Tuesday, June 11, 2013

KIA မိုင်းကြောင့် ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရရှိ…

၂၀၁၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့မှာ KIA နယ်မြေထဲမှာရှိတဲ့ ရွှေလုပ်ကွက်မှာ လုပ်ကိုင် နေ တဲ့ မောင်သောင်းဇော်၊ ၂၆ နှစ်ဟာ KIA ထောင်ထား တဲ့ မိုင်းနင်းမိတာကြောင့် ညာဘက် ခြေထောက် တစ်ဖက်ပြတ်သွားခဲ့ပြီး တုံမဏီရွှေမှော်မှာရှိတဲ့ ဆေးခန်းမှာ ဆေးကုသမှုခံယူ နေတယ်လို့ သိရှိရပါတယ်။
“KIA ခေါင်းဆောင်ပိုင်းတွေအနေနဲ့ ထောင်ထားတဲ့မိုင်းတွေကို ပြန်လည် ထူးဖော်ဖို့လက်အောက်ခံ တပ်ဖွဲ့တွေကို ညွှန်ကြားထားပေမယ့် KIA အဖွဲ့တွေ အနေနဲ့ လက်ကျန်မိုင်း တွေကို ပြန်လည် တူးဖော် တာတွေမရှိသလို အစိုးရစစ်တပ်ကို သူတို့ရဲ့နယ်မြေထဲကို ၀င်လာမှာစိုးရိမ်တဲ့အတွက် သူတို့ ဆက်ကြေးကောက်ခံတဲ့ ရွှေမှော်လုပ်ကွက်တွေနဲ့ သူတို့ နေထိုင် တဲ့နေရာဝန်းကျင်တွေမှာ မိုင်းတွေ အဆက်မပြတ်လိုက်ထောင်နေတယ်လို့” တုံမဏီ ရွှေမှော်မှဒေသခံတစ်ဦးမှ ပြောပြလာပါတယ်။
Kachin Land

No comments:

Post a Comment