Wednesday, June 26, 2013

ပြင်ပငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၉၉၀ နီးပါးအထိ ပြန်လည်မြင့်တက်လာ

ဇွန် ၂၅ ရက် ပြင်ပနိုင်ငံခြား ငွေလဲနှုန်းတွင် အမေရိကန် တစ်ဒေါ်လာလျှင် ၉၈၈ ကျပ် ၀န်းကျင် အထိ ပြန်လည်မြင့်တက်လာကြောင်း ငွေကြေးဈေးကွက် အသိုင်းအ၀ိုင်းထံမှ သိရသည်။
ဇွန် ၂၅ ရက် နံနက်ပိုင်း ပြင်ပငွေလဲနှုန်းတွင် အမေရိကန် တစ်ဒေါ်လာရောင်းဈေး ၉၈၇ ကျပ်၊ ၀ယ်ဈေး ၉၈၂ ကျပ်တွင် တည်ရှိနေပြီး ညနေ ၄ နာရီ အပိတ်ဈေးတွင် ရောင်းဈေး ၉၈၈ ကျပ်၊ ၀ယ်ဈေး ၉၈၃ ကျပ်တွင် ရှိနေသည်။ ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျှင် ၉၅၇ ကျပ် သတ်မှတ်ထားပြီး သိမ်ဖြူငွေလဲ ကောင်တာတွင် အမေရိကန် တစ်ဒေါ်လာလျှင် ၀ယ်ဈေး ၉၅၄ ကျပ်၊ ရောင်းဈေး ၉၆၄ ကျပ်ခန့် ရှိနေသည်။
ဇွန် ၂၄ ရက်တွင် ဗဟိုဘဏ်၏ ရည်ညွှန်း နိုင်ငံခြား ငွေလဲနှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျှင် ၉၅၅ ကျပ် သတ်မှတ်ထားပြီး သိမ်ဖြူငွေလဲကောင်တာတွင် အမေရိကန် တစ်ဒေါ်လာလျှင် ၀ယ်ဈေး ၉၅၂ ကျပ်၊ ရောင်းဈေး ၉၆၂ ကျပ် ရှိနေပြီး ပြင်ပဈေးကွက်၏ နံနက် ၁၁ နာရီ အဖွင့်ဈေးမှာ တစ်ဒေါ်လာလျှင် ၀ယ်ဈေး ၉၇၅ ကျပ်၊ ရောင်းဈေး ၉၇၈ ကျပ်တွင် ရှိနေခဲ့သော်လည်း ညနေပိုင်းတွင် ၀ယ်ဈေး ၉၈၀ ကျပ်၊ ရောင်းဈေး ၉၈၃ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။
ဇွန်လဆန်းပိုင်းမှ ဇွန် ၂၅ ရက်အထိ သိမ်ဖြူငွေလဲ ကောင်တာတွင် အမေရိကန် တစ်ဒေါ်လာတန်ဖိုးမှာ ၈၄၈ ကျပ်မှ ၈၆၂ ကျပ် ၀န်းကျင်အထိ တက်လာခဲ့သည်။ အဆိုပါ ရက်အတွင်း ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းမှာ ၈၄၅ ကျပ်မှ ၈၅၇ ကျပ်အထိ တက်လာခဲ့သည်။ ပြင်ပငွေလဲနှုန်းမှာ လဆန်းပိုင်း တွင် တရားဝင် ကောင်တာများ၏ ဈေးနှုန်းအောက် ၉၃၉ ကျပ်မှ ဇွန် ၁၇ ရက်နောက် ပိုင်းတွင် ဈေးတက်လာခဲ့ခြင်း ဖြစ်သည်။
ဇွန် ၂၅ ရက် ပြင်ပငွေလဲနှုန်းသည် တက်ရိပ်ပြနေပြီး တရားဝင် ငွေလဲကောင်တာဈေးနှင့် ၂၄ ကျပ်အထိ ကွာဟနေကာ ဇွန်တတိယပတ် ၂၁ ရက်တွင် ဖြစ်ပေါ်ခဲ့သော ကျပ် ၉၉၀ နီးပါးသို့ ပြန်လည်ရောက် ရှိလာခြင်း ဖြစ်သည်။
ဇွန် ၂၅ ရက် ပြင်ပငွေလဲ ဈေးကွက်တွင် အမေရိကန်ဒေါ်လာ ဈေးနှုန်းတည်ငြိမ်မှု မရှိသကဲ့သို့ တရားဝင် နိုင်ငံခြား ငွေလဲလုပ်ငန်း လုပ်ကိုင်ခွင့်ရ ငွေလဲကောင်တာ အချို့နှင့် ပြည်တွင်း ပုဂ္ဂလိက ဘဏ်အချို့တို့တွင်လည်း ၀ယ်ဈေးသာ တည်ငြိမ်မှု ရှိခဲ့သည်။
နိုင်ငံခြား ငွေလဲနှုန်းတွင် အမေရိကန် ဒေါ်လာဈေးနှုန်းသည် မေဒုတိယပတ်တွင် သိသာစွာ စတင်မြင့် တက်ခဲ့ခြင်း ဖြစ်သည်။ မေ ၁၃ ရက်မှ ၂၃ ရက်အထိ ၁၀ ရက်အတွင်း ဗဟိုဘဏ်၏ အမေရိကန်ဒေါ် လာ ငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၄၂ ကျပ်အထိ ထိုးတက်လာခဲ့သည်။

From...EMG

No comments:

Post a Comment