Saturday, June 15, 2013

သမ္မတဦးသိန်းစိန် ဗြိတိန်နှင့် ပြင်သစ်သို့ ရှေ့လတွင် သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်နှင့် ပြင်သစ်သို့ လာမည့်လတွင် သွားရောက်မည်ဖြစ်ကြောင်း
အစိုးရအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
''ကျွန်တော်တို့သမ္မတ ဦးသိန်းစိန်အနေနဲ့ ဇူလိုင်လလယ်လောက်မှာ နိုင်ငံသုံးနိုင်ငံ (သို့မဟုတ်) လေးနိုင်ငံလောက် သွားရောက်လည်ပတ်ပါမယ်။ ဗြိတိန်နဲ့ ပြင်သစ်ကို သွားလည် ဖို့တော့ သေချာပါတယ်'' ဟု မြန်မာအစိုးရ အရာရှိတစ်ဦးက အေအက်ဖ်ပီ သတင်းဌာနသို့ ဇွန် ၁၄ ရက်က ပြောကြားသည်။ သမ္မတဦးသိန်းစိန်သည် ပြီးခဲ့သည့် မတ်လက ဥရောပနိုင်ငံ အတော်များများသို့ သွားရောက်လည်ပတ်ခဲ့ရာတွင် ဗြိတိန်နှင့် ပြင်သစ်တို့ မပါဝင်ခဲ့ပေ။

သမ္မတဦးသိန်းစိန်သည် ၎င်း၏သမ္မတ သက်တမ်းအတွင်း နိုင်ငံခြားခရီးစဉ် ၁၇ ခု သွားရောက်ခဲ့ပြီးဖြစ်ပြီး ယခုဥရောပခရီးစဉ်မှာ ဒုတိယအကြိမ်မြောက်ဖြစ်သည်။ သမ္မတ၏ ပထမဆုံး ဥရောပခရီးစဉ်အတွင်း နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ဥရောပသမဂ္ဂ ငါးနိုင်ငံခရီးစဉ်သည် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြင့် ခိုင်မာရေး...


သမ္မတဦးသိန်းစိန်သည် ၎င်း၏သမ္မတ သက်တမ်းအတွင်း နိုင်ငံခြားခရီးစဉ် ၁၇ ခု သွားရောက်ခဲ့ပြီးဖြစ်ပြီး ယခုဥရောပခရီးစဉ်မှာ ဒုတိယအကြိမ်မြောက်ဖြစ်သည်။
သမ္မတ၏ ပထမဆုံး ဥရောပခရီးစဉ်အတွင်း နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ဥရောပသမဂ္ဂ ငါးနိုင်ငံခရီးစဉ်သည် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြင့် ခိုင်မာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လာစေရေးတို့ အတွက် သွားရောက်ခြင်းဖြစ်သည်။

From....Eleven

No comments:

Post a Comment