က ''ကျွန်တော်တို့က လေလံကားကို ဒီအတိုင်းပြင်ပြီး သုံးနေ တာကြာပြီ။ အရင်ကတော့ ဒဏ်ကြေးနဲ့ဆိုတော့ ပြဿနာမရှိဘူး။ ပေါ့ပေါ့နေလို့ရတယ်။ ပိုက်ဆံအဆင်ပြေ တဲ့ အချိန်မှ ဒဏ်ကြေးဆောင်ပြီး လုပ်လို့ရတယ်'' ဟု ပြောသည်။

လေလံကားများနှင့် ပတ်သက်ပြီး ရဲအ ရာရှိတစ်ဦးက ''လေလံကားဆိုရင် အတော် အသင့်ယာဉ်ထိန်းရဲက မစစ်တော့ဘူး။ တချို့က လိုင်စင်ကို မလုပ်ကြတော့ဘူး။ လေလံဆွဲထားတဲ့ နံပါတ်နဲ့ ခပ်တည်တည်စီးနေ ကြတာ တွေရှိတယ်။ အခုလို လုပ်တာကြို ဆိုပါတယ်'' ဟု မှတ်ချက်ပြုသည်။
Mizzima News

No comments:

Post a Comment