Thursday, June 20, 2013

နယ်စပ်မှ ဝင်ရောက်လာသည့် ကြက်အသည်း အမြစ်များကြောင့် ပြည်တွင်း ကြက်မွေးမြူသူများ ထိခိုက်နိုင်


ထိုင်းနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသော  မွေးမြူရေးကြက်များမှ အသည်းအမြစ် ကလီစာ များကို ဈေးကွက်အတွင်း၌  ဈေးလျှော့ ရောင်းချနေမှုများ ရှိ၍ အဆိုပါ ရောင်းချမှုသည် ပြည်တွင်း၌
ကြက် မွေးမြူ နေသည့်မွေးမြူရေးခြံ ပိုင်ရှင်များကို ထိခိုက် နစ်နာနိုင်ကြောင်း အသားတိုး ကြက်ထုတ် လုပ်သူများ အသင်း ဥက္ကဋ္ဌ ဒေါ်လှလှသိန်းက ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍''အရင်ရက်က ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးအနီးမှာ ကြက်အသည်းအမြစ်တွေကို လက်ရှိ ပေါက်ဈေး ထက် ဈေးလျှော့ရောင်းတယ်ဆိုတဲ့ သတင်းကို သတင်းစာမှာ ဖတ်လိုက်ရတော့ သိသိချင်းပဲ သက်ဆိုင်ရာ အစိုးရ အဖွဲ့ကို အကြောင်းကြားခဲ့ တယ်။ ဒီကိစ္စက အရင်တုန်းကလည်း ခဏခဏ ဖြစ်တယ်။ ဒါက ပြည်တွင်း မွေးမြူရေး သမားတွေကို နစ်နာ စေနိုင်တယ်။ အခုတောင်မှ  တစ်ခါတလေ ကြက်ဈေးက ကျနေတာ ဆိုတော့ ကြက်ခြံပိုင်ရှင် တွေကို ထိခိုက် စေနိုင်ပါတယ်'' ဟုပြော ကြားခဲ့သည်။
ယခုတစ်ပတ် ဇွန်လ ၁၇ ရက်မှစ၍ ကြက်သား တစ်ပိဿာ၏ ဈေးနှုန်းမှာ ငွေကျပ် ၃၆ဝဝ မှ ၃၈ဝဝ အထိ ဖြစ်ပြီး ကြက်သားပေါက် အကောင်ငယ်လေးများ ရောင်းချသည့် ဈေးနှုန်းမှာလည်း ယခင်ငွေကျပ် ၆၅ဝ မှ ၇၅ဝ ထိ  ဈေးနှုန်း တက်လာကြောင်း ဒေါ်လှလှသိန်းက ဆက်လက် ပြောကြားခဲ့သည်။ မိုးတွင်း ကာလများ ၌ ကြက်မွေးမြူသူများ အနေဖြင့်လည်း ငါးများ ပေါလာသဖြင့် ကြက်သားဈေး ကျခြင်းများရှိပြီး ယခုကဲ့သို့ ကြက်သားပေါက် ဝယ်ရာ၌ ဈေးတက်ခြင်းများ ဖြစ်နေပြီး ပြန်ရောင်း ချိန်၌ ဈေးကျနေ သဖြင့် ရောင်းဈေးရှုံး သည့် အခက်အခဲ များကို ကြုံတွေ့ရကြောင်း  ကြက်မွေးမြူသူ တစ်ဦးက ပြောကြား ခဲ့သည်။

From...မြ၀တီ

No comments:

Post a Comment