Tuesday, June 11, 2013

ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းမှုကြောင့် ကုန်သွယ်မှုပိုမိုတိုးမြှင့်လာ…

ကချင်ပြည်နယ်အတွင်း အစိုးရစစ်တပ်နဲ့ KIA အကြားတိုက်ပွဲများဖြစ်ပွားမှု တို့ကြောင့် ကန် ပိုက်တီးနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွေမှာ သွင်းကုန်/ထုတ်ကုန်မရှိ သလောက် နည်းပါးခဲ့ပါတယ်။

၂၀၁၂ ခုနှစ်၊ မေလမှာ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစန်း ကုန်သွယ်မှု အနေနဲ့ ၀ိုင်းမော် မြို့ နယ်၊ ဆဒုံးမြို့နယ်ခွဲမှာရှိတဲ့ “ခုနှစ်ရောင်စုံ” တံတားဖောက်ခွဲ ခံရမှုကြောင့် ပို့ကုန်/ သွင်းကုန် လုပ်ငန်း များ ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက် လူယာဉ်ဝင်/ထွက်တွေအပေါ် အခွန်ကောက်ခံ ရရှိမှုမှာ ငွေကျပ် ၄ သိန်းကျော်သာကောက်ခံရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်၊ မတ်လ မှာတော့ ငွေကျပ် သိန်းနှစ် ထောင့်ငါးရာကျော် အထိကောက်ခံရရှိခဲ့ပြီး လွယ်ဂျယ်နယ်စပ်ဂိတ် အနေနဲ့ ငွေကျပ် သိန်းရှစ်ရာ ခြောက်ဆယ်ကျော် အထိကောက်ခံရရှိခဲ့တယ်လို့ သိရှိရပါတယ်။

“ယခုလို အခွန်ငွေတွေတိုးမြှင့်ကောက်ခံရရှိမှုဟာ လမ်းကြောင်းလုံခြုံရေးအခြေအနေ ပြန်လည် ကောင်းမွန် လာတဲ့ အတွက် ကုန်သွယ်လုပ်ငန်းရှင်တွေ အနေနဲ့ကုန်ပစ္စည်း တင်သွင်းမှုတွေ ပြန်လည် များပြား လာပြီး ပြည်နယ်အတွင်း ငြိမ်းချမ်းမှုကြောင့် အခွန်ငွေအရပ်ရပ် တိုးမြှင့်ကောက် ခံခြင်းရဲ့ အကျိုးရလာဒ်တွေဖြစ်တယ်လို့” အခွန်ဦးစီးဌာနမှ အရာရှိတစ်ဦး ကပြောပြလာပါတယ်။
Kachin Land

No comments:

Post a Comment