Thursday, June 6, 2013

ကော့သောင်းတွင် ယခုဘဏ္ဍာနှစ်အတွင်း ငါးလုပ်ငန်း ဦးစီးဌာနမှ အခွန်ကောက်ခံ ရရှိငွေ ၅၈,၇၀၈,၅၈၁ ဒသမ ၈၁ ကျပ် ရရှိ၍ ၂၈ နှစ်တာ ကာလအတွင်း အမြင့်ဆုံးဖြစ်

fishing-june6
 ကော့သောင်းဆိပ်ကမ်းတွင် ငါးဖမ်းလှေများ ဆိုက်ကပ်ထားသည်ကို တွေ့ရစဉ်
ကော့သောင်းနယ်စပ် ငါးလုပ်ငန်း ဦးစီးဌာနမှ ယခုဘဏ္ဍာနှစ်အတွင်း အခွန်အရပ်ရပ် ကောက်ခံရရှိငွေ သည် ၅၈,၇၀၈,၅၈၁ ဒသမ ၈၁ ကျပ် ရှိသဖြင့် စတင်ဖွင့်လှစ်သည့် ၁၉၈၅ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ၂၈ နှစ်တာ ကာလအတွင်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။


"ဒီနှစ်က ၂၈ နှစ်တာ ကာလအတွင်း အမြင့်ဆုံးပါ။ ဒီဒေသမှာ FOB စစ်ဆေးရေးစခန်း ဖွင့်လှစ်ခဲ့လို့ မြိတ်က ငါးလှေတွေအတွက် ပိုအဆင်ပြေသလို ဒီဒေသက ငါးလှေတွေပါ အဆင်ပြေတဲ့အတွက် အခွန်ငွေ ကောက်ခံ တဲ့ အခါ ယခင်နှစ်ကထက် ပိုရပါတယ်" ဟု ကော့သောင်းမြို့၊ ငါးလုပ်ငန်း ဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယခု ဘဏ္ဍာနှစ်မှစ၍ ပင်လယ်ပြင်တွင်ရှိသော သက်ဆိုင်ရာအဖွဲ့များနှင့် ကမ်းခြေ တစ်လျှောက်ရှိ ကျေးရွာ များမှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပါက လိုင်စင်မဲ့ ငါးဖမ်းလှေများ လျော့နည်းသွားကာ ဘဏ္ဍာငွေ ပိုမိုတိုးတက် လာမည်ဖြစ်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းသဖြင့် လိုင်စင်မဲ့ ငါးဖမ်းလှေများ များစွာရှိနေကြောင်းဖြင့် ဆက်လက်ပြောကြားသည်။

ငါးလုပ်ငန်းဦးစီးဌာနမှကောက်ခံသော အခွန်အရပ်ရပ်မှာ ငါးဖမ်းကိရိယာ လိုင်စင်ခွန်၊ ငါးစိုခွန်၊ လှေခွန်၊ ရေ လုပ်သား မှတ်ပုံတင်ကြေး၊ စုဆောင်းခွင့် လိုင်စင်ကြေး၊ မွေးမြူရေး လိုင်စင်ကြေး၊ သိမ်းဆည်း ငါး လေလံတင်ရောင်းချ ရငွေ၊ ပြည်ပပို့ကုန် အရည်အသွေး စစ်ဆေးခ၊ တင်ဒါခွန်၊ နိုင်ငံခြား ငါးသယ်လိုင်စင်ကြေး၊ ရေယာဉ်မှတ်ပုံတင်ကြေးနှင့် အထွေထွေ ရငွေတို့ဖြစ်ကြောင်း သိရသည်။

ELEVEN 

No comments:

Post a Comment